HighLight News

Powered by Drupal

ထီးတန်းဆိပ်ကမ်းရှိ Htoo ဆီကန်မှ စက်မှုကုန်ကြမ်းသုံး စားအုန်းဆီများထုတ်ပေးနေမှုကို သွားရောက်စစ်ဆေး

     ပြည်နယ်နှင့်တိုင်းဒေသကြီးအသီသီးရှိ MSMES စီးပွားရေးလုပ်ငန်းရှင်များ စားအုန်းဆီများဝယ်ယူရာ၌ အဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းကာ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဟိုတယ်၊ စားသောက်ကုန်ထုတ်လုပ်ရောင်းချသူများ၊ စားသောက်ကုန်ထုတ်လုပ်သည့် အသေးစား၊ အလတ်စား စားသောက်ကုန်လုပ်ငန်းရှင်များအား စက်မှုကုန်ကြမ်းသုံး စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်းဆိပ်ကမ်းရှိ Htoo ဆီကန်မှ (၅-၂-၂၀၂၄) ရက်နေ့မှ (၁၀-၂-၂၀၂၄) ရက်နေ့အထိ  တစ်ပိဿာလျှင် (၆၀၉၀) ကျပ်ဈေးနှုန်းဖြင့် ဆီပေပါအလုံးရေစုစုပေါင်း ၄၅၉၄လုံး ထုတ်ပေးခဲ့ပြီး (၁၃-၂-၂၀၂၄) ရက်နေ့အထိ ရည်ညွှန်းဈေးပြောင်းလဲမှုမရှိကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးကို သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်တင်တင်ဌေး (ရုံးအုပ်)၊ ဒေါ်ဖြူဖြူမြင့် (ဒုကြီးကြပ်ရေးမှူး)၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးမြင့်ထွေး၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှ ဈေးတာဝန်ခံ ဦးဝေဝင်းအောင်တို့သည် ၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၃)ရက်နေ့တွင် တိုက်ကြီးနှင့်မှော်ဘီမြို့နယ်ရှိဈေးများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    ထိုသို့စစ်ဆေးခဲ့ရာတွင် တိုက်ကြီးနှင့်မှော်ဘီမြို့နယ်မှ ကျန်းမာရေးဦးစီးဌာန၊ ဈေးတာဝန်ခံများနှင့်  တိုက်ကြီးမြို့နယ်နှင့် မှော်ဘီမြို့နယ်များရှိ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးဖြစ်သည့် Similac, Gold Power, Pediasure, Dupro (1),DG-2  နှင့် စားသုံးဆီအမျိုးမျိုးဖြစ်သော ရွှေနန်းထိုက်၊ အမေထွား၊ ရန်ကုန်၊ ရွှေအုံ၊ Cook၊ Goody၊ Lotus၊ Sunar၊ Meizan၊ Yarthetpan အစရှိသော စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြပါရှိ ရရမည့်အချက်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ကိုက်ညီသည့် ကုန်စည်များကိုသာဝယ်ယူရောင်းချရန်လိုအပ်ကြောင်းအသိပညာပေးပြောကြားခဲ့ပြီးနောက် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ရာ ပြည့်စုံမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။

DOCA(ရန်ကုန်)

