ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ARDB နှင့် NABARD တို့ လယ်ယာဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံမှုများ မြှင့်တင်ရန် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး

    နှစ်နိုင်ငံအစိုးရပိုင်ဘဏ်များအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်အတွက် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဘဏ် (ARDB) သည် အိန္ဒိယ၏ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဘဏ် (NABARD) နှင့် နားလည်မှုစာချွန်လွှာ (MoU) ကို ၁၈-၇-၂၀၂၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။ ၂၁-၇-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ARDB ၏ ထုတ်ပြန်ချက်အရ ARDB နှင့် NABARD တို့ကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း သည် ကမ္ဘောဒီးယားနှင့် အိန္ဒိယဘဏ်များကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်နှင့် အားကောင်းစေရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုနားလည်မှုစာချွန်လွှာသည် စိုက်ပျိုးရေးနှင့် လယ်ယာ-စက်မှုတန်ဖိုးကွင်းဆက်များအတွက် ငွေကြေးထောက်ပံ့မှုအပေါ် အထူးအလေးပေးခြင်းဖြင့် ဖွံ့ဖြိုးရေးဘဏ်နှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်း စေရန်ရည်ရွယ်သည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် နားလည်မှု စာချွန်လွှာတွင် ရေရှည်တည်တံ့သောဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကိုပံ့ပိုးပေးသည့် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့ (ADFIAP) ၏ လှုပ်ရှားမှုများကိုမြှင့်တင်ရန် ပူးပေါင်း ဆောင်ရွက်ခြင်းလည်း ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံမှ EU သို့ တင်ပို့မှုသည် ၂၀၂၅ ခုနှစ်၊ ပထမ နှစ်ဝက်တွင် ကန်ဒေါ်လာ ၂.၄ ဘီလီယံအထိ မြင့်တက်လာ

     ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် ဥရောပသမဂ္ဂ (EU) ဈေးကွက် သို့ ကန်ဒေါ်လာ ၂.၄ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများတင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၀.၆ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ၂၁-၇-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်တရားဝင် အစီရင်ခံစာအရ သိရသည်။ EU ဈေးကွက်သည် ယခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း နိုင်ငံတော်၏ စုစုပေါင်းပို့ကုန်ပမာဏ၏ ၁၆.၃ ရာခိုင်နှုန်းရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MoC)မှ ပြုစုထားသော အစီရင်ခံစာအရသိရသည်။ EU တွင် ကမ္ဘောဒီးယား၏ ထိပ်တန်းပို့ကုန်ငါးနိုင်ငံသည် စပိန်၊ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့ ဖြစ်ကြောင်း MoC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ EU သို့ ကမ္ဘောဒီးယားသို့ တင်ပို့သည့် အဓိကထုတ်ကုန်များမှာ အဝတ်အထည်၊ အထည်အလိပ်၊ ဖိနပ်၊ ခရီးသွားကုန်ပစ္စည်းများ၊ အိတ်များ၊ စက်ဘီးများ၊ ကားတာယာနှင့် လျှပ်စစ်ပစ္စည်းများ၊ ဆန်၊ ရော်ဘာ၊ သီဟိုဠ်စေ့၊ ပီလောပီနံနှင့် ငှက်ပျောသီးကဲ့သို့သော အလားအလာရှိသော စိုက်ပျိုးရေးထွက်ကုန်များ ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်ပထမနှစ်ဝက်တွင် EU မှ စုစုပေါင်းသွင်းကုန်ဒေါ်လာ ၃၇၅.၆ သန်း စံချိန်တင်ခဲ့ပြီး ယမန်နှစ် အလားတူကာလ ကန် ဒေါ်လာ သန်း ၄၇၀ ထက် ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ EU မှ ကမ္ဘောဒီးယားသို့ အဓိကတင်သွင်းသည့် ကုန်ပစ္စည်းများမှာ စက်ယန္တရားများ၊ အိမ်သုံး ပစ္စည်းများ၊ ဆေးဝါးများ၊ မော်တော်ယာဉ်များ၊ ပုလဲနှင့် အဖိုးတန်ကျောက်မျက်များ၊ အထည် လိပ်နှင့် လျှပ်စစ်ပစ္စည်းများ စသည်တို့ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

DOCA(ရန်ကုန်)

တရုတ်နှင့် အီဂျစ်တို့သည် SCO မှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို အားကောင်းလာစေရန် မျက်စိကျနေ

