သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လပွတ္တာခရိုင်၊လပွတ္တာမြို့နယ် အမှတ်(၂)ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ မိသားစုကိတ်နှင့် မုန့်မျိုးစုံလုပ်ငန်း သို့ ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန လပွတ္တာခရိုင် ၊လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများ၊  (၁၇.၈.၂၀၂၂) ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင် လပွတ္တာမြို့ အမှတ်(၂) ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးအေးဝင်း၏ မိသားစုကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းသို့ သွားရောက်၍ ဈေးကွက်အရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် အသေးစားအလတ်စား စက်မှုလက်မှုကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်စစ်ဆေးရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသာ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များအရ ဥပဒေအခန်း(၉)ပါ စားသုံးသူ၏အခွင့် အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၂၃)ပါ တားမြစ်ချက်များ၊ ဥပဒေအခန်း(၂၄) ပါပြစ်မှုပြစ် ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်စည် အမျိုးအစားအလိုက်သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန် စားသောက်ကုန်လုပ်ငန်းဖြစ်သောကြောင့် ကျန်းမာရေးနှင့်အညီ သန့်ရှင်းလတ်ဆပ်မှုကို ဦးစားဆောင်ရွက်ရန် အသေးစား၊ အလတ်စားစက်မှုလက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရိပါသည်။

DOCA(ဧရာဝတီ)

 

 

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် မုန့်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၇.၈.၂၀၂၂) ရက်နေ့ နေ့လယ် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့ဖြင့် မြို့မပေါ်ရှိ မုန့်မျိုးစုံဆိုင်များသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝနခံမှ မုန့်မုန့်မျိုးစုံဆိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များအရ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံး သူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေပါပြဌာန်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အခန်း(၂၄)ပါ ပြစ်မှုဒဏ်များအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြချက်ပြည့်စုံမှုရှိ/မရှိကို ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား နေ့စဉ်ဆောင်ရွက် သွားမည်ဖြစ်ပြီး၊ ဆိုင်ပိုင်ရှင်များသို့ အသိပေးပြောကြား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဘိုကလေးမြို့နယ် စားသုံးဆီဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၆.၈.၂၀၂၂) ရက်နေ့ ဘိုကလေးမြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် ပုဇွန်နှစ်ကောင်အမှတ်တံဆိပ် စားသုံးဆီ အပါအဝင် စားသုံးဆီများတရားမဝင် ဝင်ရောက်မှု အခြေအနေနှင့် တရားဝင်တင်သွင်းဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ဈေးကွက်အတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်တို့မှပုဇွန်နှစ်ကောင် အမှတ်တံဆိပ် စားသုံးဆီများ‌ရောင်းချမှုမရှိပါကြောင်း စိစစ်တွေ့ရှိရပြီး အခြားအမှတ်တံဆိပ်ဖြစ်သည့် Meizan, Lotus, Healthy အစရှိသည့် စားသုံးဆီဘူးများတွင်လည်း ကုန်အညွှန်းပြည့်စုံစွာထည့်သွင်းဖော် ပြထားကြောင်းသိရှိရပါသည်။ ထိုနောက် တရားဝင်တင်သွင်းဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်ဦးမြို့နယ်တွင် နယ်လှည့်ဟောပြောပွဲ ကျင်းပပြုလုပ်

            ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  အသိပညာပေးဟောပြောပွဲများအား နယ်လှည့်ကွင်းဆင်း ကျင်းပဆောင်ရွက်ခဲ့ရာ ဩဂုတ်လ(၁၅)ရက်နေ့ နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် ညောင်ဦး မြို့အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမ၌ ဆရာ၊ဆရာမနှင့်ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦးအားလည်းကောင်း ၊ ဩဂုတ်လ(၁၇)ရက်နေ့ နံနက် ၀၉:၃၀ နာရီအချိန်တွင် ညောင်ဦးမြို့နယ်၊ပုဂံမြို့သစ် အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမနှင့်ကျောင်းသား/ ကျောင်းသူ(၂၅၀)ဦးအားလည်းကောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲများတွင် ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်မှ လူငယ်နှင့်ဘက်စုံဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့်အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး၊စားသုံးသူရေးရာဦးစီးဌာန၊ညောင်ဦးခရိုင်ဦးစီးမှူး ဦးသန်းစိုးမှ စားသုံးသူကာကွယ်ရေးဥပဒေပါသိကောင်းစရာများအား အကျယ်တဝန့်ဟောပြောဆွေးနွေးခဲ့ပါသည်။ဟောပြော ဆွေးနွေးမှုများတွင် ကျောင်းသား/ကျောင်းသူများမှ မိမိတို့သိလိုသည်များအားမေးမြန်းတင်ပြရာ သက်ဆိုင်ရာဌာနအလိုက် ခရိုင်ဦးစီးမှူးများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(မန္တလေး)

ဆေးဆိုင်များ ဆေးပြတ်လပ်မှုရှိ/မရှိစစ်ဆေး

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိဝန်ထမ်းများသည် ၁၃.၈.၂၀၂၂ ရက် နေ့နံနက် (၀၉:၃၀) မှ ညနေ (၁၄:၃၀) ချိန်ထိ ခရိုင်အတွင်းမြို့နယ်များရှိ ဆေးဝါးနှင့် ဆေးပစ္စည်းရောင်းချသည့်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

