Global Eelectric Technology လျှပ်စစ်ပစ္စည်းစက်ရုံအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ မြောက်ပိုင်းခရိုင်အတွင်းရှိ စက်မှုဇုန်များတွင် စီးပွားရေးလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင်ရွက်မှုအခက်အခဲများကိုသိရှိနိုင်ရန် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဦးအောင်တင်စိုးနှင့်ဝန်ထမ်းများသည် အမှတ်(၂၃၅)၊ ကနောင်မင်းသားကြီးလမ်း၊ ဇုန်(၂)၊ လှိုင်သာယာမြို့နယ်ရှိ Global Eelectric Technology လျှပ်စစ်ပစ္စည်းစက်ရုံသို့ သွားရောက်စစ်ဆေးခဲ့ရာ စက်ရုံ၌ စက်ယူနစ်များမရှိတော့ဟုသိရှိရပြီး အခြားလုပ်ငန်းလုပ်ကိုင်ခြင်းမရှိဘဲ Global Eelectric Technology စက်ရုံအဖြစ်သာ ဆက်လက်သုံးစွဲထားကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)