Main menu

ကုန်စည်ဒိုင်သတင်းနှင့် ဈေးနှုန်းများ

Powered by Drupal

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၂၇.၁၂.၂၀၂၄) မှ (၁.၁.၂၀၂၅) နေ့ထိ ဆန်ဝင်ရောက်မှုစာရင်း များမှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ပေါ်ဆန်းမွှေး (၂၇၄၈၃) အိတ်၊ ပေါ်ကျွဲ (၇၆၉၆) အိတ်၊ ဧည့်မထ (၇၄၁၅၃) အိတ်၊ ဆန်ကွဲ (၁၉၂၀၅) အိတ် ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း (အရှေ့) ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၆၇၀၅) အိတ် နှင့် ပဲခူးတိုင်း (အနောက်) မြို့နယ်များဖြစ်သော သာယာဝတီ၊ သုံးဆယ်၊ လက်ပံတန်း၊ ကြို့ပင်ကောက်မြို့နယ်များမှ ဧည့်မထ (၂၀၆၈၀) အိတ်၊ ငစိန် (၁၂၈၀) အိတ်နှင့် ရန်ကုန်တိုင်း ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ် ကုန်း၊ ပျော်ဘွယ်၊ တိုက်ကြီး၊ ခရမ်း၊ သုံးခွ၊ ဥက္ကံ မြို့နယ်များ မှ ဧည့်မထ (၁၇၆၀၀) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်း ဆန်စပါးကုန်စည် ဒိုင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ

  ၂.၁.၂၀၂၅ ရက်နေ့၊ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက် တစ်ပိဿာ ဈေးနှုန်းများမှာ တောင်သာ၊ မလိုင်(ဒုံး) သစ် အနိမ့်ဆုံးဈေး ကျပ် ၇၀၀၀ မှ အများဆုံး ကျပ် ၇၂၀၀၊ ညောင်ဦးဆေးရှယ်  ကျပ်  ၇၃၀၀၊ ညောင်ဦးဆေးရှယ်(ထန်းရော) အနိမ့်ဆုံးဈေး ကျပ် ၅၀၀၀ မှ အများဆုံး ကျပ် ၅၁၀၀၊ ပခုက္ကူကြမ်း ကျပ်  ၇၂၀၀၊ ၊ ရေစကြိုထန်းလျက် အနိမ့်ဆုံးဈေး ကျပ် ၈၀၀၀ မှ အများဆုံး ကျပ် ၈၅၀၀ ၊ ကြံသကာ(ရှမ်း) အနိမ့်ဆုံးဈေး  ကျပ် ၃၀၀၀ မှ အများဆုံး ကျပ် ၃၁၀၀၊ ကြံသကာ(သကြားရော) ကျပ် ၅၆၀၀၊ မန်ကျည်းသီးများဖြစ်သော မန်းကျည်းသီး ပွင့်ကပ် အနိမ့်ဆုံးဈေး ကျပ် ၃၃၀၀ မှ ကျပ် ၃၅၀၀ ၊ မန်းကျည်းသီး အသား အနိမ့်ဆုံးဈေး ကျပ် ၉၅၀၀ မှ ကျပ် ၁၃၀၀၀ ၊ ပြည်တွင်းသကြား  အနိမ့်ဆုံးဈေး ကျပ် ၄၈၀၀ မှ ကျပ် ၅၁၀၀ တို့အသီးသီး ဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများ

