သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်( ၄.၈.၂၀၂၂ ) ရက်နေ့၊ နံနက်( ၁၁:၀၀ ) နာရီအချိန်တွင် ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်ပွဲအခမ်းအနားတွင်  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

         အဆိုပါဟောပြောပွဲတွင် ဟုမ္မလင်းမြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်းမှ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းနှင့် ဤဥပဒေတွင် စားသုံးသူအခွင့်အရေးများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုရှိပါက တိုင်းဒေသကြီး၊  ပြည်နယ်များရှိ Consumer Information& Complaint Center (CICC) များနှင့် Consumer Call Center များသို့ ခေါ်ဆို၍ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ အသိပညာပေး ဟောပြောပွဲသို့  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း( ၆၅ ) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

ရက်စွဲ၊ ၄.၈.၂၀၂၂

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘက်စုံသုံးခန်းမ၌ ( ၄.၈.၂၀၂၂ ) ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          အဆိုပါအခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူး ဦးတွာလ်ဆွင်းဗန်မှ စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ အကြီးတန်းစာရေး ဒေါ်သိမ့်သိမ့်ထွန်းမှ စားသုံးသူကာကွယ်ပေးရေးဥပဒေပါ ပြဌာန်းချက်တွင်ပါရှိသည့် ကုန်ညွှန်းအမှတ်အသားများနှင့် မိမိတို့၏ဌာနတွင် ဖွင့်လှစ်ထားရှိသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ ( Consumer Information and Complaint Center ) CICCဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူနစ်နာမှုရှိလာပါက ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများကိုလည်းကောင်း၊ဌာနက ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများ၏ သိရှိလိုသည်မေးမြန်းမှုများအပေါ်ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ ဌာနဆိုင်ရာမှ ( ၉ ) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ထားဝယ်မြို့ပေါ်ရှိ ကမ်းနားပျံကျဈေးသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ နံနက် (၈:၃၀)တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ထားဝယ်မြို့ ပေါ်ရှိ ကမ်းနားပျံကျစျေးသို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေး၊ လုံခြုံစိတ်ချရပြီး အရည်အသွေးပြည့်ဝသော ကုန်ပစ္စည်းများကို ရောင်းချနိုင်စေရေးအတွက် စားသောက်ကုန်မျိုးစုံအရောင်းဆိုင်များ နှင့် အလှကုန်အရောင်းဆိုင်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြပါရှိသော ကုန်ပစ္စည်းများရောင်းချနေမှုအခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ  ဆောင်ရွက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

လယ်ယာထွက်ကုန် သီးနှံများနှင့် စားသုံးဆီများအား ဓာတ်ခွဲစမ်းသပ်ဝန်ဆောင်ပေးနေမှု အခြေအနေ

               စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးကာကွယ်‌ပေးရေး၊ စားသုံးသူ အသိ ပညာပေးရေး၊ စားသုံးသူဆုံးရှုံးနစ်နာမှုများ ဖြေရှင်းပေးရေးစသည့် လုပ်ငန်းများအပြင် ပြည်တွင်း ကုန်သွယ်မှုဖွံ့ဖြိုးရေးအတွက် လယ်ယာထွက်ကုန်သီးနှံများ အရည်အသွေးပြည့်မီစွာဖြင့် ရောင်းဝယ်ဖောက်ကားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

         ထိုသို့ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းတာဝန်များအကောင်အထည်ဖော် ဆောင် ရွက်နိုင်ရန် သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲသည် လယ်ယာ ထွက်ကုန်များ၏ မြန်မာစံချိန်စံညွှန်းထုတ်ပြန်နိုင်ရေး၊ လယ်ယာထွက်ကုန်များ ပြည်ပ တင်ပို့ရာ တွင် မဖြစ်မနေလိုက်နာရမည့် အရည်အသွေးသတ်မှတ်ချက် (Technical Regulations) အမိန့် ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

