သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တွံတေးမြို့နယ်အတွင်း ကြောက်စရာဆီများ ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ တွံတေးစည်ပင်သာယာ မြို့မဈေးအတွင်း၊ အပြင်ရှိ ကုန်ခြောက်ဆိုင်များတွင် စားသုံးရန် မသင့်သည့် ကြောက်စရာဆီများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေမှု ရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်ချက်အရ ဩဂုတ်လ ၁၇ ရက်နေ့၊ နံနက် ၁၀:၃၀ အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တွံတေးမြို့နယ်တာဝန်ခံနှင့် တွံတေးစည်ပင်သာယာဈေးတာဝန်ခံတို့ ပူးပေါင်း၍ တွံတေးစည်ပင်သာယာဈေးအတွင်း၊ အပြင်ရှိ ကုန်ခြောက်ဆိုင်များအား ကြောက်စရာကောင်းသောဆီများနှင့်ပတ်သက်၍ ဝက်ဆီဖတ်ကြော်စဉ် ထွက်ရှိဝက်ဆီများ၊ ဆီအသန့်ကြော်ပြီးသားဆီများ၊ အာလူးကြော်ဆီများ၊ ကြက်ကြော် ဆီများစသည်တို့အား ထုတ်လုပ်ခြင်း၊ ဈေးကွက်အတွင်း ရောင်းချ၊ ဖြန့်ဖြူးနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အဆိုပါ ကြောက်စရာကောင်းသောဆီများ ထုတ်လုပ်ရောင်းချ၊ ဖြန့်ဖြူးနေမှုမရှိသည်ကို တွေ့ရှိရပြီး ကုန်ခြောက်ဆိုင်များအား စားသုံးဆီအမျိုးမျိုးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံပြီး သက်ဆိုင်ရာထောက်ခံချက်များပါရှိသော စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေသည့် ဆီအမျိုးမျိုးကိုသာ ရောင်းချပါရန် ဈေးကွက်ကွင်းဆင်း စစ်ဆေးအသိပညာပေးခဲ့ကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)

 

 

တွံတေးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီရောင်းချနေမှုအခြေအနေအား စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင် ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ဩဂုတ်လ ၁၃ ရက်နေ့၊ နေ့လယ် (၁၄:၃၀) အချိန်တွင် မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား သွား‌ရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တွံတေးမြို့နယ်တာဝန်ခံမှ တွံတေးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သော ရွှေဗျိုင်းဖြူစက်သုံးဆီ အရောင်းဆိုင်၊ အယ်မွန်စက်သုံးဆီအရောင်းဆိုင်၊ ချမ်းမြေ့ဂုဏ်စက်သုံးဆီအရောင်းဆိုင်၊ နေဝင်းထွန်း စက်သုံးဆီ အရောင်းဆိုင်စသည့် စက်သုံးဆီအရောင်းဆိုင်များတွင် ခွဲတမ်းအချိုးကျစနစ်ဖြင့် ရောင်းချနေမှု ရှိ/မရှိ၊ စက်သုံးဆီအမျိုးအစားအလိုက် အပြည့်အဝ ရောင်းချပေးနိုင်ခြင်း ရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေမှု ရှိ/မရှိတို့အား သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆီအမျိုးအစားအလိုက် လက်ကျန်နှင့် ဆီဘောက်စာကား ဝင်လာနိုင်မည့်ခန့်မှန်းအချိန်တို့အား သွားရောက်မေးမြန်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

