ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

MISTI ဝန်ကြီးက ကမ္ဘောဒီးယား၏ ဆန်စပါးကဏ္ဍကို မြှင့်တင်ရာတွင် ဆန်းသစ်တီထွင်မှုနှင့် စံနှုန်းများကို အလေးပေးဖော်ပြ

            ကမ္ဘောဒီးယားနိုင်ငံ၊ စက်မှု၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဝန်ကြီး Hem Vanndy က ကမ္ဘောဒီးယား ဆန်စပါးလုပ်ငန်း ခိုင်မာစေရေးအတွက် ဆန်းသစ်တီထွင်မှုနှင့် စံချိန်စံညွှန်းများကို ၂၆-၈-၂၀၂၅ ရက်နေ့က အလေးပေးပြောကြားခဲ့သည်။ ဝန်ကြီးက ဆန် ထုတ်လုပ်နိုင်မှု၊ တီထွင်ဆန်းသစ်မှုနည်းပညာအသစ်များကို အသုံးပြု၍ ကြိတ်ခွဲကာ တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ပြောင်းလဲနိုင်မှု၊  အခြားပြိုင်ဆိုင်မှုဆိုင်ရာ အားသာချက်များနှင့် ကမ္ဘောဒီးယားဆန်၏ နိုင်ငံတကာဂုဏ်သတင်းကို ပေါင်းစပ်နိုင်မှုဟာ နိုင်ငံတော်စီးပွားရေး၏ အရေးကြီးသောကဏ္ဍအတွက် ဂုဏ်ယူမှုသင်္ကေတတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထုတ်လုပ်မှုတွင် ဘေးကင်းလုံခြုံစေရေး၊ ခေတ်မီစက်ယန္တရားများအသုံးပြုခြင်းဖြင့် ကုန်ထုတ် စွမ်းအားမြှင့်တင်ရေးနှင့် ဆန်စက်လုပ်ငန်းရှင်များနှင့် SME လုပ်ငန်းများကို ပံ့ပိုးကူညီရန် နိုင်ငံတော်၏ အခြေခံအဆောက်အအုံများ ပံ့ပိုးပေးရေးအပါအဝင် MISTI ၏ ပံ့ပိုးကူညီမှုများကို ဆက်လက်ပြောကြားခဲ့သည်။ Vanndy က နိုင်ငံတော်စံနှုန်းကောင်စီ၏ သက်ဆိုင်ရာနည်းပညာ ကော်မတီများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ဆန်ထွက်ကုန်များနှင့် အခြားဆန်ထွက်ကုန်များအတွက် ကမ္ဘောဒီးယားစံနှုန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။  ဝန်ကြီးဌာနသည် အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု တက္ကသိုလ်အတွက် ဦးစားပေးအဖြစ် သတ်မှတ်ထားပြီး ပုဂ္ဂလိကကဏ္ဍ၊ အဆင့်မြင့်ပညာရေးနှင့် သုတေသန အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ကာ ကမ္ဘောဒီးယားနိုင်ငံ၏ စားနပ်ရိက္ခာ ဆိုင်ရာအချုပ်အခြာအာဏာနှင့် စားနပ်ရိက္ခာဖူလုံရေးတို့ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ဒေါ်လာ ၂၅၇ သန်းတန်ဖိုးရှိ စီမံကိန်းအသစ် ၁၇ ခုကို အတည်ပြုခဲ့

          ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) သည် ၂၆-၈-၂၀၂၅ ရက်နေ့တွင် Preah Sihanouk ပြည်နယ်၌ ရင်းနှီးမြှုပ်နှံမှုမတည်ငွေ ဒေါ်လာ ၂၅၇ သန်းဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်လုပ်ငန်း ၁၇ ခု အတွက် အထူးမက်လုံးများ ပေးခဲ့သည်။ စီးပွားရေးနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး၏ အကြံပေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ Hean Sahib က ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး စီမံကိန်းများအတွက် အငြင်းပွားမှု ဖြေရှင်းရေး အဆိုပြုချက်များ အား ပြန်လည်သုံးသပ်ရန် အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်၏ ဒုတိယ အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်နယ်အာဏာပိုင်များနှင့် သက်ဆိုင်ရာနယ်ပယ်များမှ ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် Sahib က ပြည်တွင်းထွက်ကုန်များ အားကောင်း လာစေရန်၊ ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်၊ အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ ပို့ကုန် တိုးချဲ့ခြင်း၊ ပြည်တွင်းထွက်ကုန် ထုတ်ကုန်များနှင့် သွင်းအားစုများ အသုံးပြုမှု မြှင့်တင်ရန် လုပ်ငန်းအဖွဲ့အား ဆက်လက်ဆောင်ရွက်သွားကြရန် ညွှန်ကြားခဲ့သည်။ အတည်ပြုထားသော ပရောဂျက်များတွင် စိုက်ပျိုးရေးခရီးသွားလုပ်ငန်း၊ အပန်းဖြေစခန်းများ၊ အလှဆင်ပစ္စည်းများနှင့် ပရိဘောဂပစ္စည်းများထုတ်လုပ်ခြင်းနှင့် ပြုပြင်ထုတ်လုပ်သည့် စက်ရုံများ၊ တက္ကသိုလ်များ၊ ဆေးရုံများနှင့် ဆိုလာဓာတ်အားပေးစက်ရုံများ ပါဝင်သည်။ ထို့အပြင် Sahib သည် ကမ္ဘောဒီးယား -ထိုင်းနယ်စပ်တလျှောက် တင်းမာမှုများကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ပြောကြားခဲ့ပြီး အမေရိကန်အကောက်ခွန်နှုန်းထားကို ၁၉ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ကြောင်း Sahib က အလေးပေးပြောကြားခဲ့သည်။  အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုများ သည် ကမ္ဘောဒီးယားနိုင်ငံတွင် ရှိနေပြီးဖြစ်သော ရင်းနှီးမြှုပ်နှံသူများကို ထိန်းသိမ်းရန်၊ ရင်းနှီးမြှုပ်နှံမှုအသစ်များကို ဆွဲဆောင်ရန်နှင့် ပိုမိုအဆင်ပြေသော ရင်းနှီးမြှုပ်နှံမှု ပတ်ကို ဝန်းကျင်ကိုဖန်တီးရန်နှင့် နှစ်ဆတိုးရန် လိုအပ်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။ နယ်စပ်ပြဿနာသည် ထောက်ပံ့ရေးကွင်းဆက်များ၊ ထုတ်လုပ်မှု၊ အလုပ်အကိုင်နှင့် စားသုံးသူဝယ်လိုအား ပြတ်တောက်မှုများ အပါအဝင် ကုန်သွယ်မှု စီးဆင်းမှုများ အထူးသဖြင့် ပြည်တွင်း ကုန်ကြမ်းများတွင် ပို့ကုန်နှင့်သွင်းကုန်များ အပါအဝင် သိသိသာသာ အကျိုးဆက်များ ရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။  ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ် သြဂုတ်လအထိ Preah Sihanouk Investment Promotion Working Group မှ စီမံကိန်း ၃၇၅ ခုအတွက် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၇.၈၉ ဘီလီယံရှိပြီး အလုပ်အကိုင်ပေါင်း ၅၆,၇၀၀ ခန့် ဖန်တီးပေးနိုင်ကြောင်း နှင့် အဆိုပါစီမံကိန်းများတွင် ရပ်ဆိုင်းထားသည့် အဆောက်အအုံများနှင့် ပတ်သက်သည့် စီမံကိန်း ၁၇၆ ခု၊ စီမံကိန်းအသစ် ၁၆၁ ခု၊ တိုးချဲ့စီမံကိန်း ၂၅ ခုနှင့် လက်ရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၃ ခုတို့ပါဝင်ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

