Main menu

အသစ်တည်ဆောက်လျက်ရှိသော ဆန်၊ စပါး အခြောက်ခံစက် စက်ရုံသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရော်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးနှင် ဝန်ထမ်းများသည် ၁၅.၅.၂၀၂၃ ရက်နေ့၊ ၁၃း၀၀ နာရီ အချိန်တွင် ဗန်းမော်မြို့၊ (၃)မိုင် ကွက်သစ်၊ မြို့ရှောင်လမ်းရှိ အသစ်တည်ဆောက်လျက်ရှိသော စိန်သရဖူ ဆန်၊ စပါးအခြောက်ခံစက် စက်ရုံသို့ သွားရောက်၍ စက်ရုံတည်‌ဆောက်တပ်ဆင်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်၊ စပါးအခြောက်ခံစက် တည်ဆောက်တပ်ဆင်နေမှု အခြေအနေ၊ ဆန်၊ စပါးဈေးနှုန်းဈေးကွက်နှင့် တင်ပို့အခြေအနေ၊ အခြောက်ခံစက်၏ ဝင်ဆံ့နိုင်မှု ပမာဏ၊ စက်ရုံမှ ထွက်ရှိလာသော ဆန်၊ စပါးများကို စနစ်တကျအလေးချိန်မှန်ကန်မှု ရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိစေရေး၊ MSME ဖွံ့ဖြိုးတိုးတက်စေ‌ရေး အလေးထား‌ ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)