           လယ်ယာထွက်ကုန်များ အရည်အသွေးစီမံခန့်ခွဲမှုဆောင်ရွက်ရန် သတင်းအချက်အလက် နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲအောက်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု (CTQM) လှည်းကူးတွင် လယ်ယာထွက်ကုန်သီးနှံများ အရည် အသွေးဓာတ်ခွဲစမ်းသပ်နိုင်သည့် ဓာတ်ခွဲခန်းများကို ထူထောင်ထားရှိပြီး ပြည်ပပို့ကုန်လုပ်ငန်းရှင် များအတွက် လယ်ယာထွက်ကုန်သီးနှံများနှင့် လယ်ယာထွက်ကုန်အခြေခံစားသောက်ကုန်များကို ဓာတ်ခွဲစမ်းသပ်၍ ထောက်ခံချက်ပေးသော ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါသည်။

           CTQM (လှည်းကူး) ရှိ အောက်ပါ ဓာတ်ခွဲခန်း (၇) ခုမှ စမ်းသပ်စစ်ဆေးပေးနိုင်သည့် နယ်ပယ်များ (လယ်ယာထွက်ကုန်သီးနှံများ၊ စားသုံးဆီများ)မှာ အောက်ပါအတိုင်းဖြစ်ပြီး ဓာတ်ခွဲ ခန်းအလိုက် စမ်းသပ်ပေးနိုင်သည့် Parameters များနှင့် ဓာတ်ခွဲစမ်းသပ်ခနှုန်းထားများအား အောက်ပါ Pdf File တွင် အသေးစိတ် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

စဉ်

ဓာတ်ခွဲခန်းအမည်

စစ်ဆေးပေးနိုင်သည့် နယ်ပယ်

ပိုးသတ်ဆေးကြွင်းဓာတ်ခွဲခန်း

ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံအမျိုးမျိုး

ဆီနှင့်ဆီထွက်သီးနှံဓာတ်ခွဲခန်း

စားသုံးဆီအမျိုးမျိုး၊ ဆီထွက်သီးနှံအမျိုးမျိုး ၊ ဆီကြိတ်ဖတ်များ

မှိုဆိပ်ဓာတ်ခွဲခန်း

ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံအမျိုးမျိုး

သီးနှံ(ဓာတု)ဓာတ်ခွဲခန်း

ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံအမျိုးမျိုး

သီးနှံ(ရူပ)ဓာတ်ခွဲခန်း

ဆန်နှင့်စပါး

ပိုးမွှားဓာတ်ခွဲခန်း

သိုလှောင်သီးနှံဖျက်ပိုးများ

အဏုဇီဝဓာတ်ခွဲခန်း

ရေ၊ နို့၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်

            CTQM (လှည်းကူး) ရှိ ဓာတ်ခွဲခန်းများမှ နှစ်စဉ်လယ်ယာထွက်ကုန်သီးနှံများအား ဓာတ်ခွဲ စမ်းသပ်ပေးခြင်းဖြင့် စားသုံးသူဘေးအန္တရာယ်ရှိမှုကို ကာကွယ်ပေးသကဲ့သို့ ပြည်တွင်း ပြည်ပ ကုန်သွယ်မှုကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိပါသည်။ လယ်ယာ ထွက်ကုန်သီးနှံများနှင့် စားသုံးဆီများ စမ်းသပ်စစ်ဆေးပေးနိုင်မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်        ဘဏ္ဍာနှစ်                                 နမူနာအရေအတွက်            စမ်းသပ်မှုပေါင်း

(က)      ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်                           ၇၆၈                             ၁၅၆၈

(ခ)        ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်                           ၁၀၇၁                           ၂၂၄၀

(ဂ)       ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်                          ၁၁၈၆                           ၂၄၄၉

(ဃ)      ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်                          ၇၈၂                             ၁၉၉၃

(င)        ၂၀၂၁ Mini Budget                               ၅၇၇                            ၁၃၀၀

            သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲအနေဖြင့် စားသုံး သူများ ဘေးအန္တရာယ်လုံခြုံစိတ်ချရမှုရှိပြီး အရည်အသွေးပြည့်ဝသည့် ကုန်ပစ္စည်းများကို သုံးစွဲခွင့်ရရှိစေရေး ဆောင်ရွက်ရင်း လယ်ယာထွက်ကုန်သီးနှံများ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိပါကြောင်းနှင့် လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏ ပို့ကုန်သီးနှံများကို ဓာတ်ခွဲစမ်းသပ်လိုပါက ‌အောက်ဖော်ပြပါ လိပ်စာများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း တင်ပြလိုက်ရပါသည်-

လိပ်စာ   :  ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစု(CTQM) လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