“ တွံတေးမြို့နယ်၌ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ တွံတေးမြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ဆေးနှင့်စတိုးအရောင်းဆိုင်များသို့ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် လုပ်ငန်းရှင်များနှင့်သွားရောက်တွေ့ဆုံ၍ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များ အား အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ပူးပေါင်းအဖွဲ့သည် တွံတေးမြို့နယ်၊ မင်းပိုင် ရပ်ကွက်နှင့် ရွှေစံတော်ရပ်ကွက်များရှိ စတိုးဆိုင်ကြီးများသို့သွားရောက်ခဲ့ပြီး ဈေးကွက်အတွင်းရောင်းချနေသော ကလေးအာဟာရဖြည့်စွက်စာများဖြုသည့် Gold Power ကုန်အညွှန်း အမှတ်တံဆိပ် ကလေးအာဟာရဖြည့်စွက်မှုန့်နှင့် Nestle Cerelac ဆန်၊ ပဲ၊ နို့ စသည့်ကလေးငယ်နှင့် နို့စို့ကလေးငယ်များအတွက် ဖော်စပ်သည့်အစာတို့တွင် ကုန်ညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံစွာရေးသားဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ဆိုင်ပိုင်ရှင်များအနေဖြင့် မိမိတို့၏ဆိုင်တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ဘေးအန္တရာယ်ကင်းရှင်းစေနိုင်သော ကုန်ပစ္စည်းများကိုသာဝယ်ယူဖြန့်ဖြူးရောင်းချစေလိုကြောင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော၊ သက်တမ်းကုန်ဆုံးနေသာ သက်ဆိုင်ရာဌာနများမှတားမြစ်ထားသော ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့ကို မိမိတို့၏ဈေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ကြရန် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ ခရမ်းမြို့နယ်၌ စားသုံသူကာကွယ်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာတိုင်းရင်ဆေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးရေးလုပ်ငန်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ တမံကြီးကျေးရွာရှိ အ.ထ.က (ခွဲ) စာသင်ကျောင်း၌လည်း အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်းသိရပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်တွင်ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြပါရှိရမည့်အချက်များ၊ စားသုံးသူများအမှန်တကယ် နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသည့် စားသောက်ကုန်များ ကိုသာ ကြည့်ရှုစစ်ဆေးပြီးမှ ဝယ်ယူသုံးစွဲကြရန်၊ ဆိုးဆေးအများအပြားသုံးစွဲထားသော အစားအသောက်များကို အားပေးဝယ်ယူသုံးစွဲခြင်းများမပြုလုပ်ကြရန်၊ ဈေးကွက်အတွင်း တရားမဝင်ကုန်စည်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများကို မိမိတို့၏ဌာနအနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး ဆက်လက်၍ မြန်မာတိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက နိုင်ငံတော်အနေဖြင့် တိုင်းရင်းဆေးများကို အဆင့်မြှင့်တင်နိုင်ရေးအတွက် လမ်းညွှန်မှာကြားထားကြောင်း၊ ယခုအချိန်တွင်မိမိတို့ဌာနအနေဖြင့် အရည်အသွေးမြင့်တိုင်းရင်းဆေးများကိုထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းတို့ကိုအသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးကလည်း ပြည်သူများအနေဖြင့် အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online page မှတစ်ဆင့် စာအုပ်မိတ်ဆက်ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ အပြင်စာအုပ်များငှားရမ်းပေးခြင်း၊ စာအုပ်ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်ပေးခြင်းနှင့် စာပေများကို အဆက်မပြတ်လေ့လာဖတ်ရှုကြရန်နှင့် စာအုပ်၊ စာစောင်များလေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များရရှိလာပြီး ဘေးကင်းလုံခြုံစိတ်ချရသော အစားအသောက်များကို ရွေးချယ်ဝယ်ယူစားသောက်နိုင်မည်ဖြစ်သောကြောင့် မိမိတို့ဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးခြင်းလုပ်ငန်းအစီအစဉ်ကိုလည်း စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်သွားမည်ဟုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကလေးအာဟာရဖြည့်စွက်စာရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကော့မှူးမြို့နယ်ဒေသခံပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းများကိုဝယ်ယူစားသုံး ရာ၌ အစားအစာဘေးကင်းလုံခြုံစေရန်နှင့် စနစ်တကျဝယ်ယူစားသုံးတတ်စေရန်ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့မစည်ပင်သာယာဈေးပြင်ပရှိ ဗိုလ်ချုပ်လမ်းမကြီး၊ မကျီကန်ရပ်ကွက်တွင်ရှိသော ဆေးဆိုင်များနှင့်စတိုးဆိုင်များသို့သွားရောက်ကာ ဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံ၍ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးဖြန့်ဖြူးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးအသိပညာပေးခဲ့ကြောင်းသိရပါသည်။

