သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပင်လုံမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၂၀)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အခြားဌာန ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပင်လုံမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီအချိန်အတွယ်ပြည့်ဝမှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်အခြေအနေတို့ကို ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ပင်လုံမြို့အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီ ဆိုင်များအနက်မှ MTA နှင့် အောင်သမာဓိစက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ   သက်ဆိုင်ရာတာဝန်ခံများအား အချိန်အတွယ် မှန်ကန်မှုရှိစေရေးကို အလေးထားရန်၊ သတ်မှတ်ရည်ညွှန်းထားသော ဈေးနှုန်းအတွင်းသာရောင်းချရန်မှာကြား၍ စက်သုံးဆီလက်ကျန်အခြေအနေတို့အား စစ်ဆေးခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ရောနှောဆီအပါဝင် စားသုံးဆီအမျိုးမျိုးအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

 ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၂၃) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ နမ့်စန်မြို့ ပေါ်ရှိ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးရောင်းချသည့် ကုန်စုံဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များပါဝင်မှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ဈေးကွက်အတွင်းတွင်  Goody၊ Good Choice ၊ Duck ၊ COOK ၊ ရွှေပဲ၊ ရွှေသံလွင် အစရှိသည့် ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးတို့ကို ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ရှမ်း)

ကန့်ဘလူမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အငယ်တန်းစာရေးတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကန့်ဘလူ မြို့မဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

    စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်စေရန် ရည်ရွယ်၍ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ ဈေးကွက်အတွင်း ရောင်းချနေသည့် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ မေဇင်ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့် စားအုန်းဆီ)တွင် ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရသည်။ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသော စားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး  စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည်  (၂၁.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ ဆန်ရောင်းဝယ်ရေးလုပ်ငန်းသို့ သွားရောက်ကာ ဆန်သိုလှောင်ထားရှိမှု၊ လက်ကျန်၊ ရောင်းချသည့်ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် ပြည်တွင်းဒေသထွက် စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရေး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွက် ဆန်အမျိုးအစားအလိုက် သင့်တင့်မျှတသော ဈေးကွက်၊ ဈေးနှုန်းထုတ်ပြန်ချက်များထက် မြှင့်တင်ရောင်းချခြင်းမရှိစေရေး၊ ပြည်တွင်းဆန်ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်စွာဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ သတင်းထုတ်ပြန်ချက်များ အတိုင်းလိုက်နာဆောင်ရွက်ရန်နှင့် ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံများ myroတွင် မှတ်ပုံတင်ထားရန်နှင် မှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များအနေဖြင့် လစဉ် ကုန်ရ /ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများ Update ပြုလုပ်ရန်နှင့် သတင်းထုတ်ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စက်သုံးဆီရောင်းချသည့်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ခရိုင်အတွင်းမြို့နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ၊ ဆီကားရောက်ရှိမှုနှင့် လက်ကျန်အခြေအနေများကို တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့တင်ပြလျက်ရှိရာ  (၂၁.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံသည် ရွှေဘိုမြိုရှိ စက်သုံးဆီရောင်းချသည့် လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ထိုသို့တွေ့ဆုံရာတွင် စက်သုံးဆီများဝယ်ယူမှု၊ သယ်ယူမှု၊ သိုလှောင်ထားရှိမှု၊ ပြန်လည်ဖြန့်ဖြူး ရောင်းချမှု၊  ဈေးနှုန်း၊ ဈေးကွက်အခြေအနေများနှင့် လက်ကျန်အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ပြီး  စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ နေ့စဉ်သတ်မှတ် ထုတ်ပြန်ပေးသည့် ရည်ညွှန်းဈေးနှုန်းအပေါ် သယ်ယူစရိတ်၊ အခြားအထွေထွေကုန်ကျစရိတ်များပေါင်း၍ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချကြရန်၊  အချင်အတွယ်နှင့်အလေးချိန် မှန်ကန်စွာရောင်းချရန်၊  LED ဘုတ်တွင် ကြေငြာထားသည့် ဈေးနှုန်းများအတိုင်းရောင်းချကြရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်သို့ အသိပညာပေးဆောင်ရွက်ခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဩဂုတ်လမှစ၍ မတ်လအထိ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအား ယင်းတို့၏လုပ်ငန်းများအတွက် မှတ်ပုံတင်ရယူ၍ ဆောင်ရွက်စေရန် လစဉ် အသိပညာပေး ဆောင်ရွက်မည့် အစီအမံများပေးပို့ရန်နှင့် အသိပညာပေးဆောင်ရွက်ထားမှုအခြေအနေ အစီရင်ခံစာများအား လစဉ်ပေးပို့တင်ပြရန် ညွှန်ကြားခဲ့ပါသည်။ အသိပညာပေးဆောင်ရွက်ရန်  ညွှန်ကြားချက်အရ စစ်ကိုင်းခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦးသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၁၅) ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ကွက်ရှိ “ဇေယျာရွှေမြေ” Online Shop လုပ်ငန်းသို့ ကွင်းဆင်း၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့မှုတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ကို  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် ထုတ်ပြန်ခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃)ဖြင့် ထုတ်ပြန်ခဲ့ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆)လပြည့်သည့်နေ့ရက်မှ စတင်၍ မှတ်ပုံတင်မရှိဘဲ ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်သည့်မည်သူမဆို မှတ်ပုံတင်လျှောက်ထားပြီးမှ လုပ်ကိုင်ရမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်လျှောက်ထားရန် ကြိုတင်ပြင်ဆင်သင့်သည့် အထောက်အထားများ၊ မဖြစ်မနေ ပူးတွဲတင်ပြရမည့် အထောက်အထားများ၊ လျှောက်ထားရန် အခြေခံလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)နှင့် (၅၁/၂၀၂၃)များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင် (၈/၂၀၂၄)လအတွင်း စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲလုပ်ငန်း ဆောင်ရွက်ခဲ့မှုများ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူအခွင့်အရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်/ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များကို စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်းစားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ စားသုံးသူများ၏အခွင့်အရေး (၈)ချက်အနက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင် မှုများနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ရန်၊ နစ်နာဆုံးရှုံးမှုများကို ရှင်းလင်းတင်ပြနိုင်ရန်၊ တိုင်ကြားနိုင်ခြင်းကို သိရှိစေရန် ရည်ရွယ်၍ ရွှေဘိုမြို့နယ်အတွင်းရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ပါ အကြောင်းများကို သိရှိလေ့လာနိုင်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး  ဦးဆောင်၍ ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (၂) ကြိမ် ဆောင်ရွက်ခဲ့ပါ သည်။