အီးမေးလ် : ctqm.dept@gmail.com

ဖုန်း         :  ၀၁-၈၆ ၂၉၀၄၃၊ ၀၁-၈၆ ၂၉၀၄၄

ဖက်စ်    :   ၀၁-၈၆ ၂၉၆၅၅

                                   သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ

အလုပ်အကိုင်အခွင့်အလမ်းရရှိရေးဆိုင်ရာ သင်တန်းများဖွင့်လှစ်

          စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီလက်အောက်ရှိ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီသည် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် အသက်မွေးဝမ်းကျောင်းသင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါသည်။ ၂၀၂၁ အောက်တိုဘာလမှ ၂၀၂၂ခုနှစ် မတ်လထိ Mini Budgetအတွင်း သင်တန်း(၄)ကြိမ် ဖွင့်လှစ်ခဲ့ပါသည်။ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဇွန်လတွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(၇)ရက်ကို မုံရွာမြို့တွင်လည်းကောင်း၊ (၂၆)ရက်ကြာဖွင့်လှစ်ပို့ချသည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ဇွန်လ ၂၅ ရက်နေ့က ခန္တီးမြို့တွင်လည်းကောင်း၊ တစ်လုံးထိုးအင်ဂျင်ပြုပြင်ထိန်းသိမ်းမှု(၇)ရက်တာသင်တန်းကို ဇူလိုင်လ ၂၉ ရက် နေ့ကဟုမ္မလင်းမြို့တွင်လည်းကောင်း၊ မှိုစိုက်ပျိုးနည်းသင်တန်း(၂)ရက်ကို ဩဂုတ်လ(၂) ရက်နေ့က မုံရွာမြို့တွင်လည်းကောင်းဖွင့်လှစ်ခဲ့ပါသည်။

        ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားအဆင့် လုပ်ငန်းစီမံချက်များအဖြစ်  ခိုင်မာတိကျသော အခြေခံအချက်အလက်များကောက်ယူခြင်း၊ အသိပညာပေးခြင်းနှင့်စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ပညာရေး၊ အသက်မွေးဝမ်းကျောင်းပညာအခွင့်အလမ်းများ ဖန်တီးခြင်း၊ ဥပဒေပိုင်းဆိုင်ရာပြုပြင်ရေးဆွဲမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေခြင်း၊ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများအား ဖယ်ရှားခြင်းနှင့် ပြန်လည်ကုစားခြင်း၊ မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များရရှိစေခြင်း ဟူသည့်ရည်မှန်းချက်(၆)ရပ်ချမှတ်ထားရှိပါသည်။

      ဒေသတွင်းဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ကုန်ထုတ်စွမ်းအားများကို အထောက်အကူဖြစ်စေမည့် လူငယ်၊ လူရွယ်နှင့် ကလေးများကို အလုပ်သမားများအဖြစ် အသုံးပြုမှုများ ရှိနေပါသည်။ မြန်မာနိုင်ငံတွင် အသက်(၅)နှစ်မှ (၁၇)နှစ်အကြား ကလေးစုစုပေါင်း၏ (၁၀.၅)ရာခိုင်နှုန်း ဖြစ်သည့် (၁၂.၇၉)သန်းခန့်သည် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းနှင့် မိသားစုစားဝတ် နေရေးကိစ္စများအတွက် ဝင်ငွေရှာဖွေနိုင်မှု နည်းပါးခြင်းသည် ကလေးအလုပ်သမားများ ဖြစ်ပေါ်စေသည့် အကြောင်းရင်းများဖြစ်ပါသည်။ ကလေးအလုပ်သမား လျော့နည်းပပျောက်စေရန် မိဘ၊ အုပ်ထိန်းသူက အလုပ်အကိုင်ရှိမှသာသားသမီးကိုကျောင်းထားပေးနိုင်မှာဖြစ်သည့်အတွက် အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ရေးသည် အရေးကြီးပါသည်။ မိသားစုအတွက် ရေရှည်တည်မြဲစေမည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှု၊ ကုန်ထုတ်လုပ်မှု၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်မှုဆိုင်ရာ ဝန်ဆောင်မှုများစသည့်  ပညာရှင်အဖွဲ့အစည်းများ၊ ဌာနများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားပါသည်။

    မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၀၉-၂၀၂၃)၏ ရည်မှန်းချက်များတွင်ပါဝင်သည့် အန္တရာယ်ရှိသောအလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားများကိုဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများတက်ရောက်နိုင်ရေးစီမံဆောင်ရွက်သွားရန် ဟုပါဝင်သည့်အတွက် သက်မွေးပညာသင်တန်းများဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း  ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးသည် လူမှုအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးရသည့် လုပ်ငန်းဖြစ်ပြီး နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူပြုသွားမှာဖြစ်ကြောင်း သိရရှိပါသည်။

DOCA (စစ်ကိုင်း)

မိုးညှင်းမြို့ရှိ ကိတ်မုန့်/ပေါင်မုန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

          စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်သည် ၄.၈.၂၀၂၂ ရက်နေ့တွင် မိုးညှင်းခရိုင်ဦးစီးမှူးရုံး၌ ကိတ်မုန့်/ပေါင်မုန့်ထုတ်လုပ် ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များကို တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

         ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်ခရိုင်ဦးစီးမှူး ဦးမောင်မောင်ခိုင်က စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင် ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးကမ်းခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကို ဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်းဆောင်ရွက်သူကို ဆိုလို ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သော ကုန်စည်သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သောအချက်အလက်များပေးခြင်း၊ စားသုံးသူကို ခွဲခြားမှု မရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ အရည်အသွေးစမ်းသပ်ရန်လိုအပ်သော ကုန်စည်နှင့်စပ်လျဉ်း၍ ဝယ်ယူခြင်းမပြုမီ စားသုံးသူများကိုစမ်းသပ်နိုင်သည့် အခွင့်အရေးပေးခြင်း နှင့်စားသုံးသူ နစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

 

“မိတ္ထီလာမြို့ခရိုင်အတွင်း အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

          စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ သြဂုတ်လ ၃   ရက်နေ့ (၁၀း၀၀) အချိန်တွင် မိတ္ထီလာခရိုင်အတွင်းရှိ အလှကုန်ပစ္စည်း ရောင်းချသော အလှကုန်ဆိုင် (၁၀) ဆိုင်အား စျေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ၏ တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် Better Way (Thailand), Co.,ltd မှ FDA ထောက်ခံချက်များဖြင့် Mistine အမှတ်တံဆိပ် အလှကုန်ပစ္စည်းများ သည် Hologram (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ Labelling  ကပ်၍ စျေးကွက်အတွင်းသို့တရား ဝင်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ စျေးကွက်အတွင်း Mistine အလှကုန်ပစ္စည်းများကို တုပ၍ တရားမဝင်ဖြန့်ဖြူးရောင်းချနေသည်ကို တွေ့ရှိရကြောင်း သိရှိရသည့်အတွက် ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်းနှင့် စျေးကွက်အတွင်း အလှကုန်ပစ္စည်းများရောင်းချသည့် လုပ်ငန်းရှင်များအား မည်သည့် လုပ်ငန်းရှင်မဆို ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများကို ၂၀၁၉ စားသုံးသူကာကွယ်‌ရေးဥပဒေပြဌာန်းချက်နှင့်အညီ ဖော်ပြ၍ တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချရန်လိုအပ်ကြောင်း၊ အကယ်၍ လိုက်နာဆောင်ရွက်မှုမရှိပါက ဥပဒေအရ အ‌ရေးယူဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ Mistine အလှကုန်ပစ္စည်းများအား Thiri Cosmetic Co.,Ltd မှ FDAထောက်ခံချက်  Hologram (ရောင်ပြန်) ကပ်နှိပ်ထားသော ကုန်အညွှန်းအမှတ်သားများအား မြန်မာဘာသာဖြင့် ဖော်ပြထားသော အလှကုန်ပစ္စည်းများကိုသာ ရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

          အလှကုန်ပစ္စည်းရောင်းဆိုင်များအနေဖြင့် Mistine အလှကုန်များကို တရားဝင်ကုမ္ပဏီများမှ ဝယ်ယူ‌ရောင်းချပါကြောင်းနှင့် ရောင်းချနေသော Mistine အလှကုန်များတွင် Hologram (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ Labelling များ ကပ်နှိပ်ထားသည်ကို စစ်ဆေးတွေ့ရှိရသည်။

