ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ကြက်သွန်နီအဝင်များလျက်ရှိ

     ပြည်ဈေးကွက်သို့ မကွေးတိုင်းအောင်လံဘက် (နံဇူပင်)ရွာမှ ကြက်သွန်နီများ တစ်ရက်လျှင် ပိဿာချိန် (၁၂၀၀၀)ခန့် အဝင်ရှိနေပြီး နံဇူပင်ကြက်သွန်နီမှာ အရည်အသွေးကောင်းသည့်အတွက် အရောင်းအဝယ်သွက်ကြောင်းလည်းသိရပါသည်။ တောင်တွင်းနှင့်သရက်ဘက်မှ ကြက်သွန်နီမှာ တစ်ရက်လျှင် ပိဿာချိန် (၃၀၀၀)ပတ်လည်ခန့်သာအဝင်ရှိပြီး အရောင်းအဝယ်မှာ ကြက်သွန်နီ အဝင်အားလုံးရဲ့ ထက်ဝက်ကျော်ခန့်အ‌ရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။ ဒေသတွင်း ဝယ်လက် များ၊ အိတ်ဆွဲအရောင်းသမားများ၊ နယ်ကျော်အရောင်းအဝယ်သမားများအပြင် ပေါင်းတည်၊ သာယာဝတီ၊ မင်းလှ၊ ဆင်တဲ၊ ရွှေဘုံသာ၊ ဥသျှစ်ပင်ဘက်တို့သို့ စီးဆင်းမှုအဖြစ် အရောင်းအဝယ်ရှိနေသည်။ ဈေးနှုန်းမှာ ပွဲရုံလက်ကားဈေးတစ်ပိဿာလျှင် ကြီး/လတ်/သေး ကျပ် (၂၆၀၀-၂၅၀၀)(၂၄၀၀-၂၃၀၀)(၂၂၀၀-၂၀၀၀)နှုန်းတို့ရှိပြီး မြို့ပေါ်လက်လီဈေးများတွင်ကျပ် (၃၀၀၀-၂၈၀၀-၂၇၀၀-၂၅၀၀ -၂၃၀၀-၂၂၀၀) နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေကြောင်းသိရသည်။

     ပြည်ဒေသအနီးတစ်ဝိုက်ထွက်ရှိသော မှော်ဇာ၊ တောင်လုံးညို၊ မထောရွာများမှ ကြက်သွန်နီများမှာ ပြည်ပွဲရုံများသို့မသွင်းဘဲ မြို့ပေါ်လက်လီဈေးများတွင် စားသုံးသူတိုက်ရိုက် ရောင်းချခြင်းများဖြင့် အရောင်းအဝယ်ပြုလုပ်လျှက်ရှိပြီး ယခုဧပြီလဆန်းတွင် လှိုင်လှိုင်ပေါ် ထွက်လျှက် ရှိကာ ဈေးနှုန်းမှာ တစ်ပိဿာလျှင် လက်လီ/လက်ကားကျပ် ၂၂၀၀/၂၀၀၀ နှုန်းတို့ဖြင့် ရောင်းချလျက် ရှိနေကြောင်းသိရသည်။

DOCA(ပဲခူး)

