Main menu

စစ်ကိုင်းမြို့ပေါ်တွင် ဆိုရှယ်မီဒီယာ (Facebook) အသုံးပြု၍ တရားမဝင်မှတ်ပုံတင်ထားခြင်းမရှိသော မျက်စိဆေးများ ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီမှူးနှင့် ဝန်ထမ်း(၃)ဦး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ မေ ၁၅ ရက်နေ့ နံနက်(၁၀း၃၀)အချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ “မင်းမင်း”ဆေးဆိုင်၊ “စွယ်စုံ”ဆေးဆိုင်၊ “အောင်ဇမ္ဗူ” ဆေးဆိုင် (၃)ဆိုင်သို့ ကွင်းဆင်း၍  ဆိုရှယ်မီဒီယာ (Facebook) အသုံးပြု၍ “Aung Lay” အမည်ဖြင့်  Account မှ မျက်စိအားဆေး(ဖြည့်စွက်စာ)အဖြစ် LUTEIN ESTER BLUEBERRY SALTALGA ဆေး၊ LB အမှတ်တံဆိပ်ပါ Lutein Billberry Plus ဆေးနှင့် အရောင်ခွဲနိုင်မှုမရှိသူများ (Colour Blind) အတွက် ကုန်အညွှန်းအမှတ်အသားမပါရှိသည့် မျက်ကပ်မှန်များနှင့် အရည်အသွေးနိမ့် မျက်မှန်များ အပါအဝင် အခြားသောမျက်စိဆေးများရောင်းချနေခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ 

စစ်ဆေးခဲ့သောဆိုင်ပိုင်ရှင်များအား ဆိုရှယ်မီဒီယာ (Facebook) များဖွင့်လှစ်ပြီး  Online ပေါ်တွင် ရောင်းချနေသည့် ထောက်ခံချက်မပါရှိသော ဆေးဝါးများနှင့်  FDAမှ တားမြစ်ထားသည့် ဆေးဝါးများအား ဝယ်ယူရောင်းချခြင်းမပြုရန်၊ မှတ်ပုံတင်ထားရှိပြီး တရားဝင်တင်သွင်းသည့် ဆေးဝါး များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေအခန်း(၁၈) ပုဒ်မ၄၁၊ ပုဒ်မခွဲ (ခ) နှင့် (ဆ) အရ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိသည့် ဆေးဝါးများကိုသာ ရွေးချယ်ဝယ်ယူရောင်းချရန်တို့ကို    ခရိုင်ဦးစီးမှူးက အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)