Main menu

မြင်းပျံအမှတ်တံဆိပ် ဓာတ်မြေဩဇာအတု ရောင်းချမှု ရှိ/ မရှိနှင့် မြန်မာဘာသာ ကုန်အညွှန်းအသား ပြည့်စုံစွာ ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးစီးဌာနတို့မှ ဝန်ထမ်းများ နှင့်ပူးပေါင်း၍ (၁၅.၅.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် တောင်ကြီးမြို့ပေါ်ရှိ ကန်သာယာရပ်ကွက်၊ မြစန္ဒာဓာတ်မြေဩဆိုင်(၂)နှင့် ဦးဝါရဓာတ်မြေဩဆိုင်တို့အား မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းမရှိသော မြင်းပျံအမှတ်တံဆိပ် ဓာတ်မြေဩဇာအတုများကို ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာဘာသာဖြင့် ရေးသာဖော်ပြခြင်း မရှိသော ဓာတ်မြေဩဇာများကို ရောင်းချခြင်းမရှိကြောင်းနှင့် မြန်မာဘာသာဖြင့် ဖော်ထားသည့် ဓာတ်မြေဩဇာများကိုသာ ရောင်းချကြောင်း စစ်ဆေး တွေ့ရှိရပါသည်။

ထိုနောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် တရားမဝင်တင်သွင်းလာသော ဓာတ်မြေဩဇာများကို  ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါအရ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်ဖြစ်ကြောင်းနှင့် ရောင်းချမှုစစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ဆိုင်ရှင်အား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA (ရှမ်း)