သတင်းနှင့် လှုပ်ရှားမှုများ
ညောင်တုန်းမြို့နယ် အခြေခံစားသောက်ကုန် ဈေးနှုန်း အနည်းငယ်ကျဆင်း လျက်ရှိ

ပန်းတနော်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်အလက်များအကြောင်းကို ကျေးရွာနေပြည်သူများအား ဟောပြောဆွေးနွေးခြင်း

အ.ထ.က ခွဲ ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ များအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

ညောင်တုန်းမြို့ အ.ထ.က. ခွဲ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသော မုန့်များအား ကွင်းဆင်းစစ်ဆေး

ညောင်တုန်းမြို့နယ် စားဆီအရောင်းဆိုင်များ သတ်မှတ်ချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဓနုဖြူမြို့နယ်၌ အငြိမ်းစာဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးဖြင့် ရောင်းချပေးလျက်ရှိ

ဓနုဖြူမြို့နယ် ဈေးကွက်အတွင်း Signal သွားတိုက်ဆေးအတု" များရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ညောင်တုန်းမြို့နယ်အတွင်း ရှိ ဓါတ်မြေဩဇာဆိုင်များအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာ အရောင်းဆိုင်များ၌ ကွင်းဆင်း စစ်ဆေးခြင်းကို (၂၄.၆.၂၀၂၅)ရက်နေ့ နေ့လည်(၁:၀၀) နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊၊ စိုက်ပျိုးရေး ဉီးစီးဌာန၊ ကျေးလက် ဖွံ့ဖြိုးရေးဌာနနှင့် စားသုံးသူရေးရာဉီးစီးဌာနတို့ ပူးပေါင်းပါဝင်သော အဖွဲ့များသည် ဓါတ်မြေဩဇာဆိုင် (၆)ဆိုင် သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ဓါတ်မြေဩဇာ အရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးရာ ဓါတ်မြေဩဇာဆိုင်များတွင် ပစ္စည်းများပြတ် လပ်မှုမရှိကြောင်း၊ ဆိုင်ပိုင်ရှင်များအား သက်ဆိုင်ရာဌာနက တားမြစ်ပိတ်ပင်ထားသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ရောင်းချ ခြင်း မပြုရန်၊ တရားဝင်မှတ်ပုံတင်ထားသော ဓါတ်မြေဩဇာနှင့်ပိုးသတ်ဆေးများ တင်သွင်း ရောင်းချရန်၊ စိုက်ပျိုးသူတောင်သူများ ဘေးကင်းလုံခြုံမှုရှိစေရန် သုံးစွဲပုံအညွှန်းကို မြန်မာစာဖြင့် တိတိကျကျ ဖော်ပြထားသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကိုသာရောင်းချကြရန်၊ သတ်မှတ်ချက်နှင့်မကိုက်ညီသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ ဈေးကွက် အတွင်းတွေ့ရှိပါက စိုက်ပျိုးရေးဦးစီးဌာန၏ ဥပဒေအရ သော်လည်းကောင်း စားသုံးသူကာကွယ်ရေး ဥပဒေအရသော်လည်းကောင်း အရေးယူခံရနိုင်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။ DOCA(ဧရာဝတီ)
ညောင်တုန်းမြို့နယ်ရှိ စက်သုံးဆီဆိုင် ကွင်းဆင်းစစ်ဆေးခြင်း


