Main menu

မုံရွာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ဆိုရှယ်မီဒီယာအသုံးပြု၍ တရားမဝင်ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

ဆိုရှယ်မီဒီယာ (Facebook) အသုံးပြု၍ မျက်စိအားဆေး (ဖြည့်စွက်စာ) အဖြစ် Online ပေါ်မှ ရောင်းချနေသော LUTEIN ESTER BLUEBERRY SALT ALGA ဆေးနှင့်  Lutein Bilberry Plus ဆေးဝါးများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးရန် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ ညွှန်ကြားချက်အရ (၁၅.၅.၂၀၂၂)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်ဇင်မာနွယ်သည် သက်ဆိုင်ရာမိတ်ဖက်ဌာနများဖြစ်သော တိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ မုံရွာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များသို့ သွားရောက်၍ FDA မှ ထုတ်ပေးသည့် ထောက်ခံချက်များမရှိသော၊ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသော၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းမရှိသော အဆိုပါ ဆေးများအား တင်သွင်း/ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

မုံရွာမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်ကြီး (၇)ဆိုင်တွင် အဆိုပါဆေးများ တင်သွင်းခြင်း၊ ဝယ်ယူရောင်းချခြင်း၊ ဝယ်သူများမှ လာရောက်မေးမြန်းခြင်းများ မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများကလည်း ဆေးဆိုင်ပိုင်ရှင်များအား ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော၊ ထောက်ခံချက်မရှိသော၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းမရှိသော ဆေးဝါးများအား ဈေးကွက်အတွင်း ရောင်းချမှုမပြုကြရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်များ ဖော်ပြထားသော ဆေးနှင့်ဆေးပစ္စည်းများကိုသာ ရောင်းချကြရန်နှင့်  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 DOCA (စစ်ကိုင်း)