Greem Digital ငွေကြေးကဏ္ဍကို မြှင့်တင်ရန် CAC နှင့် NBC တို့ ဆွေးနွေး

            ကမ္ဘောဒီးယားနိုင်ငံ၊ သီဟိုဠ်စေ့အသင်း (CAC) သည် ကမ္ဘောဒီးယား အမျိုးသားဘဏ် (NBC) နှင့် မကြာသေးမီက တွေ့ဆုံခဲ့ပြီး Green Digital ဘဏ္ဍာရေးကဏ္ဍတွင် နိုင်ငံ၏တိုးတက်မှု၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကြားတွင် အာရုံစိုက်မှု ကြီးထွားလာနေမှုကို ဆွေးနွေးခဲ့ကြသည်။ NBC သည် အာဆီယံနှင့် အရှေ့အာရှဆိုင်ရာ စီးပွားရေးသုတေသနဌာန (ERIA) နှင့် ပူးပေါင်း၍ ကမ္ဘောဒီးယားနိုင်ငံရှိ Green Digital ငွေကြေးထောက်ပံ့မှု၏ လက်ရှိအခြေအနေကို အကဲဖြတ်ရန် ပြည့်စုံသော သုတေသနစီမံကိန်းတစ်ခုကို လက်ရှိတွင် ဆောင်ရွက်လျက်ရှိသည်။ ရည်မှန်းချက်မှာ ကမ္ဘောဒီးယားစီးပွားရေးအတွင်း သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့မှုနှင့် ရာသီဥတုရည်မှန်းချက်များကို ပံ့ပိုးပေးသည့် အစိမ်းရောင်ဒစ်ဂျစ်တယ်ငွေကြေးဘဏ္ဍာရေး ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ ကြီးထွားလာစေရန် တွန်းအားပေးမည့် မဟာဗျူဟာများကို ဖော်ဆောင်ရန်ဖြစ်သည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘောဒီးယား၏ဘဏ္ဍာရေးစနစ်များကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များနှင့် ချိန်ညှိရန်၊ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍနှစ်ခုလုံးတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးအရတာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများကို ပံ့ပိုးကူညီရန် ကမ္ဘောဒီးယား၏ တိုးမြင့်လာမှုကို အလေးပေးရန်ဖြစ်သည်။

Source: Khmer Times

DOCA(ရန်ကုန်)

ဆန်ဈေးကျဆင်းမှုအား တန်ပြန်ရန်အတွက် ပို့ကုန်ပြုပြင်ပြောင်းလဲမှုများကို အစိုးရက အကြမ်းဖျင်းဖော်ပြထား