ရန်ကုန်မြို့သို့ သင်္ဘော၊ ကားဖြင့် နေ့စဉ် ဆန်ဝင်ရောက်မှု

          ၂.၅.၂၀၂၅ ရက်နေ့ ရန်ကုန်မြို့သို့ ဖျာပုံမြို့နယ်မှ ရွှေဝါထွန်းသင်္ဘောဖြင့် ကြားပျံ (၁၀၇၀) အိတ်၊ ပေါ်ကျွဲ(၆၀၀) အိတ်၊ ဧည့်မထ(၃၆၁၇)အိတ်၊ ဆန်ကွဲ(၁၁၂၉)အိတ်၊ မြောင်းမြမြို့မှ အောင်ရာဇာဟိန်းသင်္ဘောဖြင့် ပေါ်ဆန်း (၃၃၂၆) အိတ်၊ ပေါ်ကျွဲ(၁၃၇) အိတ်၊ ဧည့်မထ(၆၅၈၂) အိတ်၊ ဆန်ကွဲ(၁၀၀)အိတ်၊ မော်ကျွန်းမြို့မှ သိရိဧရာ သင်္ဘောဖြင့်  ကြားပျံ (၄၅၀) အိတ်၊ ပေါ်ဆန်း (၂၀၅၀) အိတ်၊ ပေါ်ကျွဲ (၂၅၁)အိတ်၊ ဧည့်မထ(၂၁၈၃) အိတ်နှင့် ဆန်ကွဲ(၅၀၀) အိတ်၊ ဘိုကလေးမြို့နယ်မှ သန်းမြတ်ကျော်၊ နဒီထွန်း သင်္ဘာများဖြင့် ကြားပျံ( ၁၇၉၆) အိတ်၊ ပေါ်ဆန်း အိတ်ရေ (၃၇၇၅)၊ ပေါ်ကျွဲ(၁၁၉) အိတ်၊ ဧည့်မထ (၁၃၀၀)အိတ်နှင့်် ဆန့်ကွဲ(၄၀၀)အိတ်၊ လပ္ပတ္တာမှ ဝမ်းစတားထွန်း င်္ဘောဖြင့် ပေါ်ဆန်း(၁၄၈၄) အိတ်၊ ပေါ်ကျွဲ(၂၉၁) အိတ်၊ ကျိုက်လတ် မှ သုခမွန်၊ စွယ်စုံသာလွန်င်္ဘောများဖြင့် ဧည့်မထ(၂၇၂၀) အိတ်နှင့် ဆန်ကွဲအိတ်(၄၅၀)၊ ကော့မှူး မှ ကားဖြင့် ပေါ်ဆန်း(၆၅၀) အိတ်၊ ပေါ်ကျွဲ(၄၁၀) အိတ်၊ ဧည့်မထ(၂၅၀၀) အိတ်၊ ဆန်ကွဲ(၂၀၀) အိတ်၊ ဒေးဒရဲမှ ကားဖြင့် ဧည့်မထ(၁၉၅) အိတ်တို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

              ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၂၉.၄.၂၀၂၅) မှ (၂.၅.၂၀၂၅) နေ့ထိ ဆန် ဝင်ရောက်မှုစာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ် မြို့နယ်များမှ ကြားပျံ (၉၅၄၀) အိတ်၊ ပေါ်ဆန်းမွှေး (၂၃၅၈၉) အိတ်၊ ပေါ်ကျွဲ (၅၆၉၈) အိတ်၊ ဧည့်မထ (၅၇၉၂၁) အိတ်၊ ဆန်ကွဲ (၁၁၁၄၁) အိတ် ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း (အရှေ့) ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၃၉၂၀) အိတ် နှင့် ပဲခူးတိုင်း (အနောက်) မြို့နယ်များဖြစ်သော သာယာဝတီ၊ သုံးဆယ်၊ လက်ပံတန်း၊ ကြို့ပင်ကောက်မြို့နယ် များမှ ဧည့်မထ (၁၅၉၉၂) အိတ်၊ ငစိန် (၉၉၀) အိတ်နှင့် ရန်ကုန်တိုင်း ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ်ကုန်း၊ ပျော်ဘွယ်၊ တိုက်ကြီး၊ ခရမ်း၊ သုံးခွ၊ ဥက္ကံမြို့နယ်များမှ ဧည့်မထ (၁၃၄၀၀) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရ သိရှိရပါသည်။      

DOCA(ရန်ကုန်)