DOCA(မန္တလေး)

မွန်ပြည်နယ် ကွမ်းသီးစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း ဖွဲ့စည်းခြင်း

          မွန်ပြည်နယ် ကွမ်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဖွဲ့စည်းခြင်း အခမ်းအနားကို ၄.၈.၂၀၂၂ ရက်နေ့ (၁၃:၀၀)  နာရီတွင် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မော်လမြိုင်ကုန်စည်ဒိုင်အသင်း ဥက္ကဌ နှင့် NEI မှ ဝန်ထမ်းများ၊ ကွမ်းသီးလုပ်ငန်းရှင်များ စုစုပေါင်း (၁၉) ဦးတက်ရောက်ခဲ့သည်။

          အခမ်းအနားတွင် ကုန်စည်ဒိုင်အသင်း ဥက္ကဌ ဦးအောင်မျိုးဦး က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် အသင်း၏ အလုပ်အမှုဆောင်များအား ရွေးချယ်တင်မြှောက် ကြရာ နာယက (၃) ဦး၊ ဥက္ကဌ၊ ဒုဥက္ကဌ၊ ဘဏ္ဍာရေးမှူး၊ အတွင်းရေးမှူး အပါအဝင် အသင်း အလုပ်အမှုဆောင်အား (၃၅) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အခမ်းအနားအား (၁၅:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

     ၁.၈.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ၂၀၂၃-၂၀၂၅ ကာလအတွက် မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ MONCCI အလုပ်အမှုဆောင်များ၊ အသင်းဝင်များ၊ ညီနောင်အသင်းမှအသင်းဝင်များ၊ မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ စုစုပေါင်း(၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ အစည်းအဝေးတွင် ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာတွင် ဤအသင်းကြီး အလုပ်အမှုဆောင်သစ်ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် ဝိုင်းဝန်ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး MONCCI မှ အတွင်းရေးမှူး ဦးနေဇော်အောင်က အသင်း၏ အလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်ရေးအတွက် ညီနောင်အသင်းများမှ အဆိုပြု အမည်စာရင်းများပေးပို့စေလိုကြောင်း၊ အလုပ်အမှုဆောင်ရွေးချယ်ရေး ကျင်းပမည့်ရက်အား အတည်ပြု ပေးစေလိုကြောင်း၊ အလုပ်အမှုဆောင်သစ်ရွေးချယ် တင်မြှောက်ရာတွင် ဒိုင်လူကြီးအဖြစ်ဆောင်ရွက်ရန် UMFCCI ကိုလည်းဖိတ်ကြားထားကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

      ဆက်လက်၍ မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်အသင်း ဥက္ကဌ ဦးခင်မောင်ဝင်းက အလုပ်အမှုဆောင် ရွေးချယ်ရာတွင် အသင်းကိုစိတ်ပါဝင်စားသူများကို ဦးစားပေးရွေးချယ်ရန်လိုအပ်ကြောင်း၊ အလုပ်အမှုဆောင်သစ်မရွေးချယ်မီ မီတာခကြွေးကျန်များ၊ အလုပ်လက်ကျန်များကို ရှင်းလင်းရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး ဘဏ္ဍာရေးတာဝန်ခံမှ ဘဏ္ဍာရေးကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      ထို့နောက် တက်ရောက်လာသူများမှအပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ညှိနှိုင်းအစည်းအဝေးအား (၁၅:၀၀) ချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

“မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၂ခုနှစ် သြဂုတ်လ ( ၁ )ရက်နေ့  နံနက်(၁၀း၀၀)အချိန်တွင် မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအတွင်း ရောင်းချ လျှက်ရှိသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ကြပါသည်။  

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်မျိုးအောင်ရပ်ကွက်ရှိ ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးသူ ကာကွယ်‌ရေးဥပ‌ဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအရ ဥပဒေ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ဥပဒေအခန်း (၂၃) ပါ တားမြစ် ချက်များ၊ ဥပဒေအခန်း (၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ဆက်စပ်၍ ပုဒ်မ (၄၁) ပုဒ်မခွဲ (ခ)နှင် (ဆ)တို့ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန် အမှတ်အသားပြည့်စုံစွာ ဖော်ပြဆောင်ရွက်မှု ရှိ/မရှိအား ဌာနမှ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို နေ့စဉ်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ
a