Main menu

ဘားအံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ လုပ်ငန်းရှင်များသို့ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်ပါ ဝန်ထမ်းများသည် ၁၈-၅-၂၀၂၃ ရက်နေ့ ၊နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ဘားအံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး နှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်းကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

   ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က စားသုံးသူရေးရာဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ် ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် ဌာနက ဆောင်ရွက်လျက်ရှိသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းအခြေအနေများကိုလည်းကောင်း၊ စားသုံးသူစားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း ၁၀ ပါ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းကိုလည်းကောင်း တက်ရောက်လာသော လုပ်ငန်းရှင်များသို့ အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီးဌာန၏ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

   ထို့နောက်တက်ရောက်လာသော စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကာ အခမ်းအနားကို နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်းနှင့် အခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာ ၁၅ ဦး စီးပွားရေးလုပ်ငန်းရှင် ၉၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)