     အီဂျစ်နိုင်ငံရှိ တရုတ်သံရုံးနှင့်အီဂျစ်နိုင်ငံခြားရေးကောင်စီတို့သည် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) ၏မူဘောင်အတွင်း တရုတ်-အီဂျစ်ဆက်ဆံရေး တည်ငြိမ် တိုးတက်မှုကို အလေးပေးသည့် ဆွေးနွေးပွဲတစ်ရပ်ကို ၂၀-၇-၂၀၂၅ ရက်နေ့က အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တွင် ဆွေးနွေးပွဲကျင်းပခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ နှစ်နိုင်ငံမှအကြီးတန်း သံတမန်များ၊ နိုင်ငံခြားရေးကျွမ်းကျင်သူများနှင့် သတင်းမီဒီယာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင်အီဂျစ်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Liao Liqiang က အီဂျစ်နိုင်ငံသည် SCO ၏ ဆွေးနွေးဖက်နိုင်ငံဖြစ်ပြီး SCO လုပ်ငန်းများတွင် အီဂျစ်၏ တက်ကြွစွာ ပါဝင်မှုကိုကြိုဆိုကြောင်းပြောကြားခဲ့သည်။ SCO ၏ မူဘောင်အောက်တွင် တရုတ် နှင့်အီဂျစ်တို့ နီးကပ်သောပူးပေါင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ချက်တို့ကိုမြှင့်တင်ရန် မျှော်လင့်ကြောင်း၊ အနာဂါတ်တွင် တရုတ်-အီဂျစ် စီးပွားရေးအသိုက်အဝန်းကို တည်ဆောက်ရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရန်မျှော်လင့်ကြောင်း Liqian က ဆက်လက်ပြောကြားခဲ့သည်။ ဆွေးနွေးပွဲကို ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်သော အီဂျစ်နိုင်ငံခြားရေးကောင်စီမှ ဒါရိုက်တာ Ezzat Saad က အီဂျစ်သည် နှစ်နိုင်ငံအဆင့်တွင်သာမက SCO ၏မူဘောင်အတွင်း၌ရော တရုတ်နိုင်ငံနှင့်ပူးပေါင်း ဆောင်ရွက် မှုပိုမိုအားကောင်းလာစေရန် အမြဲကတိပြုထားကြောင်း ပြောကြားခဲ့သည်။

DOCA (ရန်ကုန်)

တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ၅.၄ ရာခိုင်နှုန်း မြင့်တက်

  တရုတ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် တိုးတက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များ ၂၁-၇-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုအဖွဲ့ (NEA) ၏ ထုတ်ပြန်ချက်အရ ဇွန်လတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၂၀၂၄ ခုနှစ် အလားတူကာလတူထက် ၅.၄ ရာခိုင်နှုန်း တိုးတက် လာခဲ့ပြီး  Kilowatt-hours ၈၆၇ ဘီလီယံအထိရောက်ရှိခဲ့သည်။ ဇွန်လအတွင်း ပထမတန်းနှင့် ဒုတိယတန်းလုပ်ငန်းများ၏ ဓာတ်အားသုံးစွဲမှုမှာ ၂၀၂၄ ခုနှစ် ကာလတူထက် ၄.၉ ရာခိုင်နှုန်းနှင့် ၃.၂ ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့ပြီး Kilowatt-hours ၁၃.၃ ဘီလီယံနှင့် ၅၄၈.၈ ဘီလီယံ အထိရှိခဲ့သည်။ တတိယတန်းလုပ်ငန်းများ၏ ဓာတ်အားသုံးစွဲမှုမှာ ၂၀၂၄ ခုနှစ် ကာလတူထက် ၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး Kilowatt-hours ၁၇၅.၈ ဘီလီယံအထိ ရှိခဲ့သည်။ ၂၀၂၅ ခုနစ်၊ ဇွန်လအတွင်း နိုင်ငံအတွင်းရှိ ပြည်သူများ၏လျှပ်စစ်ဓာတ်အားသုံးစွဲမှုစုစုပေါင်းမှာ Kilowatt-hours ၁၂၉.၁ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ကာလတူထက် ၁၀.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှဇွန်လအထိ တရုတ်နိုင်ငံ၏ စုစုပေါင်းဓာတ်အားသုံးစွဲမှု သည် ၂၀၂၄ ခုနှစ် ကာလတူထက် ၃.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး Kilowatt-hours ၄.၈၄ ထရီလီယံ ကျော်ရှိခဲ့သည်။