     ထိုသို့ကွင်းဆင်းအသိပညာပေးရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့မှ ဝန်ထမ်းများပူးပေါင်း၍ ကော့မှူးမြို့နယ်၊ ဗိုလ်ချုပ်လမ်းမကြီးဘေးဝဲယာရှိ ဇာနည်ဆေးစတိုးနှင့် စန္ဒာစတိုးဆိုင်ကြီးများသို့သွားရောက်၍ လုပ်ငန်းရှင် ဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံကာ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးဖြန့်ဖြူးရောင်းချရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ဖြင့်ထုတ်ပြန်ထားသော “ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်” တွင် အုပ်စု(က) အစားအသောက်အုပ်စုများအောက်ရှိ အမှတ်စဉ်(၁၆)တွင် ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးနှင့်စပ်လျဉ်း၍ ကုန်ညွှန်းအမှတ်အသားဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဖော်ပြချက်များအရ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်များကို မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသော စားသောက်ကုန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံစွာမပါရှိ‌သော စားသောက်ကုန်များ၊ သက်တမ်းကုန်နေသော အစားအသောက်များကို ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ကြရန် စသည့် စားသုံးသူဆိုင်ရာသိကောင်းစရာများကို အကြံပြုဆွေးနွေးပြီး ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဖျာပုံခရိုင်၊ ဘိုကလေးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတွင် Talk Show ပြုလုပ်ဆောင်ရွက်ခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်နှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတွင် Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် ဘိုကလေးမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် မိမိတို့အနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူများအနေဖြင့် ရွေးချယ်ဝယ်ယူခွင့်ရှိကြောင်းနှင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက သက်ဆိုင်ရာတိုင်း/ခရိုင်/မြို့နယ်များရှိ စားသုံးသူရေးရာဦးစီးဌာနများနှင့် စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www. doca. gov. mm တွင်လည်းတိုင်ကြားနိုင်ကြောင်း  အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဖျာပုံမြို့နယ်ရှိ ဈေးကွက်အတွင်းရောင်းချ‌နေသော ဆေးဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ထိုသို့စစ်ဆေးရာ၌ လက်ရှိဈေးကွက်အတွင်းရောင်းချနေသော ဆေးဝါးပစ္စည်းများတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပြည့်စုံမှုရှိ/မရှိနှင့် တရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများကိုရောင်းချရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုကြရန်၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအနေဖြင့် ဆေးဝါးများကို အပတ်စဉ်ဝယ်ယူရောင်းချလျက်ရှိကြောင်း၊၎င်းဆေးဝါးများကို ဝယ်ယူစုဆောင်းသိုလှောင်မှုမရှိဘဲ လိုအပ်သည့်ဆေးဝါးများကိုသာ အပတ်စဉ် ပုံမှန်မှာယူရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ အဖွဲ့အနေဖြင့်လည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဝယ်ယူစုဆောင်းသိုလှောင်ခြင်းများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျိုက်လတ်မြို့နယ်၊ အမှတ်(၅) ရပ်ကွက်ရှိ ဦးဇော်မင်းနိုင်၏ “ဖြိုး” ငါးရံ့ခြောက်ဖုတ်လုပ်ငန်းအား MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ကျိုက်လတ်မြို့နယ်၊ အမှတ်(၅) ရပ်ကွက်ရှိ ဦးဇော်မင်းနိုင်၏ “ဖြိုး” ငါးရံ့ခြောက်ဖုတ်လုပ်ငန်းသို့သွားရောက်၍ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

