Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းမှတ်ပုံတင်လျောက်ထားသော လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         ၂၀၂၆ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊  ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး စစ်ဆေးရေးအရာရှိ သည် မအူပင်မြို့၊ အရှေ့ဘက်ကမ်း ရှိ အဝတ်အထည်” ဆက်စပ် ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရှိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ  အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများအား မှတ်ပုံတင်လက် မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ရောင်းဝယ်မှု လုပ်ငန်းအခြေအနေအမှန်ကို ကွင်းဆင်း ဆောင် ရွက်ရာအွန်လိုင်းမှတ်ပုံတင်လျှောက်ထားစဉ်ကတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာ အတိုင်းလုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင် ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော် ဆန်စက်ပိုင်ရှင်နှင့် ဆန်ကုန်သည်လုပ်ငန်းရှင်အသင်းနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောခြင်း

  ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပန်းတနော် ဆန်စက်ပိုင်ရှင်နှင့် ဆန်ကုန်သည် လုပ်ငန်းရှင်အသင်း ကိုဖိတ်ကြား၍ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့်အတူ ကုန်ဈေးနှုန်းတည်ငြိမ်ကျ ဆင်းရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းရှင် လိုက်နာရ မည့်တာန်များ အကြောင်းကို ၂၀၂၆ခုနှစ်၊စက်တင်ဘာလ ၂ရက်နေ့ နံနက် (၁၀၀) အချိန်တွင် အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

            မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူက တက်ရောက်လာသော လုပ်ငန်းရှင်များကို အသိပညာပေး ပြောကြားရာတွင် ဆန်စက်နှင့် ဆန်အရောင်းဆိုင်ရှင်များ စည်ပင်သာယာနယ်နမိတ်အတွင်း လုပ်ငန်းရှင် များလုပ်ငန်းလိုင်စင်များ၊ ခွင့်ပြုချက်လုပ်ငန်းလိုင်စင်များ ကိုင်ဆောင်ထားကြရန်၊ ပူးပေါင်းစစ် ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစဆေးသည့်အခါ လုပ်ငန်းလိုင်စင်ပြသနိုင်ခြင်းမရှိပါက လုပ်ငန်းလိုင်စင် ပယ်ဖျက်သည်အထိ အရေးယူဆောင်ရွက်နိုင်ကြောင်း တက်ရောက်လာသူများ သိရှိလိုသည့်ကိစ္စရပ်များကို မေးမြန်းနိုင်ကြောင်း ဆွေးနွေးခဲ့သည်။

            ဆက်လက်၍ ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က ဆက်လက်ဟောပြောဆွေးနွေးရာ ရပ်ကွက်များ၊ ဈေးများနှင့် မြို့ရွာများအတွင်း ဖွင့်လှစ်သည့် လက်လီဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်း ဈေးများနှင့်အညီ ရောင်းချရန် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အလေး ချိန်မှန်၊ အရည်အသွေးမှန်၊ အရောင်း အဝယ်မှန်စွာဖြင့် ရောင်းချရန်၊  လက်ကားပွဲရုံများ၊ ဆန်စက်များနှင့် ကုန်စည်ဒိုင်များထံမှ သတ်မှတ်ရည် ညွှန်းဈေးများနှင့် ကုန်စည်ရရှိမှု မရှိခြင်း၊ အရည်အသွေး လျော့နည်းသော ပစ္စည်းများ သာဝယ်ယူရရှိပါက စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူအခွင့်အရေး ထိခိုက်နာစ်နာ ဆုံးရှုံးမှု အတွက် စားသုံးသူကာ ကွယ်ရေး ဥပဒေအရ စားသုံးသူအကျိုးစီးပွားကို ကာကွယ်ပေး သွားမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင်း လုပ်ငန်းရှင်၊ အစိုးရဌာန၊ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက် ရန်လိုအပ်ပါကြောင်း၊ ဆန်ဆိုင်နှင့် သိုလှောင်ရုံ လုပ်ငန်း ရှင်များ ကလည်း ရောင်းချမှု လုပ်ငန်းလိုင်စင်၊နှင့် သိုလှေင်ရုံမှတ်ပုံတင်မှုလုပ်ငန်းများကို လုပ်ဆောင် ထားရန်နှင့် ကုန်ဈေးနှုန်း တည်ငြိမ် ကျဆင်းရေး အဖွဲ့မှလိုက်လံစစ်ဆေးသည့်အခါ လိုက်နာမှုမရှိ ကြောင်း စစ်ဆေး တွေ့ရှိရ ပါက တည်ဆဲ ဥပဒေ များအရ အရေးယူခံရနိုင်ကြောင်းကို လုပ်ငန်းရှင်များ သိရှိနိုင်စေရန် အသိပညာပေးဟော ပြောခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော် ဆန်စက်များသို့ ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်း

         မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၆ခုနှစ် ၁ ရက်နေ့  နေ့လည် ၂နာရီအချိန်က က ပန်းတနော်မြို့နယ် မြို့ကွက်သစ်-၂ရပ်ကွက်ရှိ ဖိုးလမင်းဆန်စက်၊ မြသိန်းတန်(၁) နှင့် (၂) ဆန်စက်၊ မိဘဂုဏ်ရည်ဆန်စက်သို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနဦးဆောင် စားသုံးသူရေးရာဦးစီးဌာနမှ လိုက်ပါ ကွင်းဆင်း၍ ဆန်စက် ကြိတ်ခွဲ ထုတ်လုပ်မှု နှင့် စပါး ဆန်ရောင်းဝယ်မှု၊ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ် ဆေးခဲ့ကြ သည်။

            ကွင်းဆင်းစစ်ဆေးရာတွင် ဖိုးလမင်းဆန်စက်ပိုင်ရှင် တာဝန်ခံများနှင့် တွေ့ဆုံ၍ ဆန်စက်တွင် စပါးဝယ်ယူမှု၊ စပါးကြိတ်ခွဲ၊ သိုလှောင်မှုနှင် ဆန်/စပါးသိုလှောင်ရုံမှတ်ပုံတင်ထားရှိမှု များကို စစ်ဆေး ဆောင်ရွက်ခဲ့ပြီး စက်ရုံမှ ထွက်လာသော စွန့်ပစ်ပစ္စည်းများ၊ ဖုန်မှုန့်နှင့် အခိုးအငွေ့များ စံချိန်စံညွှန်း ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဆန်စက်များ၏ ကြိတ်ခွဲမှု အခြေအနေနှင့် သိုလှောင်မှု စနစ်များ မှန်ကန်မှု ရှိ/မရှိ ကြည့်ရှုခြင်း၊ မြို့နယ်အတွင်း ဒေသထွက် ဆန်စပါးကြိတ်ခွဲရန် မှတ်ပုံတင်ထားရှိပြီးသော ဆန်စက် အကြီး အနေဖြင့် မြစ်ချောင်းများအတွင်း စပါးခွံများ ၊ Bio GAS စွန့်ပစ်ပစ္စည်းများ စက်ဖွဲပြာများ စွန့်ပစ်မှုမပြုလုပ်ရန် အသိပေး မှာကြားပြီး  ဆန်စက်မှ ဆန်များကို ရောင်းဝယ်မှုအခြေအနေနှင့် ဒေသအတွင်း ရောင်းချ ပေးနေ မှုအခြေအနေများကို ရှင်းလင်းပြောပြ ခဲ့ပါသည်။ ဆန်စက်များမှ စွန့်ပစ်ရေဆိုးမြောင်းနှင့် ရေပိုက်မှ စပါးခွံများ မြစ်အတွင်း စွန့်ပစ်မှုကို ကြည့်ရှုစစ်ဆေးတားမြစ်ခဲ့ပြီး မြစ်ချောင်းများ သဘာဝဂေဟစနစ် မပျက်သုဉ်းရေး အတွက်မှာကြားဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်တက္ကသိုလ်၌ စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပ

        စားသုံးသူများအနေဖြင့် မိမိတို့၏ အခွင့်အရေးနှင့် တာဝန်များကို သိရှိနားလည်စေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို မှန်ကန်စွာရွေးချယ်သုံးစွဲတတ်စေရေး ရည်ရွယ်၍ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ တွင် မအူပင်မြို့နယ် မအူပင်တက္ကသိုလ်၌ စားသုံးသူအသိပညာပေးဟောပြောပွဲကို မိတ်ဖက်အဖွဲ့ အစည်းများ ဖြစ်သော ကျန်းမာရေးဦးစီးဌာန၊ FDA တို့ နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

        အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနက ဦးအောင်ဇော်ဦး ဦးစီးအရာရှိက နေစားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူများ၏ အခြေခံအခွင့်အရေးနှင့် တာဝန်များကို ရှင်းလင်းခြင်း၊ ကုန်ပစ္စည်းများဝယ်ယူသုံးစွဲခြင်း မပြုမီ သတိပြုရမည့်အချက်များ၊ နေ့စဉ်ဝယ်ယူသုံးစွဲသည့် ကုန်ပစ္စည်းများအပေါ်ပေးထားသော ဝန်ဆောင်မှုများ အပြည့်အဝရရှိစေရေးကိုလည်းကောင်း၊ ကုန်ပစ္စည်း (သို့)ဝန်ဆောင်မှုများ ဝယ်ယူရာ တွင် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Websiteမှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြား နိုင်ပါကြောင်း၊ MPT၊  AtomMytel ဆင်းကဒ် များဖြင့်လည်း ၁၅၃၅ နံပါတ်များသို့ ခေါ်ဆို၍ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သိရှိလိုသည်များ မေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားခြင်းများပြုလုပ်နိုင်ကြောင်း အကျယ်တဝင့် ရှင်းလင်း ဆွေးနွေး ခဲ့ပြီး ကြောင်း တက်ရောက်သူ တက္ကသိုယ်ကျောင်းသား၊ ကျောင်းသူများမှလည်း သိရှိလိုသည်များ မေးမြန်းမှု ကို ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

       အဆိုပါ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ (၂၅) ဦး၊ ကျောင်းသား/ကျောင်းသူ (၃၉၀) ဦး စုစုပေါင်း (၄၁၅) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

    ဓနုဖြူမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး

            ဓနုဖြူမြို့နယ်အတွင်း ဆေးဝါးများကို စနစ်တကျရောင်းချနိုင်ရေးနှင့် ပြည်သူများအနေဖြင့် အရည်အသွေး ပြည့်မီပြီး လုံခြုံစိတ်ချရသော ဆေးဝါးများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဓနုဖြူမြို့ အမှတ်(၁၀) ရပ်ကွက်ရှိ ဆေးဆိုင် (၈)ဆိုင်အား ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် ပူးပေါင်းကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

       ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ဆေးဆိုင်များအား စစ်ဆေးဆောင်ရွက်ရာ ဆေးဆိုင်များ၌ ရောင်းချ လျက်ရှိသော ဆေးဝါးများသည် သက်ဆိုင်ရာ မှတ်ပုံတင်ခွင့်ပြုချက်များ ရှိ/မရှိကို စိစစ်ခဲ့ပြီး၊ သက်တမ်း ကုန်ဆုံး သွားသည့် ဆေးဝါးများကို ရောင်းချရန်အတွက် ထားရှိခြင်း သို့မဟုတ် ရောနှောရောင်းချခြင်း ရှိ/မရှိတို့ကိုလည်း စစ်ဆေးခဲ့ပြီး ရောင်းချနေသော ဆေးဆိုင်များမှ သက်ဆိုင်ရာဌာနများ၏ စစ်ဆေးဆောင်ရွက်စဉ် လမ်းညွှန်းချက်များအတိုင်း ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းလိုင်စင်များ သက်တမ်းမှန်ကန်မှုရှိ/မရှိ၊ သက်တမ်းကုန်ဆုံးနေသည့် လိုင်စင်များအားသက်တမ်းတိုးမြှင့်ထားရှိမှုရှိ/မရှိနှင့်သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းဆောင်ရွက်နေမှုရှိ/မရှိတို့ကိုထပ်မံစစ်ဆေးခဲ့ကြောင်းသိရသည်။ပူးပေါင်းအဖွဲ့မှ ဆေးဆိုင်လုပ်ငန်းရှင်များအား ဆေးဝါးများကို စနစ်တကျသိုလှောင်ထားရှိရန်၊ သက်တမ်းလွန်ဆေးဝါးများကိုရောင်းချခြင်းမပြုရန်၊ မှတ်ပုံတင်ခွင့်ပြုထားသော ဆေးဝါးများကိုသာ ရောင်းချရန်နှင့် လုပ်ငန်းလိုင်စင်များကို သတ်မှတ်ချက်များနှင့်အညီ သက်တမ်းတိုးထားရှိရန် အသိပညာပေးလမ်းညွှန်ခဲ့ပြီး သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကျန်မာရေး ဦးစီးဌာန ဥပဒေနှင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးဈေးကွက်စောင့်ကြည်စစ် ဆေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး စားသောက်ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင် ကြံခင်းမြို့နယ်တာဝန်ခံသည် (၂--၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကြံခင်းမြို့၊ မင်းသီရိ(၂)၊ မြို့မရပ်ကွက်ရှိ "KK"ငါးပိကြော် ၊ငံပြာရည်ကျော်လုပ်ငန်းရှင် ဦးရဲမင်းသူနေအိမ်တွင် စားသောက်ကုန်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ဈေးကွက်မရောက်မီ ထုတ် ကုန်လုံခြုံစိတ်ချရမှုရှိစေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ ပါသည်။

        အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားအဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြ ရမည့်အကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာ သည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

 (DOCA ဧရာဝတီ)

 

မြန်အောင်မြို့ လမ်းဘေးဝဲယာရှိ စားသောက်ကုန် ဈေးဆိုင်များအား  သက်ဆိုင်ရာပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၂--၂၀၂၆) ရက်နေ့၊ နံနက်(၀၈:၀၀)အချိန်မှစ၍ မြန်အောင်မြို့နယ် အတွင်းရှိ လမ်းဘေးဝဲယာဆိုင်များတွင် ရောင်းချသော အစားအသောက်များတွင် ဓါတုဆိုးဆေး/ ဖော်မလင်ပါဝင်မူ ရှိ/မရှိ၊ Dateလွန် အစားအသောက်များရောင်းချမူရှိ/မရှိနှင့် မိမိတို့စျေးဆိုင် ဝန်းကျင်တွင် သန့်ရှင်းမှုရှိ/ မရှိ ရှောင်တခင်ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် မြန်အောင်မြို့နယ်အတွင်းရှိ လမ်းဘေးဈေးဆိုင် များတွင် ရောင်းချသော အစားအသောက်များ၊ အသုပ်စုံအရောင်းဆိုင်များ၊ မုန့်ဟင်းခါးဆိုင်များနှင့် ပြန်လည်ပြုပြင်ထုတ်ပိုးထားသော ကုန်စည်များတွင်  ဓါတုဆိုးဆေးသုံးစွဲထားမှု ရှိ/မရှိ၊  Date လွန် ကုန်စည်များ ရောင်းချမှု ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ပြီး၊ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး မိုးရာသီကာလ ဝမ်းပျက်ဝမ်းလျောရောဂါများ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရန် ဈေးဆိုင် များတွင် ရောင်းချလျက်ရှိသော ကုန်စည်များ သန့်ရှင်းမှုရှိစေရေး၊ ဓာတုဆိုးဆေးများပါသော အစား အသောက်များ မရောင်းချရန်နှင့် မိမိတို့စျေးဆိုင်ဝန်းကျင်တွင်သန့်ရှင်းမှုရှိစေရန် အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း လုပ်ငန်းရှင်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလုပ်ငန်းများ‌ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