ပြည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏အနာဂတ်မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ခရိုင်အတွင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံ ပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ပြည်မြို့၊ အ-ထ-က(ရွှေတံခါး)၊ အ-ထ-က(၁)၊ မူ-လွန်(မဟာဇေယျုံ)ကျောင်းသို့လည်းကောင်း၊ ရွှေတောင်မြို့၊ အ-မ-က(ညောင်ဝိုင်း)ကျောင်း၊ အ-မ-က(အင်ကြင်းစင်) ကျောင်းသို့လည်းကောင်း၊ ပန်းတောင်းမြို့၊ မူ-လွန်(တမာကုန်း)၊ မူ-လွန် (ခတ္တိယ)၊ အ-မ-က(သရက်လိန်)၊ မူ-လွန်(သရဲဇီး)၊ အ-မ-က (ဖောင်းကန်)၊ မူ-လွန်(စည်သာ)သို့လည်းကောင်း၊ ပေါက်ခေါင်းမြို့၊ အ-မ-က(ငှက်တော်ဦး)သို့လည်းကောင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများအား မြို့နယ်တာဝန်ခံများနှင့်ဝန်ထမ်းများသည်  မြို့နယ်ပြန်ဆက်ရုံးနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

     အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများက စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ကော့မှူးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ချေးခဲ့သော ချေးငွေများအား ပြန်လည်ကောက်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ချေးခဲ့သော ချေးငွေများအား ပြန်လည်ကောက်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၂၁ ရက်၊နေ့လယ် (၁၀:၀၀) နာရီအချိန်တွင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

    အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၁-၂၀၁၂ ခုနှစ်ဘဏ္ဍာရေးနှစ်မှစ၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ပြည်သူများအား ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများအဖြစ် ထုတ်ချေးခဲ့သော ချေးငွေများအား မြို့နယ်ပုဂ္ဂလိက ငွေစု၊ ငွေချေးလုပ်ငန်းအဖွဲ့မှ ပြန်လည်ကောက်ခံ၍ နိုင်ငံတော် သို့ ပြန်လည်ပေးသွင်းလျက်ရှိရာ ချေးငွေပေးဆပ်ရန် ကျန်ရှိသည့် မြို့နယ်(၂၀)မြို့နယ်အနက် မင်္ဂလာဒုံမြို့နယ်သာ ချေးငွေအပြေအကြေဆပ်ပြီးကြောင်း စိစစ်တွေ့ရှိရပါသဖြင့် ချေးငွေပေးဆပ်ရန် ကျန်ရှိသည့် ခရိုင်အတွင်းသို့ ကော့မှူးမြိ့နယ်မှ ချေးငွေများ ဆက်လက်ကောက်ခံနိုင်ရေးကြပ်မတ်ဆောင်ရွက်သွားရန် ညွှန်ကြားလာမှုအပေါ် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ကော့မှူးမြို့နယ်မှ ချေးငွေပေးဆပ်ရန် ကျန်ရှိသည့် ကျေးရွာ(၁၀)ရွာမှ အုပ်ချုပ်ရေးမှူးမှလဲ ချေးငွေထုတ်ချေးပေးခဲ့သော ကျေးရွာငွေစု၊ ငွေချေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းပြီး ချေးငွေများ ဆက်လက်ကောက်ခံနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်မှုအခြေအနေများအား ပြန်လည်တင်ပြရန်နှင့် မြို့နယ်ငွေစုငွေချေး၊ ချေးငွေ ကောက်ခံရေးကြီးကြပ်မှုအဖွဲ့(၁)နှင့် အဖွဲ့(၂)တို့၏ ကျေးရွာများအရောက် ကွင်းဆင်းလုပ်ဆောင်မှုများ ချေးငွေကောက်ခံရရှိမှု အခြေအနေများအား မေးမြန်းဆွေးနွေးပြောကြား ခဲ့ကြောင်းသိရသည်။

DOCA(ရန်ကုန်)