          ကမ္ဘာလုံးဆိုင်ရာထောက်ပံ့မှုနှင့် ကုန်သွယ်မှုဖိအားများကြားတွင် ကြီးထွားလာနေသော ဆန်ဈေးတည်ငြိမ်ရန်၊ လယ်သမားများ၏ ၀င်ငွေကို ကာကွယ်ရန်နှင့် ကမ္ဘောဒီးယား၏ ယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းစေရန်အတွက် ပို့ကုန်ကို အဓိကထား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး ပြောင်းလဲမှုအစုံအလင်ကို တော်ဝင်အစိုးရက ၂၆-၈-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်စပါးဈေးကွက် တိုးချဲ့ရေးနှင့် ပို့ကုန်ကွဲပြားစေရေး မဟာဗျူဟာ ၂၀၂၅-၂၀၃၀ ၏ တရားဝင် မိတ်ဆက်ပွဲကို ဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MEF)၊ ပြည်ထောင်စုဝန်ကြီး Pornmoniroth မှ ဆောင်ရွက်ခဲ့ပြီး လယ်သမားများ၊ ဆန်စက်များနှင့် ပို့ကုန်လုပ်ငန်းရှင်များ ရင်ဆိုင်နေရသော ဖိအားများကို အသိအမှတ်ပြုခဲ့ပြီး ဆန်စပါးကဏ္ဍသည် ဒေသတွင်းတွင် အမြဲတမ်း ထိတ်လန့်တုန်လှုပ်လျက် ရှိကြောင်းနှင့် ဆန်စပါးကဏ္ဍ၏အခြေအနေသည် အဆက်မပြတ် ပြောင်းလဲလျက်ရှိပြီး ဖွံ့ဖြိုးတိုးတက်မှုများကို အနီးကပ်စောင့်ကြည့်ရန်နှင့် စွန့်စားရမှုတွေကို စီမံခန့်ခွဲရန်နှင့် ခံနိုင်ရည်ရှိနိုင်စေရန်အတွက် အစီအမံတွေကို လုပ်ဆောင်ရန် လိုအပ်ကြောင်း Pornmoniroth က ပြောကြားခဲ့သည်။ ဝယ်လိုအား အားကောင်းမှုနှင့် အားနည်းသော ရောင်းလိုအားကြောင့် ၂၀၂၄ ခုနှစ်က မြင့်မားနေဆဲဖြစ်သော ဆန်ဈေးနှုန်းသည်၌ သိသိသာသာ ကျဆင်းသွားကြောင်း MEF ဝန်ကြီးက အလေးပေးပြောကြားခဲ့သည်။ Pornmoniroth က အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုများသည် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးစီးပွားရေး၏ အားနည်းချက်ကို ပြင်ပမှလှုပ်ခတ်မှုများနှင့် ကွဲပြားပြီး ခံနိုင်ရည်ရှိစေရန် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၏ အရေးပါမှုကို ဖော်ပြထားကြောင်း Pornmoniroth က အလေးပေးပြောကြားခဲ့သည်။ Pornmoniroth က စီးပွားရေးနှင့်ဘဏ္ဍာရေးမူဝါဒကော်မတီ (EFPC) အောက်တွင် လည်ပတ်နေသော ကမ္ဘောဒီးယားနိုင်ငံရှိ ဦးစားပေး စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုကို အားပေးမြှင့်တင်သည့် အသစ်ဖွဲ့စည်းထားသော ဝန်ကြီးဌာနအချင်းချင်း လုပ်ငန်းအဖွဲ့၏ အခန်းကဏ္ဍကို အလေးပေးဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ရန် ဝန်ကြီးဌာနများ နားလည်မှုစာချွန်လွှာ ရေးထိုး

           ကမ္ဘောဒီးယားနိုင်ငံ၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန (MPTC)၊ ပြည်ထောင်စုဝန်ကြီး Chea Vandeth နှင့် ရေအရင်းအမြစ်၊ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Thor Cheth တို့သည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး ကြိုးပမ်းဆောင်ရွက်မှုများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ၂၇-၈-၂၀၂၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့)တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မိုးလေဝသ (MOWRAM) ဝန်ကြီး Chetha တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။ MPTC ရုံးချုပ်၌ ပြုလုပ်ခဲ့သည့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ ဝန်ကြီးဌာန နှစ်ရပ်လုံးမှ အကြီးတန်း အရာရှိများ တက်ရောက်ခဲ့ကြသည်။ နားလည်မှုစာချွန်လွှာ အရ MPTC သည် စာရွက်စာတမ်းစိစစ်ရေးပလပ်ဖောင်း verify.gov.kh အကောင်အထည်ဖော်မှု၊ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံနှင့် ကြိုးမဲ့အင်တာနက်ချိတ်ဆက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ အစိုးရဝန်ထမ်းများအတွက် ဒစ်ဂျစ်တယ်စွမ်းရည်မြှင့်တင်ရေးအစီအစဉ်များအပါအဝင် အဓိက ကဏ္ဍအများအပြားတွင် MPTC မှ ပံ့ပိုးကူညီမည်ဖြစ်သည်။ verify.gov.kh သည် MPTC မှ ဖန်တီးထားသော အစိုးရပလက်ဖောင်းတစ်ခုဖြစ်သည်။  ၎င်းသည် အတုအပစာရွက်စာတမ်းများကို ဖယ်ရှားရန်၊ အသုံးပြုသူအဆင်ပြေစေရန်နှင့် တရားဝင်စာရွက်စာတမ်းများတွင် QR ကုဒ် တစ်ခုပေါင်းစပ်ခြင်းဖြင့် စာရွက်မိတ္တူအတည်ပြုရန်လိုအပ်မှုကို ဖယ်ရှားပေးရန်အတွက် ဒီဇိုင်းထုတ်ထားကြောင်း သိရှိရပါသည်။