DOCA (ရန်ကုန်)

တရုတ်နိုင်ငံ၏ တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်မှုသည် ဘရာဇီးနိုင်ငံနှင့် ကမ္ဘာကြီးအတွက် အခွင့်အလမ်းများဖန်တီးပေးဟု ဘရာဇီးကျွမ်းကျင်ပညာရှင်

      ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး မရေမရာရှိနေစဉ် တရုတ်နိုင်ငံအနေဖြင့် အလွန်ကြီးမားသော ဈေးကွက်အဖြစ်လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှု၏ အဓိကအရင်းအမြစ် အဖြစ် လည်းကောင်း ဆက်လက်တည်ရှိနေကာ တရုတ်နိုင်ငံ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုသည်ဘရာဇီးနှင့် အခြားနိုင်ငံများအတွက် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို ဖန်တီးပေးလျက်ရှိသည်ဟု ဘရာဇီးကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။ အမေရိကန်သည် ပထဝီနိုင်ငံရေး တင်းမာမှုများ အရှိန်မြင့်တက်လာအောင် ဆက်လက်လုပ်ဆောင်နေကာ စီးပွားရေးအရ တစ်ဖက်သတ် ဖိအား‌ပေးမှုများ လုပ်ဆောင်နေခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များအပေါ် ထိခိုက်မှုများဖြစ်စေသော်လည်း တရုတ်နိုင်ငံ၏ တည်ငြိမ် သော စီးပွားရေးဆိုင်ရာစွမ်းဆောင်မှုကကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတည်ငြိမ်ရေးအတွက် မှီခိုအားထားစရာဖြစ်သည်ဟု ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူးတစ်ခု၌ Sao Paulo ပြည်နယ်တက္ကသိုလ် နိုင်ငံရေးနှင့်စီးပွားရေး ပါမောက္ခဖြစ်သူ Marcos Pires က ပြောကြားခဲ့ သည်။ တရုတ်နိုင်ငံအနေဖြင့် ဘရာဇီးနိုင်ငံအပါအဝင် ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများအတွက် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးခဲ့သည်ဟု Pires က အလေးအနက်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ဘရာဇီးနိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံအဖြစ် နှစ်ပေါင်းများစွာ တောက်လျှောက် ရပ်တည်လာခဲ့ပြီး တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်က ဘရာဇီးနိုင်ငံ၏ အဓိက ပို့ကုန်တင်ပို့ရာ နေရာအဖြစ် ရပ်တည်နေဆဲဖြစ်ကာ စုစုပေါင်းပို့ကုန်ပမာဏ၏ ၂၈ ရာခိုင်နှုန်း ရှိကြောင်း ဘရာဇီးနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။  

DOCA(ရန်ကုန်)

စွမ်းအင်သစ် မော်တော်ယာဉ်ဈေးကွက် ယှဉ်ပြိုင်မှုကို ထိန်းသိမ်းကြပ်မတ်ရန် တရုတ်နိုင်ငံ ကြိုးပမ်း

     တရုတ်နိုင်ငံမှတာဝန်ရှိသူများက စွမ်းအင်သစ်မော်တော်ယာဉ် (NEV) ဈေးကွက် ယှဉ်ပြိုင်မှုကို ထိန်းသိမ်းကြပ်မတ်ရေးအတွက် စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်နှင့် ဈေးကွက်ကြီးကြပ်ရေးစီမံအုပ်ချုပ်မှုဌာနတို့ပူးပေါင်း၍ NEV လုပ်ငန်းရှင်များနှင့် ၁၈-၇-၂၀၂၅ ရက်နေ့တွင် အစည်းအဝေးပြုလုပ်ခဲ့ကြသည်။ အစည်းအဝေးတွင် တရားဥပဒေနှင့်အညီ၊ တရား မျှတမှုရှိပြီး သင့်လျော်စွာစနစ်သော ယှဉ်ပြိုင်မှုကိုမြှင့်တင်ကြရန် တိုက်တွန်းခဲ့သည်။ နိုင်ငံတော် က ထုတ်ကုန်ဈေးနှုန်းများကိုစောင့်ကြည့်ခြင်း၊ ထုတ်ကုန်နှင့်ကိုက်ညီမှုရှိမရှိစစ်ဆေးခြင်းနှင့် တင်သွင်းသူများအတွက် ငွေပေးချေမှုကာလကို တိုတောင်းစေခြင်းစသည့် ဆောင်ရွက်ချက်များ ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း အစည်းအဝေးအပြီးတွင် ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။ ယင်းအစည်းအဝေးတွင် တာဝန်ရှိသူများက NEV စွမ်းအင်သုံးစွဲမှု ကန့်သတ်ချက်များနှင့် ဘက်ထရီပြန်လည်အသုံးပြုခြင်း ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းစံနှုန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ပြီး ထိုဆောင်ရွက်ချက် သည် NEV ထုတ်လုပ်သူများထံမှ အကြံပြုချက်များရယူရန်နှင့် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန်အတွက် ပုံမှန်ဆက်သွယ်ရေးလမ်းကြောင်းများ ထူထောင်ခြင်းနှင့်လည်းကိုက်ညီမှု ရှိမည်ဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