   ၂.၁.၂၀၂၅ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ရေထွက်ကုန်ပစ္စည်း များ၏ တစ်ပိဿာ ဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန်ရှယ် မှာ ကျပ် ၂၈၀၀၀၀ ၊ ဖျာပုံရွှေပုဇွန်ရိုးရိုးကျပ် ၂၀၀၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ် ၁၄၀၀၀၀၊ ဖျာပုံချိုကြီးရိုးရိုး ကျပ် ၁၀၀၀၀၀၊ ဖျာပုံချို သေးရှယ်ကျပ် ၉၀၀၀၀ ၊ ဖျာပုံ ချိုသေးရိုးရိုးကျပ် ၇၀၀၀၀ ၊မြိတ်ပုဇွန်လတ် ကျပ် ၁၂၀၀၀၀၊ မြိတ်ပုဇွန်ရိုးရိုး ကျပ် ၉၀၀၀၀၊ ရေချိုငါးခြောက် များဖြစ်ကြသော ငါးကျီးကြပ်တိုက်ကြီး   ကျပ် ၉၀၀၀၀ ၊ ငါးကျီးကြပ်တိုက် သေး  ကျပ် ၇၀၀၀၀ ၊ ငါးမြွေထိုး ကျပ် ၄၀၀၀၀ ၊ ငါးရံ့ခြောက်ကြီး ကျပ် ၇၅၀၀၀ ၊ ငါးရံ့ခြောက်လတ်ကျပ် ၆၀၀၀၀ ၊ ငါးရံလုံးရှယ် ကျပ် ၅၀၀၀၀ ၊ ရေငံငါးခြောက်များဖြစ်ကြသော ကလိန် ကျပ် ၁၀၀၀၀ ၊ ငါးကွမ်းရှပ်ကြီး ကျပ် ၃၅၀၀၀၊ ငါးတံခွန်မျှင်ကြီး ကျပ် ၂၀၀၀၀၊ ငါးတံခွန်လုံးကြီး ကျပ် ၆၀၀၀၊ ငါးနှပ်ခြောက်ကြီး(ရှယ်) ကျပ် ၃၅၀၀၀ ၊ ငါးရွှေသေး ကျပ် ၁၀၀၀၀ ၊ ငါးမီးတံသွယ် ကျပ် ၇၀၀၀  ဈေးတို့အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့် ဈေးနှုန်းများ

ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီ များသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီ လက်ကျန်အခြေအနေများအား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်း အတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရ လည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှု စာရင်းများအရ လည်းကောင်း၊ ကြက်သွန်နီ လက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်း လျက်ရှိပါသည်။ ဒီဇင်ဘာလ (၂၃) ရက်မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများ ဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာဒေသတို့မှ ကြက်သွန်နီ (၆၂၄၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၂၄၉၆၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၆၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၇၀၀ ၊ အကြီးမှာ ကျပ် ၃၅၆၀၀၊ ရှယ်မှာ ကျပ် ၄၂၀၀၊  မြင်းခြံ ကြက်သွန်နီ (အသစ်) အသန့်မှာ တစ်ပိဿာ ကျပ် ၃၂၀၀ ၊ အကြီးမှာ ကျပ် ၄၀၀၀၊ ရှယ်မှာ ကျပ် ၄၂၀၀၊ မုံရွာ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၇၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၃၀၀၀ ၊ အကြီးမှာ ကျပ် ၄၀၀၀၊ ရှယ်မှာ ကျပ် ၄၂၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရ ပါသည်။

ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ကြက်သွန်နီဈေးနှုန်းများ နှိုင်းယှဉ်ရာတွင် ကြက်သွန် ဈေးနှုန်းများမှာ ဈေးအတက်/အကျအနည်းငယ်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/နီ နှင့် အာလူးဈေးနှုန်းများ