Source: Khmer Times                                                                                   

DOCA(ရန်ကုန်)

တောင်ကိုရီးယားနိုင်ငံ၏ လက်လီရောင်းအား ဇူလိုင်လတွင် ၉.၁ ရာခိုင်နှုန်း မြင့်တက်

             တောင်ကိုရီယားနိုင်ငံ၏ လက်လီရောင်းအားသည် အွန်လိုင်မှဝယ်ယူမှုများလာခြင်းကြောင့် အစားအစာ၊နေ့စဉ်သုံးပစ္စည်းများနှင့် ဝန်ဆောင်မှုများသည် ပြီးခဲ့သည့်လတွင် ဂဏန်းတစ်လုံးမြင့်တက်လာခဲ့ကြောင်း အစိုးရက သြဂုတ်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။

          ကုန်သွယ်ရေး၊စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၏ အဆိုအရ အွန်လိုင်းနှင့် အော့ဖ်လိုင်း လက်လီရောင်းချသူများ၏ ရောင်းရငွေသည် ဇွန်လိုင်လအတွင်း ၉.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

           အွန်လိုင်းလက်လီရောင်းချသူများ၏ ဝင်ငွေသည် ၁၅.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အော့ဖ်လိုင်းရောင်းချသူများ၏ ရောင်းအားမှာ ယခင်လက ၁၁ ရာခိုင်နှုန်း ကျဆင်းပြီးနောက် ဇူလိုင် လတွင် ၂.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

          အစိုးရသစ်၏ သမ္မတ Lee Jae-Myung သည် ဇွန်လအစောပိုင်းတွင် ရာထူးတက်လာ ပြီးနောက် စားသုံးသူဝယ်လိုအား မြင့်တင်ရန် ရည်ရွယ်သည့် ငွေသားထောက်ပံ့ပေးရန် အပိုဘဏ္ဍာ ရေးအသုံးစရိတ် အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

             အွန်လိုင်းတွင် အစားအသောက်ဝယ်လိုအား ၂၄.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး နေ့စဉ်သုံး ပစ္စည်းများ၏ အွန်လိုင်းရောင်းအား ၁၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

            ခရီးသွားလာမှု အစားအသောက်ပို့ဆောင်မှုနှင့် အွန်လိုင်လျော့ဈေးကဒ် ဝယ်ယူမှုအပါအဝင် ဝန်ဆောင်မှုများကို အွန်လိုင်းဝယ်လိုအား ၂၄.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အလှကုန်နှင့် ကလေးပစ္စည်းများ ရောင်းအားနှစ်ဆ တိုးတက်ခဲ့ပါသည်။

         စတိုးဆိုင်များရှိ အိမ်သုံးပစ္စည်းများနှင့် အဝတ်အထည်များအတွက် ဝယ်လိုအား ဂဏန်း တစ်လုံး ကျဆင်းခဲ့သော်လည်း အစားအသောက်၊အားကစားပစ္စည်းများ၊ နေ့စဉ်သုံးပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ အော့ဖ်လိုင်းရောင်းအားသည် ဇူလိုင်လတွင် တိုးတက်ခဲ့ပါသည်။

