သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူမြို့နယ် ဆန်စပါး လုပ်ငန်းရှင်များအား My Ro မှတ်ပုံတင်ဆောင်ရွက်ရန် ကိစ္စနှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြောခြင်း

   မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဓနုဖြူမြို့နယ်ဦးစီးမှူးသည်  မြို့နယ်ဦးစီးမှူးရုံး၊ အစည်းအဝေး ခန်းမတွင်(၇-၈-၂၀၂၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဓနုဖြူမြို့နယ်ရှိ ဆန်စပါးလုပ်ငန်းရှင်နှင့် ဆန်စက် လုပ်ငန်းရှင် (၂၀)ဦးခန့် အား My RO မှတ်ပုံတင်နှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်များ သိရှိနိုင်ရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ 

   ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးမှ  စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနသည် ဆန်တန်ချိန် ၅၀ တန်(သို့မဟုတ်) စပါးတင်း ၅,၀၀၀ နှင့်အထက် သိုလှောင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံ များအားလုံးကို မြန်မာဆန်စပါးအွန်လိုင်း Myanmar Rice Online(My RO) စနစ်တွင်မှတ်ပုံတင်ရန် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်မှစတင်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ဝန်ကြီးချုပ်မှ နယ်မြေဒေသဖွံ့ဖြိုးရေး ကွင်းဆင်းရာတွင် တောင်သူတစ်ဦးမှ မှတ်ပုံတင်ရန်သတ်မှတ်ထားသည့် ပမာဏထက် ပိုမိုသိုလှောင်ခွင့် မရှိကြောင်း သိုလှောင်ခြင်းပြုပါက အရေးယူခံရနိုင် ကြောင်း တင်ပြလာမှုအပေါ် မဟုတ်မမှန်သတင်းလွှင်ခြင်းများဖြစ်ပေါ်နေသဖြင့် တောင်သူနှင့် လုပ်ငန်းရှင်များသိရှိနိုင်ရန် အသိပညာပေး ခြင်းဖြစ်ကြောင်း၊  ပန်းတနော်မြို့နယ်မှ မှတ်ပုံတင်ပြီး ဆန်/စပါးသိုလှောင်ရုံ (၄၄)လုံး မှတ်ပုံတင် ဆောင်ရွက်ပြီးစီးပြီး ထပ်မံသက်တမ်းတိုးရန်ရှိသော လုပ်ငန်းများမှလည်း သက်တမ်းတိုးဆောင်ရွက်ကြရန်၊ ဥပဒေအရ စီးပွားရေးအလို့ငှာ စပါးသိုလှောင်ထားရှိသော သိုလှောင်ရုံများ ရှိပါက မှတ်ပုံတင်ရန်သပ်မှတ်ထားသည့်အတိုင်း မှတ်ပုံတင်ရ မည်ဖြစ်ပြီး သိုလှောင်မှု ပမာဏထက်ပိုမိုသိုလှောင်ခွင့်မရှိကြောင်း သိုလှောင်ပါကအရေးယူခံရကြောင်းမဟုတ်မမှန် သတင်းလွှင့်နေမှုမှာ မှန်ကန်မှုမရှိကြောင်းနှင့်MyROမှတ်ပုံတင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်အား မအူပင် ဆန်စပါးလုပ်ငန်းရှင်နှင့် ဆန်စက်လုပ်ငန်းရှင် များသိရှိနိူင်ရေးအသိပညာပေးဆွေးနွေးခဲ့ပြီး  လုပ်ငန်းများ သိလိုသည်ကိုလည်း ပြန်လည်ဖြေရှင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစိစစ်

    ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် မြို့မဈေးကြီးအတွင်းရှိ စားအုန်းဆီ အရောင်းဆိုင်များတွင် ရောင်းချနေသော စားအုန်းဆီများကို သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့် ဆိုင်းဘုတ်တင် ချိတ်ဆွဲ ရောင်းချမှု ရှိ/မရှိ ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့၊ နေ့လည် (၁၁:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စိစစ်ခဲ့ကြပါသည်။

