မကွေးမြို့၊ မြို့မဈေး၌ ပုံမှန်ရောင်းချနေသော ကြက်သား၊ ဝက်သား၊ အမဲသားများအပြင် ရန်ကုန်မြို့မှ ငါးမျိုးစုံ၊ ရေချိုပုဇွန်၊ ငါးမြစ်ချင်းကြီး၊ ကြက်ဥနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် အမ်းမြို့တို့မှ ငါးပိ၊ ငါးခြောက်များဝင်ရောက်လျက်ရှိပြီး ဒေသအလိုက် ပစ္စည်းအမျိုးအစားအလိုက် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
၂၀၂၃ခုနှစ်၊ မေလ (ဒုတိယအပတ်)အတွင်း မကွေးမြို့၊ မြို့မစျေးရှိ ရောင်းဝယ်ဖောက်ကားနေသော စားဖို ဆောင်သုံး ကုန်ဈေးနှုန်းအခြေအနေများမှာ ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၂၃၀၀-၂၄၀၀)၊ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၁၄၀၀)၊ ကြက်သွန်ဖြူ (ဗမာ) (၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ ကြက်သွန်ဖြူ (ရှမ်း) (၁)ပိဿာလျှင် ကျပ်(၇၅၀၀)၊ နနွင်းတက် (၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ ချင်းတက် (၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ မကျည်းသီးမှည့် (၁)ပိဿာလျှင် ကျပ်(၃၅၀၀-၄၀၀၀)၊ ဆား (၁)ပိဿာလျှင် ကျပ်(၁၂၀၀)၊ ငါးပိ (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ မြေပဲဆံ (၁)ပြည်လျှင် ကျပ်(၇၆၀၀)၊ ကုလားပဲခြမ်း (၁)ပြည်လျှင် ကျပ်(၆၂၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ သကြား (၁)ပိဿာလျှင် ကျပ်(၃၂၀၀)၊ ငရုတ်သီး ခြောက် (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ကြက်ဥ (၁)လုံးလျှင် ကျပ်(၂၄၀-၂၆၀)၊ ဘဲဥ (၁)လုံးလျှင် ကျပ်(၃၅၀)၊ ကြက်သား (CP) (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀-၁၄၀၀၀)၊ ကြက်သား (ဗမာ) (၁)ပိဿာ လျှင် ကျပ်(၁၈၀၀၀-၂၀၀၀၀)၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၈၀၀၀-၂၀၀၀၀)၊ အမဲသား (၁)ပိဿာ လျှင် ကျပ်(၁၄၀၀၀-၁၆၀၀၀)၊ ငါးကြင်း (၁)ပိဿာလျှင် ကျပ်(၈၀၀၀-၁၀၀၀၀)၊ ငါးခူ (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ငါးဖယ် (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ပဲဆီ (၁)ပိဿာလျှင် ကျပ်(၁၂၅၀၀)၊ နှမ်းဆီ (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)နှင့် စားအုန်းဆီ (၁)ပိဿာလျှင် ကျပ်(၆၇၅၀)တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)