ဩဂုတ်လ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားမှန်ကန်ပြည့်စုံစွာဖော်ပြမှုရှိစေရေး ရှင်းလင်းဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ပြည်မြို့၊ မအူရွာ၊ ဆင်စုနယ်မြေရှိ ဒေါ်စန်းစန်းထွေး၏ တပြည်သူ ရှားစောင်းလက်ပက်ယိုလုပ်ငန်းနှင့် ဦးစန်းယု၏ ကောင်းသန့် ယိုမျိုးစုံလုပ်ငန်းသို့လည်းကောင်း၊ ခေတ္တရာမြို့သစ် အမှတ်(၅)ကျောင်းလမ်းရှိ ဒေါ်ရီရီ၏ မြန်အောင်ဆန်ရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း၊  ရွှေတောင်မြို့တွင် ရန်ကုန်-ပြည်လမ်းရှိ ဦးစံမင်း၏ ရွှေပြည်အေးဆန်စက်သို့လည်းကောင်း၊ ယွန်းတန်းရပ်ကွက် တောင်ဘုရားကြီးလမ်းရှိ ဒေါ်ဥမ္မာကျော်၏ ဥမ္မာကျော် ထမင်းသုပ်၊ ရွှေတောင်မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲလုပ်ငန်းသို့လည်းကောင်း၊ ပန်းတောင်းမြို့၊ ဆင်တဲမြောက်ပိုင်းရှိ ဒေါ်ယဉ်ယဉ်မြိုင်၏ ဆန်ပွဲရုံလုပ်ငန်းသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဦးဖြိုး ကုန်စုံဆိုင်လုပ်ငန်းသို့လည်းကောင်း၊ ငါးခူအိုင်အုပ်စု၊ သာယာကုန်းရွာရှိ ဒေါ်စိုးယုနွယ်၏ ချောချော ဆပ်ပြာအမျိုးမျိုးလုပ်ငန်းသို့လည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများတို့သည် သွားရောက်၍ မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချင်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ၊ ပြည့်စုံမှန်ကန်စွာဖော်ပြမှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်မှုများပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထားလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိပါသည်။

DOCA(ပဲခူး)

ရွှေတောင်မြို့တွင် စားသုံးသူအသိပညာပေးဟောပြောပွဲဆောင်ရွက်

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ နွားမယံအုပ်စု၊ ဘယ်လက်ကျေးရွာရှိ အ.မ.က ဘယ်လက်ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ အဖွဲ့သည် (၂၁-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အခြားမိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

         အဆိုပါစားသုံးသူအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံရုံးမှ ဒေါ်ဇင်မာချောစုကြည် (ဒု-ဦးစီးမှူး)က ကုန်အညွှန်းအမှတ်အသား (၈)ချက်ကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ကုန်ပစ္စည်းများဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ၊ ပါဝင်သည့်ပစ္စည်းများ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် ကုန်ဆုံးသည့် ရက်စွဲများအား သေချာစွာကြည့်ရှုပြီးမှသာ ဝယ်ယူသုံးစွဲကြရန် ဟောပြောခဲ့၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါငြိမ်းငြိမ်းသန့်က လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒေါ်နီလာမြင့်က မာလကာသီးနှင့် နဂါးမောက်သီးတို့တွင်ပါဝင်သော ဓာတ်များအကြောင်းကို ကျောင်းသား/ ကျောင်း သူ(၁၁၂)ဦးအား အသိပညာပေးဟောပြောခဲ့၍ အဆိုပါအသိပညာပေးဟောပြောပွဲအား နံနက် (၁၁:၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)  

တောင်ငူမြို့အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၂၂-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် တောင်ငူမြို့ပေါ်ရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ သတ်မှတ်ထား သည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအနေဖြင့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မှတ်ပုံ တင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝ မှန်ကန်စွာရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချသောကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

       ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်   (၂၂-၈-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရေတာရှည်မြို့မဈေးအတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

         ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီ လက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဖြန့်ဖြူးရောင်းချကြရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသော စာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့၍ စားအုန်းဆီရောင်းချနေသော ကုန်စုံဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများအား အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ပဲခူး)

ဝေါမြို့အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၀-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဝေါမြို့အတွင်းရှိ လက်လီ/လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းမပြုလုပ်ကြစေရန်၊ ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့်ရေးသားဖော်ပြ၍ ရောင်းချကြရန်နှင့် သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo) တွင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့်ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

 DOCA(ပဲခူး)

သနပ်ပင်မြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ပဲခူးမြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  (၂၂-၈-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သနပ်ပင်မြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီ လက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ အချင်အတွယ်မှန်ကန်စွာရောင်းချကြရန်နှင့် ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် မြင်သာသော စာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့၍ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