Main menu

ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် (၅/၂၀၂၃)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင် ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၁၁.၅.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ (၅/၂၀၂၃)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း (၉) ဦး တက်ရောက်ခဲ့ပါသည်။

     အဆိုပါ Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် ဒု-ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းခိုင်က တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းအကြောင်းကို ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဉပဒေ အခန်း(၁၉)တွင် တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းကို အခန်း(၁)ခန်းအနေဖြင့် ပြဌာန်းထားသည့်အပြင်  စားသုံးသူအခွင့်အရေးတွင်လည်း စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်းတင်ပြခွင့်၊ တိုင်ကြားခွင့်နှင့် ကုစားမှုရရှိခွင့်ရှိကြောင်း၊ ဆက်သွယ်တိုင်ကြားနိုင် သည့်နည်းလမ်းများအကြောင်း၊ အခန်း(၁၉) တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ခြင်းတွင် ပုဒ်မ(၄၄)မှ နစ်နာသည့် စားသုံးသူ၊ နစ်နာသည့် စားသုံးသူ၏ မိသားစုဝင်များ၊ နစ်နာသည့် စားသုံးသူနှင့် ဆက်နွယ်သော ပုဂ္ဂိုလ်များ၊ အစိုးရဌာနအဖွဲ့အစည်းများ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များ အောက်ပါပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုသည် စားသုံးသူ၏ နစ်နာဆုံးရှုံးမှု တစ်ရပ်ရပ်ကို တိုင်ကြားလိုပါက လူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်းတစ်ခုခုဖြင့်သော်လည်းကောင်း  သက်ဆိုင်ရာဦးစီးမှူးရုံးသို့ သက်သေခံအထောက်အထားနှင့်အတူ တိုင်ကြားနိုင်ကြောင်း၊  အခန်း(၂၀)မှ  စီမံခန့်ခွဲရေးနည်းလမ်းအရ အရေး ယူခြင်း၊ အခန်း(၂၁)မှ အယူခံဝင်ခြင်းအကြောင်းများကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)