၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့၊ နံနက် ၀၈:၀၀ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားပျံကျစျေးအတွင်းရှိ အသားငါးစျေးတန်းအား သက်ဆိုင်ရာ ဌာနများဖြစ်သည့် မြန်မာနိုင်ငံမှုခင်းရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ပူးပေါင်း၍ စျေးကွက် စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် စျေးကွက်အတွင်းရောင်းချနေသော အသား၊ ငါးနှင့် ပုစွန်များအား စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်စေရန်အတွက် အသား၊ ငါးနှင့် ပုစွန်များတွင် ဖော်မလင်ဆေးရည်များ ထိုးနှံရောင်းချခြင်း ရှိ/မရှိကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ mobile laboratory ယာဉ်ဖြင့် စစ်ဆေးခြင်းများနှင့် အချိန်အတွယ်အလေးချိန် ပြည့်မီမှန်ကန်စွာ ရောင်းချနိုင်စေရေး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (တနင်္သာရီ)