Main menu

ပြည်မြို့၊ စက်မှုဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ စက်မှုဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား လေးစားလိုက်နာ၍ မိမိတို့ ထုတ်ကုန်များ၏ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်မှုရှိစေရေး၊ ပြည်မြို့၊ စက်မှုဇုန်အတွင်းမှ ထုတ်ကုန်များအား မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ Website တွင် ကြော်ငြာများထည့်သွင်း၍ ဈေးကွက်ပိုမိုရရှိစေနိုင်ရေး ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး နှင့်  ဝန်ထမ်းများသည် (၉.၅.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ပြည်မြို့၊ နဝဒေးစက်မှုဇုန် ရှင်းလင်းဆောင်ခန်းမ၌ စက်မှုဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောဆွေးနွေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။

   အဆိုပါ အသိပညာပေး ဆွေးနွေးဟောပြောပွဲသို့ စက်မှုဇုန်အတွင်းမှ လုပ်ငန်းရှင်(၂၈)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားရေးသားဖေါ်ပြခြင်းဆိုင်ရာကိစ္စရပ်များ၊ ထုတ်ကုန်များအား ဈေးကွက်ပိုမိုရရှိနိုင်စေရေးအတွက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ Website တွင် မိမိထုတ်ကုန်များအား ကြော်ငြာထည့်သွင်းနိုင်ခြင်းဆိုင်ရာ အကြောင်းအရာများနှင့် မူပိုင်ခွင့်ဦးစီးဌာန၏ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပြီး တက်ရောက် လာသော စီးပွားရေးလုပ်ငန်းရှင်များမှလည်း စိတ်ပါဝင်စားစွာဖြင့် သိရှိလိုသည်များအား မေးမြန်းခြင်းနှင့် ပြည်ခရိုင်ဦးစီးမှူးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)