Cebu ကွန်ဒိုတွင် ပီဆို ၉.၂ ဘီလီယံခန့် အဆင့်မြင့်တင်ရန် ဂျပန်ကုမ္ပဏီနှင့် ပူးပေါင်းလိုက်သည့် CLI ကုမ္ပဏီ

Cebu Landmasters Inc. (CLI) ကုမ္ပဏီသည် Cebu IT ပန်းခြံတွင် ပီဆို ၉.၂ ဘီလီယံခန့် တန်ကြေးရှိသော အဆင့်မြင့်အိမ်ရာ စီမံကိန်းတည်ဆောက်ရန် ဂျပန်နိုင်ငံမှ NTT Urban Development (NTTUD) ကုမ္ပဏီနှင့် ပူးပေါင်းလိုက်ကြောင်း သိရပါသည်။ Wave Tower သည် CLI ၏ ပထမဆုံး နိုင်ငံတကာ ဖက်စပ်စီမံကိန်းဖြစ်ကြောင်း သိရပါသည်။ ၎င်းစီမံကိန်းကို ဖက်စပ်စီမံကိန်းကုမ္ပဏီဖြစ်သော CLI NUD စီမံကိန်းတွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရပါသည်။ NTTUD သည် ဂျပန်နိုင်ငံ NTTအဖွဲ့အစည်း၏ အိမ်ခြံမြေလုပ်ငန်းမောင်းတံဖြစ်ပြီး Tokyo၊ Melbourne၊ Boston၊ London နှင့် New York မြို့များတွင်လည်း လုပ်ငန်းများ ချဲ့ထွင်လျက် ရှိကြောင်း သိရပါသည်။ CLI က အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် ကုမ္ပဏီ၏ သက်သေပြထားသော စံချိန်မှတ်တမ်းများတွင် ယုံကြည်မှုအားကောင်းလာစေနိုင်ပြီး နိုင်ငံတကာ ၏ယုံကြည်မှု နှင့် ရေရှည်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးများ ယူဆောင်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ Wave Tower စီမံကိန်းတွင် အထပ် ၄၀ ရှိသော Nagomi Tower မှစကာ လူနေအဆောက် အဦး ၂ ခုပါဝင်မည်ဖြစ်ပြီး ပထမ tower တွင် ဂျပန်နိုင်ငံ၏ အနုပညာလက်ရာများနှင့် အတွင်းပိုင်း အလှဆင်ထားသော အိမ်ခန်းပေါင်း ၇၀၉ ခန်းခန့် ပါဝင်မည်ဖြစ်ကြောင်းနှင့် ၎င်း Tower တွင် အပန်းဖြေစခန်းနှင့် အားကစားခန်းမများ ပါဝင်ကြောင်း သိရပါသည်။
Philstar
DOCA(ရန်ကုန်)