     (၇.၈.၂၀၂၄)ရက်နေ့တွင် ရွှေဘိုခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆန်စက်လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်း (၂၂)ဦး၊  (၂၁.၈.၂၀၂၄)ရက်နေ့တွင် မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာတွင် မုန့်လုပ်ငန်းရှင် (၁၂)ဦးတို့အား  စားသုံးသူကာကွယ်ရေးဥပဒေနှင့် စားသုံးသူများသည် ကုန်စည်နှင့် ဝန်ဆောင်မှုများကို သုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိလျှင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများအကြောင်း၊ Online Shopping များ ဝယ်ယူသုံးစွဲရာတွင် သတိပြု ဆောင်ရွက်သင့်သည့်အချက်များ၊ အွန်လိုင်းငွေကြေးဝန်‌ဆောင်မှု လုပ်ငန်းများသုံးစွဲရာတွင် သတိပြုလိုက်နာသင့်သည့် အချက်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင် (၃၄) စောင် ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ရွှေဘိုခရိုင် (၈/၂၀၂၄)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်မှု အခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူး ဦးဆောင်၍ ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၄)  ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

    ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်အား တွေ့ဆုံခြင်း (၄) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ရွှေဘိုမြို့၊ အမှတ်(၁၀) ရပ်ကွက်ရှိ ဆန်စက်လုပ်ငန်းရှင်အားလည်းကောင်း၊ အမှတ်(၇)ရပ်ကွက်ရှိ Point Star စားသောက်ဆိုင်လုပ်ငန်းရှင်အားလည်းကောင်း၊ အမှတ်(၁)ရပ်ကွက်ရှိ ငွေရောင်နဂါး စားသောက်ဆိုင်လုပ်ငန်းရှင်အားလည်းကောင်း၊ အမှတ်(၄)ရပ်ကွက်ရှိ စည်းစိမ်တိုး စားသောက်ဆိုင်လုပ်ငန်းရှင်တို့နှင့် တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ၊ အမိန့် ၊ ညွှန်ကြားချက်များနှင့် ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)

ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဆေးဆိုင်များ၌ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးဝါးများပြတ်လပ်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ‌‌ရေးအဖွဲ့တို့နှင့်ပူးပေါင်း၍  စျေးကွက်အတွင် လတ်တလောကာလတွင်ဖြစ်ပေါ်နေသော ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်ပြီး ဆေးဝါးများပြတ်လပ်မှုရှိ/မရှိကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၁၅ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် ပျော်ဘွယ်မြို့ပေါ်ရှိ ဆေးဆိုင် (၅) ဆိုင်အား စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံစေရေးနှင့် အခြေခံစားသောက်ကုန်မျာနှင့် ဆေးဝါးဈေးနှုန်းတည်ငြိမ်ရေး ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်း ဝမ်းရောဂါကာကွယ်မှုဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/မရှိကိုစစ်ဆေးရာ ဈေးကွက်အတွင်း ဝမ်းရောဂါကာကွယ်မှုဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုမရှိကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ကျိုက်မရောမြို့နယ်တွင် တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

 

မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ ကျိုက်မရောမြို့နယ်၊ မြို့မစျေးအတွင်း၌ တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိကို ၂၃.၈.၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ စစ်ဆေးရာတွင် ကျိုက်မရောမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ တရားမဝင်ဆေးဝါးပစ္စည်းများဖြစ်သော Abhayrab Injection ရောင်းချခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ရာ ရောင်းချခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား တရားမဝင်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