၂.၁.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ တစ်ပိဿာ ဈေးနှုန်းများမှာ အောင်ပန်းထူး-၂ ကျပ် ၁၁၅၀၀၊  အောင်ပန်းထူး-၃ ကျပ် ၁၃၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၁၄၀၀၀၊ အောင်ပန်းထူး-၅ ကျပ် ၁၅၀၀၀၊ ကြက်သွန်နီ ဈေးနှုန်းများမှာ ဆိပ်ဖြူ(ဟောင်း) ရှယ် ကျပ် ၄၂၀၀ ၊ ဆိပ်ဖြူ(ဟောင်း)လတ်ကြီး ကျပ်  ၃၃၀၀ ၊  ဆိပ်ဖြူ(ဟောင်း)လတ်သန့် ကျပ် ၂၆၀၀၊ ဆိပ်ဖြူ(ဟောင်း) လတ်ချော ကျပ် ၂၀၀၀၊  မြင်းခြံ(သစ်) (ရှယ်)ကျပ် ၃၈၀၀၊ မြင်းခြံ(သစ်) လတ်ကြီး ကျပ် ၃၆၀၀ ၊  မြင်းခြံ(သစ်) လတ်သန့်  ကျပ် ၃၁၀၀ ၊ ၊  မြင်းခြံ(သစ်) လတ်ချော  ကျပ် ၁၉၀၀ ၊ မြစ်သား(သစ်) ရှယ် ကျပ် ၄၅၀၀၊ မြစ်သား(သစ်) လတ်ကြီး ကျပ် ၄၆၀၀၊ မြစ်သား(သစ်) လတ်သန့် ကျပ် ၄၅၀၀၊  ပခုက္ကူ(သစ်) ရှယ် ကျပ် ၃၆၀၀၊ ပခုက္ကူ(သစ်)) လတ်ကြီး ကျပ် ၃၄၀၀၊ ပခုက္ကူ(သစ်) လတ်သန့် ကျပ် ၂၇၀၀၊ ပခုက္ကူ(သစ်) လတ်ချော ကျပ် ၁၇၀၀၊ ပခုက္ကူ(ဟောင်း) လတ်ကြီး ကျပ် ၂၅၀၀၊ ပခုက္ကူ(ဟောင်း) လတ်သန့် ကျပ် ၂၀၀၀၊ ပခုက္ကူ(ဟောင်း) လတ်ချော ကျပ် ၁၄၀၀၊ တရုတ်အာလူး ကျပ် ၅၀၀၀ ဈေးတို့ အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှစုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

  ၂.၁.၂၀၂၅ ရက်နေ့ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီး တစ်ပိဿာ ဈေးနှုန်းများမှာ ပန်းရဲ အမြင့်ဆုံးဈေး ကျပ် ၇၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၆၀၀၀၊ မြှားနီ အမြင့်ဆုံးဈေး ကျပ် ၆၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၆၀၀၀၊ ပန်းရဲ/မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ် ၁၁၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၀၅၀၀၊ ပန်းတနော်(ရှည်) အမြင့်ဆုံးဈေး ကျပ် ၅၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၅၀၀၀၊ မိုးထောင် မြစ်ဝ အမြင့်ဆုံးဈေး ကျပ် ၁၅၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၄၅၀၀၊ ဆင်ဖြူကျွန်း(ပု) အမြင့်ဆုံးဈေး ကျပ် ၁၄၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၂၀၀၀၊ မြစ်ဝ (ပု) အမြင့်ဆုံးဈေး ကျပ် ၁၀၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၀၀၀၀ တို့အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှသတင်းရရှိပါသည်။ ယခုရက်သတ္တပတ်အတွင်း ငြုပ်သီးဈေးနှုန်းများမှာ ဈေးနှုန်းတည်ငြိမ် လျက်ရှိပါသည်။

DOCA(ရန်ကုန်)

စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ လွိုင်ကော်မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းများသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဉီးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ နံနက် (၀၉၃၀) နာရီအချိန်တွင် စျေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ရာတွင် စားသောက်ကုန်များ လက် လီ/လက္ကား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် စားသောက်ကုန်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်နှင့် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများတွင် မြန်မာဘာသာဖြင့် ဖော်ပြြခင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ ညွှန်ကြား ချက်အား သိရှိလိုက်နာနိုင်ရေး အတွက် အသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများနှင့်  သိလိုသည်များ မေးမြန်းလာသည့်အပေါ် ဖြေကြားဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

Subscribe to RSS - ကုန်စည်ဒိုင်သတင်းနှင့် ဈေးနှုန်းများ