          စားအုန်းဆီအရောင်းဆိုင်များ အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်နေမှု ရှိ/မရှိ နှင့် သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့် ဆိုင်းဘုတ်တင် ရောင်းချနေမှု အခြေအနေများအား စစ်ဆေးခဲ့ရာ လိုက်နာမှု ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် အရေးယူဆောင်ရွက်မှုမရှိပါကြောင်း ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစိစစ်ခဲ့မှု အပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့ပေါ်ရှိ ဘိလပ်မြေ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့ ၊ နေ့လည် (၁၂:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် မြို့ပေါ်ရှိ ဘိလပ်မြေ အရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။ ရောင်းချနေ သော ဘိလပ်မြေအိတ်များကို သယ်ယူစရိတ်အပါအဝင် အမြတ်(၁၀%) ထက်ပိုမိုမရောင်းချရန်နှင့် ကုန်စည်ပြတ်လပ်မှုမရှိစေရေးအတွက် သိုလှောင်ထားရှိမှု အခြေအနေနှင့် ဈေးနှုန်းဈေးကွက် အခြေအနေတို့အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်တွင် စပါးခွံ လောင်စာတောင့် လုပ်ငန်းသို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း

   စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် ပူးပေါင်း၍၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့ ၊ ခနောင်ကျေးရွာရှိ “ထင်တိုင်းအောင်” ဆန်စက်ရှိ စပါးခွံလောင်စာတောင့် လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် စပါးကြိတ်ခွဲရာမှ ထွက်ရှိလာသော စပါးခွံများအား သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး၊ သစ်တောပြုန်းတီးမှု ကာကွယ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ထင်း၊မီးသွေး အစား သုံးစွဲသူများ ဈေးနှုန်းသက်သာစွာ သုံးစွဲနိုင်ရန် ထင်းအစားထိုး စပါးခွံလောင်စာ တောင့်ထုတ်လုပ်မှု လုပ်ငန်းလုပ်ကိုင်နေမှု အခြေအနေအား စိစစ်ခဲ့ကြပါသည်။ လောင်စာတောင့် ထုတ်လုပ်ရန်အတွက် တစ်ရက်လျှင် စပါးခွံကုန်ကြမ်း (၂၀) တန်ခန့် အသုံးပြုရပြီး လောင်စာတောင့် (၁၀၀၀) ပိဿာခန့် ထုတ်လုပ်လျက်ရှိသည်။ MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီစက်ကိရိယာ များ ဖြင့် ထုတ်လုပ်နေမှုအခြေအန၊ ဈေးနှုန်းဈေးကွက်အနေဖြင့် လောင်စာတောင့် (၁) ပိဿာလျှင် (၅၀၀) ကျပ်နှုန်းဖြင့် ဖျာပုံမြို့နယ်ရှိ ရေလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသများနှင့် ရန်ကုန်သို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း MSMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်အတွင်းရောင်းချနေသော ဘူးဆီများအား ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးမှ စစ်ဆေးရေး အရာရှိ၊ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းအေးနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၅) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ် ဈေးကွက်အတွင်းရောင်းချနေသော ဘူးဆီများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          မြို့နယ်တာဝန်ခံက ဈေးကွက်အတွင်းရောင်းချနေသော အမှတ်တံဆိပ်များဖြစ်သော Lotus ၊ Meizan ၊ အမေထွား၊ တော်ဝင် အစရှိသောဘူးဆီများတွင် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈) ၊ ပုဒ်မ (၄၁) နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ရာ FDA ထောက်ခံချက်အမှတ်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားသည်ကို ကွင်းဆင်းစစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၌ကျင်းပသော ၂၀၂၅ ခုနှစ်၊ ဝါဆိုသင်္ကန်းကပ်လှူပွဲ

           ၂၀၂၅ခုနှစ်၊ဩဂုတ်လ(၁)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ ဝါဆိုသင်္ကန်း ကပ်လှူပွဲသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များမှ တက်ရောက်ခဲ့ပါသည်။