DOCA(ရန်ကုန်)

စက်မှုလက်မှုလုပ်ငန်းများ အဆင့်မြင့်တင်ရန် ဦးတည်နေသည့် လာအို

         လာအိုနိုင်ငံ စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၆ ခုနှစ် နှင့် ၂၀၃၀ ခုနှစ်အတွင်းတွင် လုပ်ဆောင်မည့် စက်မှုလက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်‌ရေး ဖွံဖြိုးတိုးတက်မှု စီမံကိန်းမူကြမ်းကို ပြန်လည်သုံးသပ်ရန်အတွက် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရပါသည်။ အဆိုပါအစည်းအဝေးပွဲကို ဇူလိုင်လ ၂၁ ရက်နေ့တွင် လာအိုမြို့တော် Vientiane မြို့၌ လာအိုနိုင်ငံ စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Malaithong Kommasith မှ ဥက္ကဌအဖြစ် ဦးဆောင်ပြီး တစ်ခြားကဏ္ဍများမှ အရာရှိများနှင့် ကျင်းပပြုလုပ် ခဲ့ကြောင်း ဇူလိုင်လ ၂၃ ရက်နေ့တွင် ၎င်းဝန်ကြီးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာအရ သိရပါသည်။ အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်သည် လျင်မြန်စွာပြောင်းလဲနေသော ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာအပြောင်းအလဲများနှင့်အညီ လိုက်လျောညီထွေရှိစေရန်နှင့် ၂၀၂၆-၂၀၃၀ ခုနှစ်အတွက် ၁၀ ကြိမ်‌မြောက် ၅ နှစ်တာ အမျိုးသား လူမှုရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို အထောက်အကူ ပြုစေရန် ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် ရှင်းလင်း၍ လက်တွေ့ အကောင်ထည်ဖော်လုပ်ဆောင်နိုင်သော စီမံကိန်း ဖွံဖြိုးတိုးတက်ရေးကို အလေးပေးဆွေးနွေးခြင်းသည် လာအိုနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ခိုင်ခံ့စေရေး၊ ‌ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် နိုင်ငံတကာအားပြိုင်မှုတွင် အဆင့်မြင့်တင်ရန် တို့တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA(ရန်ကုန်)                                                                                   

ဒုတိယသုံးလပတ်ကာလတွင် GM ၏ အသားတင် အမြတ်ငွေများ ၃၅ ရာခိုင်နှုန်းခန့် ရုတ်တရက်ထိုးကျ

