Main menu

လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးအရောင်းဆိုင်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ မေလ ၁၅ ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ ဆေးနှင့်ဆေးအမျိုးမျိုး ရောင်းချနေသည့်ဆေးဆိုင်များသို့ စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် Lutein Ester Blueberry Salt Alga ဆေး၊ LB အမှတ်တံဆိပ်ပါ Lutein Bilberry Plus ဆေးနှင့် အရောင်ခွဲခြားနိုင်မှု မရှိသူများ (Colour Blind) အတွက် မျက်ကပ်မှန်များနှင့် အရည်အသွေးနိမ့်မျက်မှန်များ တရားမဝင် တင်သွင်းရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သီရိမင်္ဂလာဈေးအတွင်းရှိဆေးဆိုင်များတွင် အဆိုပါဆေးတို့မှာ ဈေးနှုန်းအလွန်မြင့်မားခြင်း၊ ကုန်အညွှန်းအမှတ်အသားများမပါရှိခြင်းတို့ကြောင့် ဆေးဆိုင်ပိုင်ရှင်များအနေဖြင့် တင်သွင်းရောင်းချခြင်း မရှိကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသော LUTEIN ESTER BLUEBERRY SALT ALGA ဆေး၊ LB အမှတ်တံဆိပ်ပါ Lutein Bilberry Plus ဆေးနှင့် အရောင်ခွဲခြားနိုင်မှုမရှိသူများ (Colour Blind) အတွက် မျက်ကပ်မှန်များနှင့် အရည်အသွေးနိမ့်မျက်မှန်များ တင်သွင်းရောင်းချဖြန့်ဖြူးခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်များနှင့် တရားမဝင် တင်သွင်းလာသည့်ကုန်စည်များကို ရောင်းချဖြန့်ဖြူးခြင်းမရှိကြောင်း သတင်းရရှိပါသည်။

 DOCA (ကယား)