Main menu

ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်အနေဖြင့် ခရိုင်ဦးစီးမှူး ဦးဇော်မင်းသိန်း ဦးဆောင်၍ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦး၊   မိတ်ဖက်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးတို့နှင့်ပူးပေါင်းကာ (၁၁.၅.၂၀၂၃)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးရောင်းချနေသောဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

      ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်း၌ ဆိုရှယ်မီဒီယာ (Facebook)အသုံးပြု၍ မျက်စိ အားဆေး(ဖြည့်စွက်စာ)အဖြစ် LUTEIN ESTER BLUEBERRY SALT ALGA ဆေး၊ LB အမှတ်တံဆိပ်ပါ Lutein Billberry Plusဆေးအမည်ဖြင့် ရောင်းချမှုမရှိကြောင်း တွေ့ရှိရပါသည်။  ထို့နောက် ဆေးပစ္စည်းအရောင်းဆိုင်များအား တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ ရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)