              General Motors (GM) မှ လုပ်ငန်းရှင်များ၏ အသားတင်အမြတ်ငွေများသည် ၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ်ကာလတွင် အမေရိကန်နိုင်ငံသို့ အခွန်ဒေါ်လာ ၁.၁ ဘီလီယံခန့်ပေးဆောင်ရ ခြင်း‌ကြောင့် ၃၅.၄ ရာခိုင်နှုန်းအထိ ရုတ်တရက် ကျဆင်းသွားကြောင်း သိရပါသည်။ GM ၏ ဒုတိယသုံးလပတ် ကာလအတွင်း ဝင်ငွေသည် တစ်နှစ်ထက်တစ်နှစ် ဒေါ်လာ၄၇.၁၂ ဘီလီယံခန့် ၁.၈ ရာခိုင်နှုန်းအထိ ကျဆင်းနေပြီး ခန့်မှန်းဝင်ငွေ ၄၅.၈၄ ဘီလီယံခန့်ကို ထိန်းထားဆဲဖြစ်ကြောင်း GM မှထုတ်ပြန်သော စွမ်းဆောင်ရည်အစီရင်ခံစာအရ သိရပါသည်။ GM သည် ယခုနှစ်အတွက် အခွန်သက်ရောက်မှုသည် ၄ ဘီလီယံမှ ၅ ဘီလီယံအထိ မပြောင်းလဲပဲရှိနိုင်ကြောင်း မျှော်မှန်းထား ပါသည်။ ဇူလိုင်လ ၂၂ ရက်နေ့တွင် လုပ်ငန်းရှင်များ ထံသို့ပေးပို့သော စာစောင်တွင် GM မှ အတွင်းရေးမှုး Mary Barra က ကုမ္ပဏီအနေဖြင့် အမေရိကန်နိုင်ငံတွင်  တည်ဆောက်ထားသော စက်ရုံများ၌ အခွန်စည်းကြပ်မှုများ လျော့ချရန်အတွက် ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ GM သည် ထုတ်လုပ်ရေးညှိနှိုင်းမှုများမှတစ်ဆင့် အကောက်ခွန် စည်းကြပ်မှုကြောင့် မြင့်တက်လာသော ကုန်ကျစရိတ်များကို ၃၀ ရာခိုင်နှုန်းခန့် လျော့ချရန် ဦးတည်နေကြောင်း သိရပါသည်။ အကျိုးအမြတ်မယူသော မော်တော်ကားသုသေတနစင်တာ၏ အဆိုအရ အမေရိကန်နိုင်ငံရှိ မော်တော်ကားထုတ်လုပ်သူများအားလုံးအပေါ်တူညီသောအခွန် ဒေါ်လာ ၁၀၇.၇ ဘီလီယံခန့် ၂၅ ရာခိုင်နှုန်းအထိကောက်ခံမည်ဖြစ်ပြီး မော်တော်ကား ကုမ္ပဏီကြီး ၃ ခုဖြစ်သော GM၊ Ford နှင့် Stellantis ကုမ္ပဏီးကြီးများထံ အခွန် ၄၁.၉ ဘီလီယံအထိ တိုးမြင့် ကောက်ခံသွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA(ရန်ကုန်)                                                                               

ဖိလစ်ပိုင်နိုင်ငံ၏ ဆန်အခွန်ကောက်ခံမှုသည် ပီဆို ၉.၇ ဘီလီယံခန့် ၆၀ ရာခိုင်နှုန်းအထိ ကျဆင်း

          ဖိလစ်ပိုင်နိုင်ငံအစိုးရသည် ယခုနှစ်ဝက်ခန့်တွင် ဆန်အခွန်များကောက်ခံရာ၌ သက်သာသော အခွန်နှုန်းထားများကြောင့် ယခင်နှစ်ထက် ၆၀ ရာခိုင်နှုန်းခန့်ကျဆင်းသွားကြောင်း အကောက်ခွန်ဗျူရို(BOC)  မှ ထုတ်ပြန်သော အချက်အလက်များအရ သိရပါသည်။ BOC မှ ထုတ်ပြန်သော ပဏမအချက်အလက်များအရ ‌အေဂျင်စီသည် ဇန်နဝါရီလမှ ဇွန်အတွင်းတွင် ဆန်အခွန် ပီဆို ၉.၇ ဘီလီယံခန့် ကောက်ခံရရှိခဲ့ပြီး ယခင်နှစ်တွင်ကောက်ခံရရှိသော ပီဆို ၂၃.၂ ဘီလီယံထက် လျော့နည်းနေကြောင်း သိရပါသည်။ ဆန်တင်ပို့မှုသည် ယခုနှစ်တွင် မက်ထရစ်တန်ချိန် ၂.၄ သန်း ခန့်ရောက်ရှိခဲ့ပြီး ယခင်နှစ်တွင်တင်ပို့ခဲ့သော မက်ထရစ်တန်ချိန် ၂.၃ သန်းခန့် တင်ပို့မှု မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ ဆန်အခွန်စည်းကြပ်မှု ကျဆင်းခြင်းသည် ယခုတစ်နှစ်ပတ်လုံး  ဆက်လက်အကောင်ထည်ဖော် လုပ်ဆောင်နေသည့် ဆန်တင်ပို့မှုများအပေါ် အခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံမှုကြောင့်သာ ဖြစ်ကြောင်း လုပ်ငန်းရှင်များ၏ အဆိုအရ သိရပါသည်။ ဖိလစ်ပိုင်အစိုးရသည် ငွေကြေးဖောင်းပွမှုကို ထိန်းညှိပြီး ဆန်စျေးကွက်တွင်တည်ငြိမ်စေရန်နှင့် စျေးနှုန်းများလျော့ ကျစေရန်အတွက် ဆန်အခွန်ကောက်ခံမှုကို လျော့ချခြင်းဖြစ်ကြောင်း သိရပါသည်။ ဆန်စျေးနှုန်းသည် ယခင်နှစ် ငွေကြေးဖောင်းပွမှု ကာလထက် ၁၄.၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ စာရင်းအင်းအာဏာပိုင် အဖွဲ့အစည်း၏ သတင်းအချက်အလက်များအရ သိရပါသည်။ လတ်တလောကောက်ခံမှု အချက်အလက်များအရ တစ်နှစ်ပတ်လုံး ဆန်အခွန်ကောက်ခံမှုသည် ပီဆို ၁၈ ဘီလီယံမှ ပီဆို ၂၀ ဘီလီယံကြားတွင် တည်ငြိမ်နေမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောကြားခဲ့ပါသည်။ အစိုးရသည် ဆန်အခွန်ကောက်ခံမှုနှုန်းကို ၁၅ ရာခိုင်နှုန်းဖြင့်ဆက်လက်ကောက်ခံမည် ဆိုပါက ပြည်ပသို့ဆန်တင်ပို့မှုကို တိုးမြင့်ရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက အစောပိုင်းတွင် မှတ်ချက်ပြုခဲ့ပါသည်။ ထို့အပြင် ဖိလစ်ပိုင်နိုင်ငံစိုက်ပျိုးရေးဌာနမှလည်း ဆန်စျေးကွက်မငြိမ် မသက်ဖြစ်မှုကို တည်ငြိမ်စေရန်အတွက် ဆန်အခွန်ကောက်ခံမှုနှုန်းကို ၃၅ ရာခိုင်နှုန်းသို့ မြှင့်တင် ကောက်ခံသင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရပါသည်။

