HighLight News
Powered by Drupal
ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်
စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများဟောပြော
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ်ရှိ “KKH” စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း
မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆေးဝါးများအား မီးရှို့ဖျက်စီး

၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ပူးပေါင်းဌာနများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဝင်များနှင့် သိမ်းဆည်းထားသည့် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသော တရားမဝင်ဆေးဝါးများနှင့် သောက်သုံးရန်မသင့်ဆေးဝါးများအား မြိတ်မြို့၊ ကန်ခေါင်းရပ်ရှိ မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ပရဝုဏ်အတွင်း၌ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။
ထိုသို့မီးရှို့ဖျက်ဆီးရာတွင် ပိုးသတ်ဆေး၊ အာရုံကြောဆေး၊ နှလုံးဆေးနှင့် ထိုးဆေးမျိုးစုံ စသည်တို့ပါဝင်ပြီး ဆေးဝါး(၁၂)မျိုးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)
အိမ်သုံးဆေးဝါးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြိတ်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၁) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် မြိတ်မြို့ပေါ်ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များသို့သွားရောက်၍ စျေးကွက်တွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့် ဆေးပြတ်လပ်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စျေးနှုန်းစျေးကွက်အခြေအနေများ၊ ဆေးဝါးပြတ်လပ်မှုရှိ/ မရှိနှင့် ဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး သောက်သုံးရန်မသင့်သော ဆေးဝါးများရောင်းချမှုမရှိစေရေးနှင့် သက်တမ်းလွန်ဆေးဝါးများအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)
မြိတ်မြို့ပေါ်ရှိ ဆန်နှင့်ဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များသည် ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြိတ်မြို့ပေါ်ရှိ ဆန်ဆိုင်နှင့် ဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
မြိတ်မြို့ပေါ်ရှိဆန်နှင့် ဆီအရောင်းဆိုင်များကို မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးရာတွင် စျေးနှုန်းများတည်ငြိမ်လျက်ရှိပြီး သတ်မှတ်ရည်ညွှန်းစျေးအတွင်း ရောင်းချရန်နှင့် စျေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားရှိမှုမဖြစ်စေရေး၊ အလေးချိန်မှန်ကန်စွာရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)
“ Bo Bo ” ကိတ်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း
စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် အောက်တိုဘာလ ၁၀ရက်နေ့၊ နံနက် ၁၀း၀၀ နာရီအချိန်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ “Bo Bo” ကိတ်မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈) အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်းကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ ၁၁ရက်နေ့၊ နံနက် ၀၉း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်ကြသော အထွေထွေအုပ်ချုပ်ရေဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ နေ့သစ်ထူး၊ ဧဒင်၊ သစ်လွင်၊ ကောင်းမြတ်၊ ဇီဇဝါဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေးဝါးများ ရောင်းချနေမှုများရှိ/ မရှိစစ်ဆေးခြင်း၊ သက်တမ်းကုန်လွန်သော ဆေးဝါးများနှင့်ဆေးပစ္စည်းများရောင်းချနေမှုရှိ/ မရှိစစ်ဆေးခြင်း၊ မြန်မာနိုင်ငံဆေးဝါးရောင်းချမှုလိုင်စင်များရှိ/ မရှိစစ်ဆေးခြင်းနှင့် ဆေးစျေးနှုန်းများ၏ စျေးကွက်အခြေအနေများကို မေးမြန်းစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)
MITS, MRF, DOCA & DOTအဖွဲ့များ ပို့ကုန်ဝင်ငွေဝင်ရောက်မှု MyRo မှတ်ပုံတင်ထားမှုနှင့်စပ်လျဉ်း၍ ညောင်တုန်းမြို့နယ်ဆန်/ ဆန်ကွဲသိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာ့ကုန်သွယ်ရေးမြှင့်တင်ရေးအဖွဲ့၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ နှင့် DOT အဖွဲ့တို့သည် ၈-၁၀-၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ရန်ကုန်၊ ပုသိမ်ကားလမ်းဘေးရှိ Good Brother's Co.,Ltd UAPPT ဆားမလောက် (စုပေါင်းလယ်ယာဆန်စက်) ၂၉မိုင်သို့သွားရောက်၍ ပြည်ပတင်ပို့မည့်ဆန်နှင့် ဆန်ကွဲသိုလှောင်ထားရှိမှုအခြေအနေများကို အဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းပူးပေါင်းစစ်ဆေးရာတွင် တာဝန်ရှိသူများက ညောင်တုန်းမြို့နယ်မှ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ရန် အကျယ်အဝန်းပမာဏအနိမ့်ဆုံးသတ်မှတ်ချက်မှာ ဆန်တန်ချိန် (၅၀) (သို့မဟုတ်) စပါးတင်း (၅၀၀၀) ဝင်ဆံ့သည့် ပမာဏနှင့်ကိုက်ညီမှုရှိ/ မရှိကိုစစ်ဆေးခြင်း၊ ပြည်ပသို့ ဆန်တင်ပို့မည့် ပို့ကုန်လုပ်ငန်းရှင်အနေဖြင့် ညောင်တုန်းဆန်စက်များမှ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ပြည်ပသို့တင်ပို့ရာတွင် စနစ်တကျဖြစ်ပေါ်စေရန်နှင့် ပို့ကုန်ဝင်ငွေဝင်ရောက်မှု MyRo မှတ်ပုံတင်ထားမှုအခြေအနေများကိုစစ်ဆေးခြင်း၊ ဆန်နှင့် ဆန်ကွဲပို့ကုန်လိုင်စင်အသစ်လျှောက်ထားရန်ရှိပါက လုပ်ငန်းလိုအပ်ချက်များကိုရှင်းလင်းစစ်ဆေးခြင်း၊ ပို့ကုန်လိုင်စင်ပြင်ဆင်ခွင့်လျှောက်ထားခြင်းကို လိုင်စင်သက်တမ်းကာလအတွင်း ကုန်ပစ္စည်းတင်ပို့ခြင်းမပြုမီ ကြိုတင်တင်ပြလျှောက်ထားရမည်ဖြစ် ကြောင်းကို ရှင်းလင်းပြောကြားခြင်း၊ ပြည်ပသို့တင်ပိုရန် ဆန်/ ဆန်ကွဲအမျိုးအစား၊ ဆန်တန် ဆန်/ ဆန်ကွဲသိုလှောင်ထားရှိမှု မြေပြင်အခြေအနေများကို အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)




