Main menu

ကုန်အညွှန်းအမှတ်အသားပြည့်စုံစေရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ( Community Center)ခန်းမ၌ (၁၀.၅.၂၀၂၃) ရက်နေ့ ၊ နေ့လယ် ( ၁၃ : ၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ ပြုလုပ်ခဲ့ပါသည်။

      စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဇင်မာဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူနှင့်စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ်များအကြောင်း ဦးစွာရှင်းလင်းပြီး စားသုံးသူ အခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်အမှတ် ၉ ဖြင့်အတည်ပြုထုတ်ပြန်ခဲ့ကြောင်း၊ ဥပဒေရေးဆွဲရခြင်းရည်ရွယ်ချက်နှင့် ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါ ကုန်အညွှန်း အမှတ်အသားပြည့်စုံစေရန် ဖော်ပြရမည့်အချက်များ၊ကုန်အညွှန်းဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနမှ(၂၀.၁၂.၂၀၂၁) ရက်နေ့တွင်ထုတ်ပြန်ထားသည့် (၁/၂၀၂၁)ညွှန်ကြားချက် ပါအချက်များ၊ကုန်အညွှန်းအမှတ်အသားလျှောက်ထားလိုပါက တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စားသုံးသူရေးရာဦးစီးဌာတွင် လျှောက်ထားနိုင်ကြောင်းနှင့် ကုန်စည်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စစ်ဆေးရေးအရာရှိများခန့်အပ်ပြီး သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်သည့် လုပ်ငန်းစဉ်များအားအသိပညာ ပေးဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)