Source: Philstar

DOCA(ရန်ကုန်)                                                                                

တရုတ်နိုင်ငံ လူသုံးကုန်ပစ္စည်းများ ကုန်သွယ်မှုအစီအစဥ်သည် ဝယ်လိုအားများ မြှင့်တင်ရန်အတွက် အထောက်အပံ့ပေးနေ

          တရုတ်နိုင် လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားမှုအစီအစဥ်သည် ယခုနှစ်အတွင်း အိမ်သုံးပစ္စည်း  ၁၀၉ သန်းခန့်ကို ဝယ်ယူရန် တွန်းအားပေးနိုင်ခဲ့ပြီး ပြည်တွင်းဝယ်လိုအားကို မြှင့်တင်ရန် လုပ်ဆောင်မှုများကြောင့် သုံးစွဲသူပေါင်း ၆၆ သန်းခန့်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။ အဆိုပါစီမံကိန်းသည် ဒစ်ဂျစ်တယ်စက်ပစ္စည်း ၇၄ သန်းခန့်နှင့် လျှပ်စစ်စက်ဘီး ၉.၀၆ သန်းခန့်အား ရောင်းချနိုင်ရန် လုပ်ဆောင်နိုင်ခဲ့ကြောင်း ကုန်သွယ်‌ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ သိရပါသည်။ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ယခင်ကထုတ်ပြန်ခဲ့သော အချက်အလက်များအရ ယခုနှစ် အစောပိုင်း ၅ လအတွင်းတွင် အဆိုပါ စီမံကိန်းမှတစ်ဆင့် ယွမ် ၁.၁ ထရီလီယံခန့် ရောင်းချနိုင်ခဲ့ ကြောင်း သိရပါသည်။ အဆိုပါစီမံကိန်းမှ အ‌ရောင်းမြှင့်တင်ခြင်းကြောင့် တရုတ်နိုင်ငံ စားသုံးမှု အင်အား၏ အဓိကဖြစ်သည့် လူသုံးကုန် ပစ္စည်းလက်လီ‌ ရောင်းချမှု စျေးကွက်သည် ယခင်နှစ် အစောပိုင်း နှစ်ဝက်ကာလနှင့် နှိုင်းယှဥ်ကြည့် လျှင် ၅ ရာခိုင်နှုန်း အရောင်းမြင့်တင်နိုင်ခဲ့ကြောင်း သိရပါသည်။

Source: Xinhua

DOCA(ရန်ကုန်)                                                                                   

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