        ထိုအခမ်းအနားတွင် ဘုန်းတော်ကြီးများမှ အန္တရာယ်ကင်း ပရိတ်တရားတော်နာကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ ဘုန်းတော်ကြီးများအား ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေစက်ချတရားနာ၍ အခမ်းအနားအား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ကြံခင်းမြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်လုပ်ငန်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင်ရာ များနှင့်ပူးပေါင်း၍(၁.၈.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကြံခင်းမြို့ပေါ်ရပ်ကွက်ရှိ စား သောက်ဆိုင်များနှင့် အစားအသောက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများအား ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် စားသောက်ဆိုင်(၃)ဆိုင်အားစစ်ဆေးခဲ့ရာ အစား အသောက်ပြုပြင်ရောင်းချသည့်နေရာများ၊ ချက်ပြုတ်သည့်သူများနှင့် ဝန်ဆောင်မှုပေးသည့် သူများမှာ သန့်ရှင်းသပ်ရပ်မှုရှိကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ လုံလောက်သည့်သတင်းအချက်အလက် များ အသိပေးဖော်ပြထားခြင်း၊ စည်ပင်လိုင်စင်၊ စားသောက်ဆိုင်လိုင်စင်များလည်း ရယူဆောင်ရွက်ထား ကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ စားသုံးသူများ ကျန်းမာရေးပြဿနာများမှကာကွယ်ရန် အန္တရာယ် ကင်းသော အစားအစာရရှိစေရေးအတွက် အဓိကဆောင်ရွက်ရမည့်အချက်များ၊ အစား အသောက် ပြင်ဆင်ချက်ပြုတ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အလေ့အကျင့်‌ကောင်းများ၊ အဖုံးပါသော အမှိုက်ပုံးများ လုံလောက်စွာထားရှိရန် မှာကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး စားသောက်ဆိုင် (၃)ဆိုင်အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)

ကြံခင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ တောင်သူများအား အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၄.၈.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၃၀)အချိန်တွင် ကြံခင်းမြို့၊ ဘူတာလမ်း၊ ရွာသစ်ရပ်ကွက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၌ တောင်သူ(၁၂၀)ဦးအား အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာ ဆန်စပါးအွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ My Ro တွင် မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့်မရှိကြောင်း၊ MyRo မှတ်ပုံတင်လုပ်ငန်းစဉ်များအား တောင်သူများ သိရှိနိုင်ရေး အသေး စိတ် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မှတ်ပုံတင်ထားပြီးသည့်    ဆန်စပါး သိုလှောင်ရုံလုပ်ငန်း ရှင် များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့အတွင်း Update ဖြည့်သွင်းနိုင်ရေး စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

လေးမျက်နှာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ “ဆုမွန်”ပေါင်မုန့်လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်(၁.၈.၂၀၂၅)ရက် နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လေးမျက်နှာမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ “ဆုမွန်” ပေါင်မုန့်လုပ်ငန်းသို့ သွားရောက်၍ SMEs ဖွံ့ဖြိုးတိုးတက်စေရေး နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည်  ပြည်သူများစားသုံးရန် ထုတ်လုပ်လျက်ရှိသော မိသားစု တစ်နိုင်တစ်ပိုင် ပေါင်မုန့်လုပ်ငန်းတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံး နိုင်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရန်၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/မသင့် စစ်ဆေးခဲ့ပြီး၊ သက်ဆိုင်ရာ ထောက်ခံချက်များ ရရှိထားပြီး စားသုံးရန်သင့်ကြောင်း စစ်ဆေးတွေ့ရှိရ ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်း ဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊သက်ဆိုင် ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်း ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို အလေးထားဆောင်ရွက်စေလို ကြောင်း ဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်ဘက် မှလည်း စားသုံးသူများ အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေး ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်စည် ဝယ်လိုအားပေါ်မူတည်၍ ထုတ်လုပ်မှု အနည်းအများရှိကြောင်း ပြန်လည် ဆွေးနွေးခဲ့သည် ဟု သိရှိရပါသည်။

 (DOCA ဧရာဝတီ)

ကလေးဝမြို့၊ စည်ပင်ဈေးအတွင်းရှိ အသင့်စားခေါက်ဆွဲခြောက်ထုပ် အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင် အတွင်းရှိ ကလေးဝမြို့၊ စည်ပင်သာယာဈေးတွင်း ရောင်းချနေသည့် ကုန်စုံဆိုင်များတွင် အသင့်စား ခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးအား ( ၆.၈.၂၀၂၅ ) ရက်နေ့တွင် ဦးကျော်ကျော်မိုး ( မြို့နယ်တာဝန်ခံ ) မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြင့် ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားခေါက်ဆွဲခြောက်ထုပ်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ရှိ/မရှိနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချကြရန်ဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