    အဆိုပါကွင်းဆင်းစိစစ်ရာတွင် လိုအပ်သောကုန်ကြမ်းများကို ရန်ကုန်နှင့်မအူပင်မှ အဓိကဝယ်ယူရရှိကြောင်း၊ ရရှိလာသောကုန်ကြမ်းများကို အသင့်စားသောက်နိုင်သည်အထိ အဆင့်ဆင့် ထုတ်လုပ်ရကြောင်း၊ လုပ်သားအင်အား (၆) ဦးဖြင့် လည်ပတ်လုပ်ကိုင်လျက်ရှိပြီး တစ်ဦးလျှင် လုပ်ခလစာ တစ်သိန်းခွဲခန့်ပေးရပြီး ငါးရံ့ခြောက်ဖုတ်များကို ရန်ကုန်၊ နေပြည်တော်၊ မအူပင်၊ ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေးနှင့် ကျန်ဒေသများသို့လည်းဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ခေတ်မှီစက်ကိရိယာများအပြင် မီးသွေးမီးဖိုကိုအဓိကထား၍ ထုတ်လုပ်ရကြောင်းနှင့် ပလတ်စတစ်အထုပ်သေး၊ အထုပ်ကြီးနှင့် ဘူးများဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိပြီး မြို့နယ်တာဝန်ခံက  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်ရေးနှင့် ဈေးကွက်အတွင်း SMEs လုပ်ငန်းများတစ်နိုင်တစ်ပိုင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် မိမိတို့ဌာနအနေဖြင့် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကွင်းဆင်းစိစစ်ခဲ့မှုကိုသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့တွင် စားသုံးဆီလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း

    ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ မြို့နယ်တာဝန်ခံရုံးတွင် မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်းဦးဆောင်၍ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၉)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးဆီလုပ်ငန်းရှင်(၇) ဦးအား အသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမိုးမင်းသန်းက ပြည်ပမှတင်သွင်းလာသည့်  စားအုန်းဆီများကို စားသုံးသူပြည်သူများထံသို့ တိုက်ရိုက်ဖြန့်ဖြူးရာ၌ စနစ်တကျရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စနစ်တကျဖြန့်ဖြူးရောင်းချနိုင်ရေး၊ လက်လီ/လက်ကားရောင်းချသည့် ဆီလုပ်ငန်းရှင်များကိုလည်း စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်တာဝန်များနှင့် လိုက်နာဆောင်ရွက်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့မှုကိုသိရှိရပါသည်။

DOCA(ဧရာဝတီ)

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ပူးပေါင်းပါဝင်ပြသခဲ့

    (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲကို နေပြည်တော်၊ တပေါင်းကွင်း၌ ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှ (၁၄) ရက်နေ့ထိ (၅) ရက်တိုင်တိုင်ပြသခဲ့ရာ မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။

   အဆိုပါပြခန်းပြသရာတွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ မွန်ပြည်နယ်ဒေသထွက် ဝဥနှင့်ကွမ်းသီးပြခန်းများကို ကြီးကြပ်ကွပ်ကဲပြသခဲ့ကြောင်းသိရှိရသည်။ အဆိုပါဝဥနှင့်ကွမ်းသီးမှာ ပြည်ပပို့ကုန်အလားအလာရှိသော ကုန်ပစ္စည်းများဖြစ်ပြီး ဝဥမှတစ်ဆင့် ဝဥခြောက်၊ ဝဥမှုန့်များထုတ်လုပ်ပြီး တရုတ်နှင့် ဂျပန်နိုင်ငံများသို့တင်ပို့ကြောင်း၊ ဝဥစိုမှထုတ်လုပ်သော ဝဥတုံးများကို ခေတ်မီဆန်းသစ်သော ထုပ်ပိုးမှုများဖြင့် ဈေးကွက်အတွင်းဖြန့်ချိလျက်ရှိကြောင်း၊ ဝဥမှ ဝဥခေါက်ဆွဲနှင့် ဝဥကြာဆံများကိုလည်း ထုတ်လုပ်နိုင်ကြောင်းသိရှိရသည်။

      ထို့ပြင် မွန်ပြည်နယ်၊ မော်လမြိုင်နှင့် ရေးမြို့နယ်များမှထွက်ရှိသော ကွမ်းသီးခြောက်များကို အိန္ဒိယနိုင်ငံသို့တင်ပို့ရန် ကြိုးစားလျက်ရှိပြီး ကွမ်းသီးနုပေါင်းကုန်ကြမ်းများကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ရှိကြောင်းသိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - HighLight News