ပြည်ဈေးကွက်ရာသီစာအဖူးများအရောင်းသွက်

       ပြည်ဈေးကွက်၌ ပြည်မြို့အနီးတဝိုက်ရွာများဖြစ်သော မထော၊ ဇီးအုပ်၊ ပေါက်ကုန်း၊ တောင်ခွေးရဲ၊ ကင်ပွန်းခြုံ၊ မှော်ဇာ၊ အောင်မြေ၊ နဝင်း၊ ချောင်းနားတန်းရွာများနှင့် ပြည်မြို့ အနောက်ဘက်ကမ်းရှိ ဆင်တဲ၊ ဖိုးခေါင်၊ မန်ကျည်းစုရွာများမှ ပြည်မြို့လက်လီ မြို့ပေါ်ဈေးများသို့ ယခုကာလရာသီစာ အဖူးများဖြစ်သော ညောင်ဖူး၊ ကုက္ကိုဖူး၊ တရုတ်စကားဖူးများ အဝင်ရှိကာ အရောင်းသွက်လျက်ရှိနေသည်။ တစ်ရက်လျှင်ရာသီစာဖူးများ (ပြုတ်ပြီးသား) ပိဿာချိန် (၅၀)ခန့်နေ့စဉ်အဝင်ရှိနေပြီး အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်လျက်ရှိနေကြောင်း သိရပါ သည်။ ဈေးနှုန်းအားဖြင့် ရာသီစာအဖူးများ (၁၀)ကျပ်သား လျှင် ကျပ်(၄၀၀-၅၀၀)နှုန်းရှိပြီး ၁ပိဿာလျှင် ကျပ်(၃၅၀၀-၃၇၀၀)နှုန်းတို့ဖြင့် ဖောက်သည် လက်ကား ဈေးဖြင့် ရောင်းချလျက် ရှိကြောင်းသိရသည်။

DOCA(ပဲခူး)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့်ဈေးနှုန်းများ

          ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီ များသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ ၏  ကြက်သွန်နီ လက်ကျန် အခြေအနေများ အား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီ လက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်း လျက်ရှိပါသည်။ မေလ (၅) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာ ဒေသများဖြစ်သည့် ဆိပ်ဖြူ၊ ၊ မုံရွာ၊ မြစ်သား၊ တောင်သာ ဒေသတို့မှ ကြက်သွန်နီ (၉၉၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှု ရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၉၆၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင် သတင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၁၁၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၆၀၀ ၊ အကြီးမှာ ကျပ် ၁၈၀၀၊ ရှယ်မှာ ကျပ် ၁၉၀၀၊ မုံရွာ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၉၅၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၃၅၀ ၊ အကြီးမှာ ကျပ် ၁၅၀၀၊ ရှယ်မှာ ကျပ် ၁၄၅၀၊ မြစ်သား ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၁၄၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၂၁၀၀ ၊ အကြီးမှာ ကျပ် ၂၃၀၀၊ ရှယ်မှာ ကျပ် ၂၄၀၀၊ တောင်သာ ကြက်သွန်နီ(အသစ်) အချောတစ်ပိဿာကျပ် ၇၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၁၀၀၊ အကြီး မှာကျပ် ၁၂၀၀၊ ရှယ်မှာ ကျပ် ၁၂၀၀ ဈေးတို့အသီးသီး ရှိကြောင်း စုံစမ်းသိရှိရပါသည်။

          ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ကြက်သွန်နီဈေးနှုန်းများ နှိုင်းယှဉ်ရာတွင် ကြက်သွန်နီ ဈေးနှုန်းများမှာ ဈေးအနည်းငယ်ကျသွားကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ

           ၅.၅.၂၀၂၅ ရက်နေ့၊ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက် တစ်ပိဿာ ဈေးနှုန်းများမှာ တောင်သာ၊ မလိုင်(ဒုံး) သစ် အနိမ့်ဆုံးဈေး ကျပ် ၅၅၀၀ မှ အများဆုံး ကျပ် ၅၇၀၀၊ ညောင်ဦးဆေးရှယ်(ထန်းရော)   ကျပ်  ၅၀၀၀၊  ပခုက္ကူကြမ်း ကျပ် ၅၈၀၀၊ ရေစကြို ထန်းလျက် အနိမ့်ဆုံးဈေး ကျပ် ၅၅၀၀ မှ အများဆုံး ကျပ် ၅၇၀၀ ၊ ကြံသကာ(ရှမ်း) ကျပ် ၃၃၀၀၊ ကြံသကာ (သကြားရော) ကျပ် အနိမ့်ဆုံး ၅၀၀၀ မှ အများဆုံး ကျပ် ၅၂၀၀၊ မန်ကျည်းသီး များဖြစ်သော မန်းကျည်းသီး ပွင့်ကပ် (သစ်) အနိမ့်ဆုံးဈေး ကျပ် ၅၅၀၀ မှ ကျပ် ၅၈၀၀ ၊ မန်းကျည်းသီး အသား(သစ်) အနိမ့်ဆုံးဈေး ကျပ် ၆၅၀၀ မှ ကျပ် ၇၅၀၀ ၊ ပြည်တွင်းသကြား  အနိမ့်ဆုံးဈေး ကျပ် ၄၉၅၀ မှ ကျပ် ၅၁၀၀ တို့အသီးသီး ဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိ ပါသည်။

DOCA(ရန်ကုန်)

သင်္ကြန်အခါနားနီး၍ မြေပဲဆီဈေးနှုန်းများပြန်လည်မြင့်တက်လာ

     ပြည်ဈေးကွက်တွင် စားသုံးဆီဖြစ်သော မြေပဲဆီဈေးနှုန်းများမှာ ယခင်ရက်များ နှင့်စာလျှင် အနည်းငယ်မြင့်တက်လာခဲ့ပါသည်။ ပြည်မြို့အနေဖြင့် နှမ်းဆီထက် မြေပဲဆီကို စားသုံးမှုများခြင်း နယ်မြို့များမှလည်းဝယ်ယူမှုရှိခြင်းတို့ကြောင့်မြေပဲဆီဈေးများမြင့်တက်လာခဲ့သည်ဟုသိရပါသည်။ ဆီစက်များ အနေဖြင့်လည်းစားသုံးသူမှုပိုများသောမြေပဲဆီကိုသာကြိတ်ခွဲမှုများပါသည်။

     မြေပဲဆီဈေးနှုန်းများအနေဖြင့် ယခင်မတ်လအတွင်းတွင် တစ်ပိဿာကို (၁၅၀၀၀-၁၆၀၀၀)ကျပ်ဖြင့် ‌ရောင်းဝယ်ခဲ့ပြီး ယခုဧပြီလဆန်းတွင် တစ်ပိဿာကို (၁၇၀၀၀) ကျပ်ဖြင့် ‌ရောင်းချသဖြင့် တစ်ပိဿာကို (၁၀၀၀)ကျပ်ခန့် ဈေးပိုလာခဲ့ပါသည်။ ယခင်နှစ် ယခုလိုအချိန်တွင် မြေပဲဆီဈေးမှာ တစ်ပိဿာကို (၁၄၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့သဖြင့် ယခုနှစ်တွင် တစ်ပိဿာကို (၃၀၀၀)ကျပ်ခန့် ဈေးပို လာခဲ့ပါသည်။ ယခုနှစ်တွင် မြေပဲဆီဈေးများပိုမိုမြင့်တက်လာရခြင်းမှာ သင်္ကြန်ကာလနီးလာခြင်း၊ မြေပဲ လက်ကျန်နည်းလာခြင်း၊ စားသုံးမှုများလာခြင်းတို့ကြောင့် ဖြစ်သည်ဟုသိရပါသည်။