          ကုန်တိုက်နှင့် စတိုးဆိုင်များမှ ဝင်ငွေသည် ၅.၁ ရာခိုင်နှုန်း နှင့် ၃.၉ ရာခိုင်နှုန်းစီ တက်လာခဲ့သော်လည် လျော့ဈေးဆိုင်များတွင် ရောင်းအား ဂဏန်းတစ်လုံးလျော့ကျခဲ့ပါသည်။

Source : Xinhua

DOCA(ရန်ကုန်)                                                                                 

တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားငွေ အပ်နှံမှုများ ဇူလိုင်လတွင်ကျဆင်း

             တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံခြားငွေအပ်နှံမှုများသည် အမေရိကန်ဒေါ်လာနှင့် တရုတ်ငွေကြေးတို့ကို အသုံးပြုချင်သူ နည်းပါးလာသည့်အတွက် ဝယ်လိုအားနည်းသွားသောကြောင့် သုံးလအတွင်း ကျဆင်းသွားကြောင်း သြဂုတ်လ ၂၇ ရက်နေ့ ထုတ်ပြန်သည့် ဗဟိုဘဏ် အချက်အလက်များအရ သိရှိရပါသည်။

          နိုင်ငံခြားငွေကြေးအပ်ငွေများသည် ကုန်ခဲ့သောလက အမေရိကန်‌ဒေါ်လာ ၁.၂၉ ဘီလီံယံ ကျုံ့သွားခဲ့ပြီး ဇူလိုင်လကုန်တွင် အမေရိကန်ဒေါ်လာ ၁၀၅.၁၅ ဘီလီယံထိ ရောက်ရှိခဲ့ပါကြောင်း ကိုရီးယားဗဟိုဘဏ် (BOK) ကပြောကြားခဲ့ပါသည်။

          အမေရိကန်နှင့် တရုတ်ငွေကြေးအပ်နှံမှုများသည် စီးပွားရေးကျဆင်းမှုများကြောင့် ဝယ်လိုအားကျဆင်းသွားခြင်း ဖြစ်ပါသည်။အမေရိကန်ဒေါ်လာနှင့် သတ်မှတ်ထားသော အပ်ငွေသည် ယခင် လထက် ဒေါ်လာ ၀.၄၂ ဘီလီယံလျော့ကျခဲ့ပြီး ဇူလိုင်လကုန်တွင် ဒေါ်လာ ၈၈.၇၂ ဘီလီယံသို့ ရောက်ရှိခဲ့ပါသည်။ တရုတ်ယွမ်အပ်ငွေသည် ဒေါ်လာ ၀.၈၉ ဘီလီယံ လျော့ကျခဲ့ပြီး ဒေါ်လာ ၁.၁၉ ဘီလီယံသို့ ရောက်ရှိခဲ့ပါသည်။

          ဂျပန်ယန်းအပ်ငွေသည် ဒေါ်လာ ၀.၀၅ ဘီလီယံထပ်တိုးခဲ့ပြီး ဒေါ်လာ၈.၇၄ ဘီလီယံသို့ ရောက်ရှိခဲ့သော်လည်း ယူရိုအပ်ငွေသည် ဒေါ်လာ ၀.၁၄ ဘီလီယံ လျော့ကျခဲ့ပြီး ဒေါ်လာ ၅.၀၇ ဘီလီယံသို့ ရောက်ရှိခဲ့ပါသည်။

          ကုမ္ပဏီများ၏ နိုင်ငံခြားငွေကြေးအပ်ငွေသည် ‌ဒေါ်လာ ၁.၁၅ လျော့ကျခဲ့ပြီး ဒေါ်လာ၉၀.၄၂ ဘီလီယံသို့ ရောက်ရှိခဲ့ကာ တစ်ဦးချင်အပ်ငွေသည် ဒေါ်လာ ၀.၀၄ ဘီလီယံ ကျဆင်းခဲ့ပြီး ဒေါ်လာ ၁၄.၇၃ ဘီလီယံသို့ ရောက်ရှိခဲ့ပါသည်။

