Main menu

လွိုင်ကော်မြို့ပေါ်ရှိကုန်စုံဆိုင်များသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းတင်ပြခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်မိတ်ဖက်ဌာန များဖြစ်သော မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ မေလ၁၁ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ သီရိမဂႅလာဈေးအတွင်းရှိ စားသောက်ကုန်၊ လူသုံးကုန်၊ ပစ္စည်းအမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်များသို့ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ၊ တရားမဝင်တင်သွင်းလာသည့် ကုန်စည်များကိုလက်လီ/လက်ကား ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဈေးဆောင်ရွက်ရာတွင် သီရိမင်္ဂလာဈေးအတွင်းရှိ ကုန်စည်အများစုတွင် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များသာ တင်သွင်းရောင်းချဖြန့်ဖြူးနေသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးရောင်းချနေသည့် အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်များနှင့် တရားမဝင် တင်သွင်းလာသည့် ကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူးခြင်းမပြုကြရန်ဖြစ်ကြောင်း၊ ဈေးကွက်အတွင်းရောင်းချ ဖြန့်ဖြူးခြင်းများ စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေပုဒ်မ(၇၃)အရ နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းနှစ်ရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်မှုပြစ်ဒဏ် များ ခံရမည်ဖြစ်ကြောင်း အသိပညာပေးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)