Main menu

မကွေးမြို့၊ မြို့မစျေး၌ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ လုံခြုံစိတ်ချမှုရှိစေရန် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။

      (၈.၅.၂၀၂၃) ရက်နေ့ နံနက်(၀၈:၃၀)နာရီတွင် မကွေးမြို့၊ မြို့မစျေး၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်းပြီး စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ)နှင့်အဖွဲ့သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့် တားမြစ်ထားသော စားသောက်ကုန်များ စျေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိနှင့် ဌာန၏ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည်စုံမှု ရှိ/မရှိ တို့အား  စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာမှ ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ရောင်းချရန်နှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာ ဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်(သို့မဟုတ်) အသားတင်ပမဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက် တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲ များကိုလည်း ထည့်သွင်းဖော်ပြရပါမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားခြင်း မရှိသော ကုန်စည်များရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ စီပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှလည်း မကွေးမြို့၊ မြို့မစျေး၌ ရောင်းချနေသော (ငါးပိ၊ ငါးခြောက်၊ မုန့်ဖက် ခြောက်၊ ပဲသွေး၊ ပဲပြား၊ ချင်း၊ ထန်းလျက်၊ မုန့်ဟင်းခါးဖက်၊ လက်ဖက်၊ အရောင်တင်မှုန့်၊ ကွမ်းသီး၊ ပဲပင်ပေါက်၊ မျှစ်ချဉ်၊ ကတက်ချဉ်)တို့တွင် စားသုံးသူပြည်သူများ ဘေးကင်းစေရေးအတွက် ခွင့်မပြုဓါတုဆိုးဆေးများ၊ ခွင့်မပြုတာရှည်ခံဆေးများ အသုံးပြုထားမှုရှိ/မရှိ သိရှိနိုင်ရန် ရုံးချုပ်ဓါတ်ခွဲခန်းသို့ ပေးပို့ဓါတ်ခွဲစမ်းသပ်ရန်အတွက် ကုန်ပစ္စည်းနမူနာဝယ်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)