စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ မြောက်ပိုင်းခရိုင်အတွင်းရှိ စက်မှုဇုန်များတွင် စီးပွားရေးလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ၏ လုပ်ငန်းဆောင်ရွက်မှုအခက်အခဲများကိုသိရှိနိုင်ရန် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဦးအောင်တင်စိုးနှင့်ဝန်ထမ်းများသည် အမှတ်(၂၃၅)၊ ကနောင်မင်းသားကြီးလမ်း၊ ဇုန်(၂)၊ လှိုင်သာယာမြို့နယ်ရှိ Global Eelectric Technology လျှပ်စစ်ပစ္စည်းစက်ရုံသို့ သွားရောက်စစ်ဆေးခဲ့ရာ စက်ရုံ၌ စက်ယူနစ်များမရှိတော့ဟုသိရှိရပြီး အခြားလုပ်ငန်းလုပ်ကိုင်ခြင်းမရှိဘဲ Global Eelectric Technology စက်ရုံအဖြစ်သာ ဆက်လက်သုံးစွဲထားကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)