Main menu

ကြို့ပင်ကောက်မြို့မဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့မဈေးအတွင်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၂)ဦးတို့မှ ၁၀.၅.၂၀၂၃ ရက်နေ့တွင် တိုင်းရင်းမြန်မာဆေးများ ရောင်းချလျက်ရှိသော ဆေးဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းခဲ့ပါသည်။

   ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော တိုင်းရင်းဆေးများတွင် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါရှိစေရေးနှင့် Online ပေါ်တွင် ရောင်းချသောဆေးများကို ဝယ်ယူရောင်းချ လျှင်လည်း တိုင်းရင်းဆေးပညာဦးစီးဌာန၏ ဆေးဝါးမှတ်ပုံတင်ပါရှိမှသာ ဆေးများ ရောင်းချစေရေးတို့အတွက် ဆိုင်ရှင်များနှင့်တွေ့ဆုံပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည် ။

DOCA(ပဲခူး)