Main menu

ဘားအံခရိုင်တရားမဝင်ကုန်သွယ်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ အစည်းအဝေးကျင်းပ

Powered by Drupal

၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့ (ဗုဒ္ဓဟူးနေ့)၊  (၁၃း၀၀)နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ ဘားအံခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ဘားအံခရိုင်၊ တရားမဝင်ကုန်သွယ်ကုန်သွယ်မှုတားဆီးရေးအထူးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ကရင်ပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်ထားရှိပြီး တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများ ပပျောက်စေရေး အလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ ပုံမှန်စစ်ဆေးဆောင်ရွက်မှုများအပြင် ရှောင်တခင် စစ်ဆေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနအပါအဝင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များအနေဖြင့် အားလုံးပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းနှင့်ပတ်သက်၍ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သိရပါသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့(အဖွဲ့ဝင်)များက မိမိတို့နှင့်သက်ဆိုင်သည့် အကြောင်းအရာအလိုက် ပါဝင်ဆွေးနွေးခဲ့ရာ ဥက္ကဋ္ဌက လိုအပ်သည်များကို ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို (၁၄း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 DOCA (ကရင်)