သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေး ဟောပြောပွဲဆောင်ရွက်

        စားသုံးသူရေးရာဦးစီးဌာန၊ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ခုနှစ် ၊ ဩဂုတ်လ(၈)ရက် နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်း(၅)ဦးသည် လွိုင်ကော် မြို့နယ်၊ နောင်ယား(က) ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌   ကျောင်းသား/ ကျောင်းသူစုစုပေါင်း(၁၆၀)ဦးကိုစားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်မြို့ရီ( ဦးစီးအရာရှိ )က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/ ကျောင်းသူများ အနေဖြင့် မိမိတို့၏အခွင့်အရေးကို အပြည့်အဝနားလည်ပြီး  တောင်းဆိုရယူတက်စေရန်၊ နစ်နာ ဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍  တိုင်ကြားနိုင်ရန်အတွက်  စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ၊ ကုန်အညွန်းအမှတ်အသားနှင့် စပ်လျဉ်း၍ကုန်ပစ္စည်းများဝယ်ယူသုံးစွဲခြင်းမပြုမီ သတိပြုရမည့် အချက်များကို လည်းကောင်း၊  TV များတွင် ကလေးများအတုယူမမှားသင့်သော အလွန်အကြူးချဲ့ ကားကြော်ငြာနေသော ကြော်ငြာများနှင့်ပတ်သက်၍လည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့် စပ်လျဉ်း၍နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Website မှဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ MPT ၊ Ooredoo၊ Telenor၊ Mytel ဆင်းကဒ်များဖြင့်လည်း ၁၅၃၅ နံပါတ်များသို့ ခေါ်ဆို၍ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သိရှိလိုသည်များမေးမြန်းနိုင်ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ၊ ဗွီနိုင်းများကိုသက်ဆိုင်ရာကျောင်းအုပ်ဆရာကြီးထံသို့ ပေးအပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

                                     

Mistine အမှတ်တံဆိပ် အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှ (၁၁:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး များနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ကျိုင်းတုံမြို့၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)အတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား Mistine အမှတ်တံဆိပ် အလှကုန် ပစ္စည်းများနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် FDA ထောက်ခံချက်များဖြင့် Mistine အမှတ် တံဆိပ် အလှကုန်ပစ္စည်းများတွင် Hologram (ရောင်ပြန်)စတစ်ကာနှင့် မြန်မာစာ Labelling ကပ်၍ ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ သတ်မှတ်ချက်များနှင့်ပြည့်စုံခြင်းမရှိသည့် Mistine အလှကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုရန်နှင့် Mistine အမှတ်တံဆိပ် အလှကုန်ပစ္စည်းများကို တရားဝင်ခွင့်ပြုချက်ရှိသည့်ကုမ္ပဏီများမှ ဝယ်ယူရောင်းချကြရန် ပြောကြားခဲ့ ပါသည်။

          ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့်ဝန်ထမ်းများက ဈေးကွက်အတွင်း အလှကုန်ပစ္စည်းများရောင်းချသည့် လုပ်ငန်း ရှင်များအား ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေးဉပဒေပြဋ္ဌာန်းချက် အခန်း(၁၈)၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)အရ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မခွဲ(စ)အရ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်း အမျိုးအမည်များနှင့် ပစ္စည်းများ၏ပမာဏပါဝင်မှုအချိုးအစားများ ပါဝင်ရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

 

ဒိုက်ဦးမြို့နယ်အတွင်း အလှကုန်ပစ္စည်းများ စျေးကွက်စောင့်ကြည့်စစ်ဆေး

          ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ဒိုက်ဦးမြို့နယ် ၊ မြို့မဈေးအပြင်တန်းရှိ အလှကုန်ပစ္စည်း အရောင်း ဆိုင်များသို့ ၅.၈.၂၀၂၂ ရက်နေ့ ၊ နံနက် (၁၀ : ၀၀ )နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ ၊ မြို့နယ်စည်ပင်သာယာရေး ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများသည် ဈေးကွက်အတွင်း အလှကုန်ပစ္စည်းများ ဖြန့်ဖြူး ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်း ရှိ/မရှိ ၊ FDA ထောက်ခံချက်များဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မျက်နှာသစ်ဆေးများ ၊ Body Lotion များ ၊ Rollon ဘူးများ ၊ အသားဖြူမျက်နှာသစ်ဆေးများ ၊ ‌ရေမွှေးများ ၊ Serum များကို တွေ့ရှိရပြီး အချို့သော အလှကုန် ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိပြီး အချို့အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြရာ၌ သုံးစွဲပုံနည်းလမ်း ၊ ထားသိုသိမ်းဆည်းပုံနှင့် ၊ ကြိုတင် သတိပေးချက်များကို မြန်မာဘာသာဖြင့် ရိုက်နှိပ်၍ ထပ်ပိုးလွှာဖြင့် ကပ်ထားကြောင်း တွေ့ရှိရပြီး အမျိုးအမည်နှင့် အသားတင်ပမာဏတို့ကို မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း မရှိကြောင်း တွေ့ရှိရသည့်အတွက် အလှကုန်ဆိုင်ပိုင်ရှင်များအား မည်သည့်အလှကုန်မဆို FDA ထောက်ခံချက်နှင့် ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာ ပါရှိမှသာ ဝယ်ယူရောင်းချကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး

       ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့နယ်ရှိ ကျေးရွာအုပ်စုများမှ  ကျေးလက်နေ ပြည်သူများအား စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများအား အခြေခံ၍ ဇူလိုင်လမှ  သြဂုတ်လ ပထမပတ်အထိ ကျေးရွာ ၁၀ရွာမှ တောင်သူ ၅၉၀ ဦးခန့်အား စားသုံးသူ‌ရေးရာဦးစီးဌာန ၊ စိုက်ပျိုးရေး ၊ ဆည်မြောင်း ၊ မြေစာရင်း ၊ ကျေးလက်ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။   

       စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စာသုံးသူကာကွယ်‌ရေး ဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များ ၊ စားသုံးသူများ၏ နစ်နာဆုံးရှုံးမှုများအား တိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများ ဖွင့်လှစ်ထားရှိမှု အခြေအနေများကို ဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဇီးကုန်း အ.ထ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

     ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့ ၊ အ.ထ.က ကျောင်းမုန့်စျေးတန်းသို့ စာသုံးသူ ရေးရာ ဦးစီးဌာနမှ ဇီးကုန်းမြို့နယ်တာဝန်ခံ ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမြင့် ၊ ကျန်းမာရေးဌာနမှ ဆရာမ ၃ ဦးတို့သည် ၅.၈.၂၀၂၂ ရက်နေ့တွင် ရောင်းချနေသာ မုန့်ဆိုင်များအား ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များ ၊ မုန့်မျိုးစုံ ၊ အချိုရည်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ စစ်ဆေးရာတွင် ကျောင်သား ၊ ကျောင်းသူများအား ရောင်းချနေသော မုန့်မျိုးစုံဆိုင်တွင် သက်တမ်းလွန် မုန့်များ ၊ ပါဝါသကြားလွန်ကဲစွာ အသုံးပြုသော အစားအစာများ  ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းမရှိသော အသားလုံးများ ၊ အရောင်လွန်ကဲစွာ အသုံးပြု ထား၍ နီရဲနေသော ထုတ်လုပ်ရက် ၊ ကုန်ဆုံးရက် မပါရှိသည့် မက်မွန်သီးများကို တွေ့ရှိရသည့်အတွက်  ဓာတ်ပုံမှတ်တမ်းများရယူခဲ့ပြီး ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသူများအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှသာ ရောင်းချကြရန် အသိပညာပေးပြောကြားခဲ့ပြီး ကျောင်းကျန်းမာရေးအဖွဲ့အား စိစစ်ကြပ်မတ်‌ဆောင်ရွက်နိုင်ရန် တွေ့ရှိမှုများကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည် ။

DOCA(ပဲခူး)

သာယာဝတီမြို့နယ် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ကွင်းဆင်းဟောပြောခြင်း

          ပဲခူးတိုင်း‌ဒေသကြီး ၊ သာယာဝတီခရိုင် ၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အုပ်ချုပ်ရေးမှူး ဦးဆန်းဟို ဦးဆောင်၍ ဌာနဆိုင်ရာအဖွဲ့များဖြစ်သော စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ ကျန်းမာရေး ၊ ဆည်မြောင်း ၊ မြေစာရင်း ၊ စက်မှုလယ်ယာ ၊ ကျေးလက် ၊ စိုက်ဘဏ်ဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ဇူလိုင်လမှ သြဂုတ်လ ပထမပတ်အထိ ‌‌မြောက်ပန်းဆွဲရွာ ၊ ညောင်ဝိုင်းရွာ ၊ ဂုဏ်မင်းမြောင်ရွာ ၊ ကျွန်းကုန်းရွာ ၊ သာယာအေးရွာများ၌ နေထိုင်ကြသော တောင်သူများထံသို့ စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း ၊ စာသင်ကျောင်းများတွင် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