DOCA(ပဲခူး)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများ

၅.၅.၂၀၂၅ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ရေထွက် ကုန်ပစ္စည်းများ၏ တစ်ပိဿာ ဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန်ရှယ် မှာ ကျပ် ၂၈၀၀၀၀ ၊ ဖျာပုံရွှေပုဇွန်ရိုးရိုးကျပ် ၂၀၀၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ် ၁၅၀၀၀၀၊ ဖျာပုံချိုကြီးရိုးရိုး ကျပ် ၁၂၀၀၀၀၊ ဖျာပုံချို သေးရှယ်ကျပ် ၉၅၀၀၀ ၊ ဖျာပုံ ချိုသေးရိုးရိုးကျပ် ၈၀၀၀၀ ၊မြိတ်ပုဇွန်လတ် ကျပ် ၁၂၀၀၀၀၊ မြိတ်ပုဇွန်ရိုးရိုး ကျပ် ၉၀၀၀၀၊ ရေချိုငါးခြောက်များဖြစ်ကြသော ငါးကျီးကြပ်တိုက်ကြီး   ကျပ် ၉၀၀၀၀ ၊ ငါးကျီးကြပ်တိုက်သေး  ကျပ် ၇၀၀၀၀ ၊ ငါးမြွေထိုး ကျပ် ၄၀၀၀၀ ၊ ငါးရံ့ခြောက်ကြီး ကျပ် ၈၅၀၀၀ ၊ ငါးရံ့ခြောက်လတ်ကျပ် ၆၅၀၀၀ ၊ ငါးရံလုံးရှယ် ကျပ် ၅၅၀၀၀ ၊ ရေငံငါးခြောက်များဖြစ်ကြသော ကလိန် ကျပ် ၁၀၀၀၀ ၊ ငါးကွမ်းရှပ်ကြီး ကျပ် ၃၅၀၀၀၊ ငါးတံခွန်မျှင်ကြီး (ရှယ်)ကျပ် ၂၀၀၀၀၊ ငါးတံခွန်လုံးကြီး ကျပ် ၆၀၀၀၊ ငါးနှပ်ခြောက် ကြီး(ရှယ်) ကျပ် ၅၀၀၀၀ ၊ ငါးရွှေသေး ကျပ် ၁၀၀၀၀ ၊ ငါးမီးတံသွယ် ကျပ် ၇၀၀၀  ဈေးတို့အသီးသီး ရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ဈေးတက်နေသောလက်ပံတန်းမြို့ရှိကြက်ဥ/ဘဲဥဈေးကွက်

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိ သောကြက်ဥ/ဘဲဥ လက်လီ/လက်ကား အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများမှာ ကြက်ဥ (အကြီး)တစ်လုံးလျှင် ၅၀၀/ကျပ်၊ကြက်ဥ(အလတ်)တစ်လုံးလျှင် ၄၅၀/ကျပ်၊ကြက်ဥ (အသေး) တစ် လုံးလျှင် ၄၀၀/ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ဘဲဥဈေးကွက်ရောင်းချမှုအနေဖြင့် ဘဲဥ(အကြီး)တစ်လုံးလျှင် ၆၀၀/ကျပ်၊ဘဲဥ(အလတ်) တစ် လုံးလျှင် ၅၅၀/ကျပ်၊ဘဲဥ(အသေး)တစ်လုံးလျှင် ၅၀၀/ကျပ်ငုံးဥ(တစ်လုံး)လျှင် ၁၁၀/ကျပ်ဈေးနှုန်းတို့ ဖြင့်အရောင်းအဝယ်ရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေဘိုဈေးကွက်တွင် ကုလာပဲလုံး ဈေးအေးနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် ကုလားပဲလုံးများ ကိုဒေသတွင်းအပြင် မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း မေလ၊ ဒုတိယအပတ်တွင်ရောင်းချသည့် ကုလားပဲလုံးဈေးနှုန်းမှာ (၁)ပြည်လျှင်(၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင် (၉၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ကုလားပဲလုံးမှာ အဖြူရောင်နှင့် အဝါရောင် နှစ်မျိုးရှိပြီး ရောင်းချရသည့် ဈေးနှုန်းမှာလည်းတူညီကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲလုံး(၁)ပြည်လျှင်(၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးအေးနေကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကုလားပဲသုတ် ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း