          ယင်းသို့ ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်အသင်းမှ ဆေးဝါးနှင့် ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့် ဆေးဝါးနှင့် ဆေးပစ္စည်းများ လွယ်ကူ ချောမွေ့စွာတင်သွင်းနိုင်ရန် သွင်းကုန်လိုင်စင်လျှောက်ထားနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းတင်သွင်းသော ကုမ္ပဏီများ၊ လက်လီလက်ကား ရောင်းချသည့် ဆိုင် များ၊ ဖြန့်ချီရေးလုပ်ငန်းရှင် Dealers များအနေဖြင့် ဈေးကွက်တွင် ကုန်ပစ္စည်း ပြတ်လပ်သွားမည်ကို မစိုးရိမ်ကြရန်နှင့် ဆေးဆိုင်များအရောင်းမပိတ်ဘဲ၊ ပုံမှန်အတိုင်း ဆက်လက် ရောင်းချပေးစေလိုကြောင်း၊ ပုဇွန်တောင်မြို့နယ်၊ ဒေါပုံမြို့နယ်နှင့်  သာကေတမြို့နယ်များရှိ ဆေးဆိုင်ပေါင်း (၁၁) ဆိုင်ရှိပိုင်ရှင်၊ မန်နေဂျာ၊ တာဝန်ခံအရောင်းဝန်ထမ်းများကို ပြောကြားခဲ့ပြီး၊ ဆေးဝါးရောင်းချနေမှုအခြေအနေများကို စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Global Good Pure Group Co.,Ltd  မှ ဈေးနှုန်းသက်သာစွာဖြင့် စားအုန်းဆီများရောင်းချပေးခဲ့

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းသို့ တင်သွင်းလာသည့် စားအုန်းဆီများ သတ်မှတ်အရည်အသွေးများပြည့်မီရေး၊ ကျန်းမာရေးနှင့် ညီညွှတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်‌ရေး၊ ဈေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးတို့အတွက် လုပ်ငန်းစဉ်များချမှတ်၍ ကြီးကြပ်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် “မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း”တို့နှင့် ပူးပေါင်း၍ ၁၁.၈.၂၀၂၂ တွင် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၌ စားသုံးသူပြည်သူများလက်ဝယ်အရောက် ဈေးနှုန်း သက်သာစွာဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ၃၇ဝဝိ/- ကျပ်နှင့် တစ်ဦးလျှင် ၁ ပိဿာနှုန်းဖြင့် Global Good Pure Group Co.,Ltd မှ ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ရန်ကုန်)

ကိတ်မုန့်မျိုးစုံ ထုတ်လုပ်ဖြုန့်ဖြူးရောင်းချသော စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

          ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင် (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် ၁၆.၈.၂၀၂၂ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်ရှိ Sky Moon ကိတ်မုန့်မျိုးစုံ ထုတ်လုပ်ဖြုန့်ဖြူးရောင်းချသော စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

       ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဦးဇေယျာအောင်(ဦးစီးအရာရှိ)က ၂၀၁၉ စားသုံးသူ ကာကွယ်ရေး ဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း၁၈၊ ပုဒ်မ၄၁ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက် (၈)ချက်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ် အသားနှင့် စပ်လျဉ်း၍ အစားအသောက်များကုန်စည်အုပ်စုတွင်ပါဝင်သည့် အသင့်စားမုန့်အမျိုးမျိုးတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များတို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

သထုံမြို့နယ်၊ အထက (ဒေးဗရိန်း)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

            မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံသည် သထုံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်အတူ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် သထုံမြို့နယ်၊ အထက (ဒေးဗရိန်း)ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

         အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုနှင်းဝေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံ ဒုဦးစီးမှူး ဦးထိန်လင်းထွန်းက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားနိုင်သည့် အကြောင်းအရာများ၊ Consumer Call Center အကြောင်းများကို ဟောပြောဆွေးနွေးခဲ့ပါသည်။    

         ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသော ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၁၂၁) ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

အထက(၁) မုဒုံနှင့် အထက (၂) မုဒုံကျောင်းတို့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

              မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့တွင် မုဒုံမြို့နယ်၊ အထက (၁)နှင့် အထက (၂) ကျောင်းတို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲများတွင် ကျောင်းအုပ် ဆရာမကြီးများက အဖွင့်အမှာစကား ပြောကြား ခဲ့ကြပြီး မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးမင်းနောင်က ဌာနအကြောင်း သိကောင်းစရာများ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေး (၈) ချက်နှင့် တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားနိုင်သည့် အကြောင်းအရာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများအကြောင်းကို ဟောပြော ဆွေးနွေးခဲ့ပါသည်။  

          ထို့နောက် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းခိုင်စိုးက ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲများသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၃၈၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

 

မော်လမြိုင်မြို့၊ အမက-မူလွန် (အောင်တော်မူ)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် မော်လမြိုင်မြို့၊ အမက-မူလွန် (အောင်တော်မူ)ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

         အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ် ဆရာမကြီး ဒေါ်စမ်းစမ်းဝင်း က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး ဦးအောင်မြင့်မြတ် က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားနိုင်သည့် အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။         

          ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသော ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၁၁၀) ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