          စိုက်ပျိုးရေး ၊ မွေးမြူရေး ကုန်ထုတ်လုပ်မှုသင်တန်းအား လစဉ် တစ်လလျှင် ကျေးရွာ (၁၀) ရွာ ကွင်းဆင်းပြီး ကျေးရွာအတွင်းရှိ တောင်သူများအား ကျန်းမာရေး ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲများ ကျင်းပခြင်းဖြစ်ပါသည်။ ထိုဟောပြောပွဲများတွင် မြို့နယ် ပညာရေးမှူးများမှ ပညာ‌ရေးအတွက် လိုအပ်ချက်များ ကူညီထောက်ပံ့ပေးနိုင်ရေးကို အဓိကထား ဟောပြောပြီး စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံများမှ မိမိတို့ဌာန၏ လက်ရှိလုပ်ဆောင် နေသော လုပ်ငန်းဆောင်တာများ ၊ စားသုံးသူမိဘပြည်သူများအနေဖြင့် ကုန်စည် ၊ ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ထိခိုက်နစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို အသိပညာပေး ဟောပြောကြပါသည်။ ယခုအချိန်ထိ သာယာဝတီမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၄၈ အုပ်စုသို့ ကွင်းဆင်းဟောပြောပြီးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ခြင်ဆေးခွေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် မြို့မဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များသို့ (၈.၈.၂၀၂၂) ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီး မှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဌာနမှတာဝန်ရှိသူ တစ်ဦး၊ စည်ပင်သာယာ ဈေးဂေါင်း တို့နှင့်အတူ တရားဝင်ဖြန့်ဖြူးရောင်းချခွင့် မှတ်ပုံတင်ထားခြင်းမရှိသော ခြင်ဆေးခွေများ ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ကြို့ပင်ကောက်မြို့နယ် ၊ မြို့မဈေးအတွင်း/အပြင် ကုန်စုံဆိုင်များတွင် တရားဝင် စိစစ် ခွင့်ပြု ထားသည့် ပိုးသတ်ဆေး ဆိုင်ရာ သုံးစွဲထုတ်လုပ်ခွင့်၊ ပိုးသတ်ဆေးသုံးစွဲသည့် ကုန်ပစ္စည်း၏ ထုတ်ပိုး ပစ္စည်းနှင့်ပတ်သက်သည့် စိစစ်ခွင့်ပြုချက်များ ရယူဆောင်ရွက်ထားခြင်းမရှိဘဲ တရားမဝင် နည်းလမ်းဖြင့် ထုတ်လုပ်ရောင်းချနေသော ခြင်ဆေးခွေများ ရောင်းချခြင်းမရှိကြောင်း တွေ့ရှိရပြီး ဆိုင်ရှင်များအား ကုန်ပစ္စည်းများရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိခြင်း၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များ ပါရှိမှသာ ရောင်းချရန် အသိပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မင်းလှမြို့နယ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် ၊ မိုးညိုမြို့နယ်တွင် ခရိုင်ဦးစီးမှူး၏ ဦးဆောင်မှုဖြင့် (၈.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးဦးအောင်သိန်း၊ မြို့နယ်တာဝန်ခံ ဦးစိန်ဝင်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင် သာယာဈေးအတွင်း ကုန်စုံဆိုင်များရှိ အလှကုန်ပစ္စည်းများတွင် FDA ခွင့်ပြုချက်ရှိ/မရှိ ၊ Hologram Stickerများ ပါ/မပါ ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား မပြည့်စုံသည့် အလှကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုကြရန်နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေ နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ၊ စားသုံးသူများ နစ်နာမှုဖြစ်စေမည့် သက်တမ်းလွန် အလှကုန်ပစ္စည်းများကို သွယ်ဝိုက်ရောင်းချခြင်းများ ရှောင်ကြဉ်ကြရန် ၊ FDA ခွင့်ပြုချက်မရှိသည့် အလှကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုကြရန် အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

မိုးညိုမြို့နယ်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် မိုးညိုမြို့နယ်တွင် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက် ဖြင့် (၅.၈.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          မြို့နယ်တာဝန်ခံ ဦးဇော်ထွန်းနှင့် ဒု-ကြီးကြပ်ရေးမှူးဦးမြင့်လွင်တို့သည်မြို့နယ်စည်ပင်သာယာ ဈေးအတွင်းရှိ ကုန်စုံဆိုင်များရှိ  အလှကုန်ပစ္စည်းများတွင် FDA ခွင့်ပြုချက် ရှိ/မရှိ ၊ Hologram Sticker များ ပါ /မပါ ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိကို ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးမီ ကုန်ပစ္စည်းများရောင်းချရေးနှင့် စားသုံးသူကာကွယ်ရေး ဥပ‌ဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း(၂၄)ပါ ပြစ်မှု၊ ပြစ်ဒဏ်များကို အကျယ်တဝင့် အသိပညာပေးရှင်းလင်း ဆွေးနွေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

အုတ်ဖိုမြို့ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံများသို့ အသိပညာပေးဆွေးနွေးခြင်း

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်၌ (၅.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် မြို့နယ်တာဝန်ခံ ဦးအေးဇော်ထိုက်၊ဒုကြီးကြပ်ရေးမှူး ဦးအောင်သိန်းဦးတို့သည် ပဲမျိုးစုံ ရောင်းဝယ်တင်ပို့ရောင်းချသူပိုင်ရှင် ဦးခင်မောင်ထွန်းနှင့် တွေ့ဆုံ၍ အရည်အသွေးမှီကုန်ပစ္စည်းများ ရောင်းချရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

         ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များ ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအရ ဖြည့်ဆည်းပေးရမည့်အချက်များနှင့် ကုန်စည်အမျိုး အစားအလိုက် အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် ဈေးနှုန်းများ မှန်ကန်စွာ ရောင်းချမှုရှိစေရေး ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