စားသုံးသူရေးရာဦးစီးဌာန၊ ကသာ(ကောလင်း)ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး (ဦးစီးမှူး)နှင့် ဌာနမှဝန်ထမ်းများသည် ဆိုရှယ်မီဒီယာ (Facebook) အသုံးပြု၍ မျက်စိအားဆေး (ဖြည့်စွက်စာ)အဖြစ် LUTEIN ESTER BLUEBERRY SALT ALGA ဆေး၊ LB အမှတ်တံဆိပ်ပါ Lutein Billberry Plusဆေးနှင့် အရောင်ခွဲခြားနိုင်မှုမရှိသူများ (Colour Blind)အတွက် ကုန်အညွှန်းအမှတ် အသားမပါရှိသည့် မျက်ကပ်မှန်များနှင့် အရည်အသွေးနိမ့်မျက်မှန်များအပါအဝင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပေးသည့် ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသားများမပါရှိသော အခြားသော မျက်စိဆေးများကို Facebook page များဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဝယ်ယူသုံးစွဲ သူများလည်းရှိနေသည့်အတွက် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ၂၀၂၃-ခုနှစ် မေလ(၁၀)ရက်နေ့တွင် ကသာမြို့ရှိဆေးဆိုင်များတွင် အဆိုပါဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချ မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ကသာမြို့ပေါ်ရှိ ဆေးဆိုင်များတွင် အဆိုပါအမှတ်တံဆိပ် ဆေးဝါးများနှင့် မျက်ကပ်မှန်များ ရောင်းချမှုမရှိသည်ကို တွေ့ရှိရပြီး ဆေးဆိုင်များအား အဆိုပါ LUTEIN ESTER BLUEBERRY SALT ALGA ဆေး၊ LB အမှတ်တံဆိပ်ပါ Lutein Billberry Plusဆေးများသည် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပေးသည့် ထောက်ခံချက်များ မပါရှိခြင်း၊ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းဆိုင်ရာ သတ်မှတ်ချက်များ မပါရှိခြင်းတို့ကြောင့် စားသုံးသူများ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ရောင်းချခြင်းမပြုရန် မှာကြားခဲ့ပြီး ဆေးဗူး/ဆေးကဒ်ပုံစံများနှင့် ရောင်းချနေသည့် ဆိုရှယ်မီဒီယာ (Facebook page)များအား ချပြရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
DOCA(စစ်ကိုင်း)