စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများအား စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရေးနှင့် စားသုံးသူအကျိုးစီးပွားကာကွယ်ရေးတို့အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန် ဖြင့် ဆောင်ရွက်ရာတွင် စားသုံးသူများ၏ အသိပညာနှင့်စွမ်းဆောင်နိုင်မှု အဆင့်အတန်းကို လေ့လာအကဲဖြတ်တိုင်းတာနိုင်ရန် စားသုံးသူကာကွယ်ရေးဆိုင်ရာမူဝါဒများနှင့် မဟာဗျူဟာများကို ချမှတ်ရာတွင် အသိပညာပေးလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်နိုင်စေရေးအတွက် စားသုံးသူများ၏ စွမ်းဆောင်နိုင်မှုအဆင့်အတန်းကို လေ့လာအကဲဖြတ်တိုင်းတာနိုင်ရန် ၊စားသုံးသူကာကွယ်ရေးဆိုင်ရာ မူဝါဒများနှင့် မဟာဗျူဟာများကိုချမှတ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းလေ့လာမှုစစ်တမ်း ကောက်ယူခြင်းကို ၂၀၂၃ ခုနှစ်၊ မေလ (ဒုတိယပတ်)မှစ၍ မြို့နယ်အလိုက် ဆောင်ရွက်ခဲ့ပါသည်။
မိတ္ထီလာခရိုင်အနေဖြင့် မြို့ပြနေစားသုံးသူပြည်သူ (၉)ဦး၊ ကျေးလက်နေစားသုံးသူ ပြည်သူ(၁၁)ဦးနှင့် ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင် (၁၇)ဦး၊ စုစုပေါင်း(၃၇)ဦးတို့အား လူကိုယ်တိုင်သွားရောက် တွေ့ဆုံ၍ ကောက်ယူပြီး Online မှ စားသုံးသူပြည်သူ(၁၂)ဦးကိုလည်း စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းလေ့လာမှုစစ်တမ်း ကောက်ယူခြင်းဆောင်ရွက်ခဲ့ပါသည်။
DOCA(မန္တလေး)