Main menu

သောက်ရေသန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

ဈေးကွက်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၊ ဒေါ်သန်းသန်းတင် ဦးဆောင်ပြီး ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၁.၅.၂၀၂၃)ရက်နေ့တွင် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ရှိ " OKသိန်း" သောက်ရေသန့် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက ၎င်းတို့ထုတ်လုပ်ထားသော ကုန်စည်များ၌ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရန် နှင့် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA (စစ်ကိုင်း)