Source : Xinhua

DOCA(ရန်ကုန်)                                                                                 

စင်္ကာပူနိုင်ငံ၏ ငွေကြေးဖောင်းပွမှု ဇူလိုင်လတွင် ၀.၅ ရာခိုင်နှုန်း လျော့ကျ

          စင်္ကာပူနိုင်ငံ၏ အဓိကငွေကြေးဖောင်းပွမှုသည် တစ်နှစ်ထက်တစ်နှစ် ကျဆင်းခဲ့ရာ ဇွန်လတွင် ၀.၆ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဇူလိုင်လတွင် ၀.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ၂၀၂၅ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

          ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် စင်္ကာပူငွေကြေးအာဏာပိုင်အဖွဲ့တို့ ပူးပေါင်းထုတ် ပြန်ချက်တွင် လက်လီနှင့် အခြားကုန်ပစ္စည်းများ၏ ဈေးနှုန်းကျဆင်းခြင်း၊ လျှပ်စစ်နှင့်သဘာဝ  ဓာတ်ငွေ့တို့မှ ငွေကြေးများ ဖောင်းပွမှုလျော့နည်းလာခြင်းတို့ကြောင့် စီးပွားရေးနှေးကွေးလာ ရခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။

          အဓိကစားသုံးသူဈေးနှုန်းသည် တစ်လချင်းအလိုက် ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ အဓိက ငွေကြေးဖောင်းပွမှုနှုန်းသည် ဇွန်လတွင် ၀.၈ ရာခိုင်နှုန်း ရှိရာမှ ဇူလိုင်လတွင် ၀.၆ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပါသည်။အဓိကငွေကြေးဖောင်းပွမှု ကျဆင်းခဲ့သည့်အပြင် နေထိုင်မှုဆိုင် ရာ ငွေကြေး ဖောင်းပွမှုလည်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua 

DOCA(ရန်ကုန်)                                                                                 

နယူးဇီလန်နိုင်ငံ၏ Zespri ကုမ္ပဏီသည် ၂၀၂၅/၂၀၂၆ ရာသီတွင် ကီဝီသီးများ စိုက်ပျိုး ထုတ်လုပ်မှု ပြန်လည်စံချိန်တင်မည်ဟု ခန့်မှန်းထား