ဟင်္သာတမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများအားဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်(--၂၀၂၆)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ်အတွင်း ဓမ္မီ တိုက်နယ်၊ သဲဖြူကျေးရွာအုပ်စု၊ ထိန်ကုန်းကျော်ကျေးရွာရှိ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့် စာအုပ်ဖြင့် လက်လီကိုယ်စားလှယ်မှ ဆီရောင်းချမူကို ဈေးနူန်းမှန်ကန်စွာ ရောင်းချမူရှိ/မရှိ၊ အလေး ချိန်မှန်ကန်မူရှိ/မရှိ၊ အိမ်ထောင်စုများ ဆီရရှိမူ အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့စစ်ဆေးခဲ့ရာတွင် ဟင်္သာတမြို့နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့် ပတ် သက်၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချမှု ရှိ/မရှိ၊ ပြည်သူများလက်ဝယ်သို့ အမှန်တစ် ကယ် ရောက် ရှိခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ဆီအရောင်း စာအုပ်များနှင့် စျေးနှုန်းမှန်ကန်စွာ ရောင်းချရေး အရေအတွက် အချင်အတွယ် မှန်ကန်စွာ ရောင်းချပေးရေး၊ ဆီစာအုပ်ဖြင့် ရောင်းချထားမှု အခြေ အနေများအား ပြည်သူများနှင့်တွေ့ဆုံ၍ ဆီရရှိမှု အခြေအနေများအား မေးမြန်းစိစစ်ခဲ့ကြောင်း၊ ဟင်္သာတမြို့ ရပ်ကွက် /ကျေးရွာများရှိ လက်လီ/လက်ကားစားအုန်းဆီရောင်းချသည့် ကုန်မျိုးစုံဆိုင် များအား အိမ်ထောင်စု အလိုက် ဆီရောင်းချမှုအပေါ် မသမာသောနည်းလမ်းများသုံး၍ ရောင်းချမှု မရှိစေရေး၊အပတ်စဥ် ရောင်းချနေမှုအခြေအနေ၊ ရရှိမှုအခြေအနေများအား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများ‌ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

 

သဲဖြူကျေးရွာအုပ်စု အ ထ က ခွဲ(ထိန်ကုန်းကျော်)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြော

             ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ်အတွင်း စားသုံးသူကာကွယ်ရေးဆိုင် ရာ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ (၁-၉-၂၀၂၆)နေ့ နေ့လည်(၁၄:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့၊ ဓမ္မီတိုက်နယ်၊ သဲဖြူကျေးရွာအုပ်စု ထိန်ကုန်းကျော် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ဆရာ၊ဆရာမနှင့်ကျောင်းသား၊ကျောင်းသူ(၁၅၀)ဦးအား လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

                         ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က  စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊  စားသုံး သူကာကွယ်ရေးဆိုတာ စားသုံးသူအခွင့်အရေး နှင့်စားသုံးသူအကျိုးစီးပွား ထိခိုက်နစ်နာမှုမရှိ စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို အသုံးပြုခွင့်ရှိစေရေး၊ စားသုံး သူနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား  မျှတမှုရှိသော လုပ်ငန်းစဉ်များ သတ်မှတ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ထို့နောက် စားသုံးသူကာကွယ်ရေးဥပဒေပါစားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊အစားအသောက်များတွင်ပါဝင်သောဓါတုဆိုးဆေး၏ဆိုးကျိုးများအကြောင်း၊ မြန်မာ ဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံး  ပြုရာတွင် သတိပြုလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြ တိုင်ကြား ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များ အကြောင်းစသည်တို့ကို အကျယ်တဝင့်အသိပညာပေးဟောပြောခဲ့ပြီး၊ဆရာ/ဆရာမများမှသိလိုသည်များမေးမြန်းဆွေးနွေးကာနေလည်(၁၅:၃၀)နာရီ အချိန်တွင် ဟောပြောပွဲ ရုတ်သိမ်းခဲ့ ကြောင်း သတင်းရရှိပါသည်။

 (DOCA ဧရာဝတီ)

သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

             ကျောက်ပန်းတောင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်(၃၂)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များဖြင့် မြို့ပေါ်ရှိ စက်သုံးဆီ ဆိုင်များသို့ (၁၁.၉.၂၀၂၆)ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကြီးကြပ်ရေးကော်မတီမှ ၁၁.၉.၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးမှာ 92 Octance (၃၉၈၀)ကျပ်၊ 95 Octance(၄၁၀၅)ကျပ်၊ ရိုးရိုးဒီဇယ်(၄၃၀၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၅၂၀၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၁၁၅)ကျပ်၊ 95 Octance တစ်လီတာလျှင်(၁၃၅)ကျပ်များတက်ခဲ့ပြီး ရိုးရိုး ဒီဇယ် တစ်လီတာလျှင် (၈၅)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၉၀) ကျပ် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း သိရှိရသည်။မြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်များကို စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရေး၊ ဈေးနှုန်းမှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် စသည်တို့ကို ဆွေးနွေးပြော ကြားခဲ့ကြသည်။

DOCA(မန္တလေး)     

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