Main menu

ချောင်းဆုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်

Powered by Drupal

     မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ၁၈.၅.၂၀၂၃ ရက်နေ့တွင် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ပါသည်။

       အဆိုပါ Talk Show တွင် ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒု-ဦးစီးမှူး ဒေါ်ဝင်းဝင်းချောက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်း၊ ဥပဒေတွင်ပါဝင်သော စကားရပ်၏အဓိပ္ပာယ်များ၊ ဥပဒေ၏ ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်အကြောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိခဲ့လျှင် လူကိုယ်တိုင်ဖြစ်စေ၊ Online မှဖြစ်စေ၊ Call Center ဖုန်းနံပါတ် ၁၅၃၅ သို့ တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)