             နယူးဇီလန်နိုင်ငံ၏ ကီဝီသီးစျေးကွက်ရှာဖွေသူ Zespri ကုမ္ပဏီသည် သစ်သီးဝလံအများစုအနက် ကီဝီသီးစိုက်ပျိုးသော လယ်သမားများသည် ၂၀၂၅/၂၀၂၆ ရာသီတွင် ၎င်းတို့၏ စံချိန်တင် စိုက်ပျိုးထုတ်လုပ်မှု ပြန်လည်ရရှိမည်ဟု ခန့်မှန်းထားသည်။ Sun Gold နှင့် Organic Green အမျိုး အစားတို့မှ လွဲ၍ ကုန်မျိုးကွဲများအားလုံးအတွက် တစ်ဟတ်တာပျမ်းမျှထွက်ရှိမှုသည် စံချိန်တင် အဆင့်သို့ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး အဓိကစျေးကွက်များတွင် ခိုင်မာသောရောင်းလိုအားကို ထင်ဟပ်စေကြောင်း အမှုဆောင်အရာရှိချုပ် Jason Te Brake မှ သြဂုတ်လ ၂၀ ရက် နေ့က ထုတ်ပြန်ချက်ကို ကိုးကား၍ ပြောကြားခဲ့သည်။ Zespri သည် ရာသီဒုတိယနှစ်ဝက်တွင် ရောင်းအားများရရှိလာပါက စိုက်ပျိုးထုတ်လုပ်မှုတန်ဖိုးကို မြင့်တင်ရန်အာရုံစိုက်ထား ကြောင်း Te Brake မှ ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်ရောင်းချမှုရည်မှန်းချက် နယူးဇီလန် ဒေါ်လာ ၄.၅ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂.၆၂ ဘီလီယံ) ကိုပြည့်မှီအောင်ဆောင်ရွက်ပြီး နောက် Zespri ကုမ္ပဏီသည် ၎င်း၏ ၂၀၃၅ ခုနှစ် ကမ္ဘာ့ထိပ်တန်းကျန်မာရေးနှင့်ညီညွတ်သော သစ်သီးအမှတ် တံဆိပ်ဖြစ်စေရန်ဟူသော ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။ Zespri သည် ၁၉၉၇ မှ စ၍ နယူးဇီလန်နိုင်ငံမှ စိုက်ပျိုးသူများ၏ပူးပေါင်း ဆောင်ရွက်သူအဖြစ် တည်ထောင်ခဲ့ပြီး နယူးဇီလန်စိုက်ပျိုးသူ ၂၈၀၀ နှင့် နိုင်ငံတကာ စိုက်ပျိုးသူ ၁၅၀၀ ပူး ပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)

၂၀၂၆ ခုနှစ်တွင် တရုတ်နိုင်ငံစျေးကွက်အတွင်းသို့ဝင်ရောက်မည့် “Golden Apple”

          ရုရှားရေမွှေးနှင့် အလှကုန် လက်လီရောင်းချသူ Golden Apple သည် စတိုးဆိုင်ဖွင့်လှစ်ခြင်းနှင့် ရှန်ဟိုင်းတွင် အွန်လိုင်းရောင်းချခြင်းများ စတင်ခြင်းဖြင့် ၂၀၂၆ ခုနှစ်တွင် တရုတ်ဈေးကွက်သို့ ဝင်ရောက်မည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။ လက်လီရောင်းချသူသည် ရှော့ပင်းမောလ်အတွင်း ဆိုင်ခန်းငယ်ဖွင့်လှစ်မည်မဟုတ်ဘဲ အဆောက်အအုံတစ်ခုလုံးအသုံးပြု ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြေညီထပ်ကို လက်လီရောင်းချသည့်နေရာအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး အပေါ်ထပ်များသည် ဒေသတွင်းလုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ်ကာ ကုမ္ပဏီ၏ဗဟို ချက်တွင် နေရာယူမည်ဖြစ်သည်။ ရုရှားထုတ်ကုန်များသည် အချို့သောအပိုင်းများတွင် လူကြိုက် များနေပြီဖြစ်သည်ကို ၎င်းတို့ သတိပြုမိပြီး ရုရှားအလှကုန်ထုတ်လုပ်သူများသည် တရုတ်နိုင်ငံတွင် တည်ထောင်ထားသောအမှတ်တံဆိပ်များနှင့် တန်းတူယှဉ်ပြိုင်နိုင်မည်ဟု ယုံကြည်ကြောင်း ကုမ္ပဏီကို ပူးတွဲတည်ထောင်သူနှင့် ပူးတွဲပိုင်ရှင် Ivan Kuzovlev မှ ပြောကြားခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကုမ္ပဏီသည် ရုရှားနိုင်ငံ၏ အကြီးဆုံး omnichannel ရေမွှေး နှင့် အလှကုန် လက်လီရောင်းချသူများထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် လက်ရှိတွင် ရုရှား၊ ကာဇက်စတန်၊ ဘီလာရုစ်၊ ကာတာ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ဆော်ဒီအာရေဗျ နိုင်ငံများတွင်လည်း လုပ်ငန်းများလည်ပတ်လျက်ရှိကြောင်း သိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