မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောနှောဆီများရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၁၈.၈.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီက အိမ်မဲမြို့နယ် မြို့မဈေးအတွင်း ရောင်းချနေသော ကုန်မျိုးစုံဆိုင်များတွင် ရောနှောဆီများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် အထက်ဌာန၏လမ်းညွှန်ချက်အရ ဈေးကွက်အတွင်းသို့ ရောက်ရှိလာသော ကြောက်စရာဆီတွေခေါင်းစဉ်ဖြင့် ဖော်ပြရေးသားထားမှုအပေါ် စားသုံးသူပြည်သူအန္တရာယ်မဖြစ်ပေါ်စေရေးကို ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆိုင်ရှင်များအနေဖြင့် စားသုံးဆီများရောင်းချရာတွင်လည်း သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုရန် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ် ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ အမိန့်၊ ညွှန်ကြားချက်ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် အသိပေးဆွေးနွေးခဲ့ပါသည်။
DOCA(ဧရာဝတီ)