ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

လက်ပံတန်း မြို့မဈေးအတွင်းမှ ကြက်သွန်နီနှင့် အာလူး ဈေးကွက်ဈေးငြိမ်နေ

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ မတ်လနောက်ဆုံးပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် (၄၅၀၀/ ၅၀၀၀) ကျပ်၊ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ရှိနေခဲ့ပြီးဧပြီလဒုတိယပတ် ကြက်သွန်နီ တစ်ပိဿာ လျှင် (၂၀၀၀/၂၅၀၀/၃၀၀၀/)ဈေးနှုန်းတို့အသီးသီးရှိနေကြပါသည်။

     အာလူးဈေးကွက်ရောင်းချမှုအနေဖြင့် အာလူးတစ်ပိဿာလျှင် မတ်လနောက်ဆုံးပတ်တွင်  အာလူးဈေးနှုန်းမှာ(၅၀၀၀/၆၀၀၀) ကျပ်ဈေးရှိနေခဲ့ရာယခုဧပြီလဒုတိယပတ်တွင်လည်း အာလူး ဈေးနှုန်းမှာ ၅၀၀၀/၆၀၀၀  ကျပ် ဖြင့်အရောင်းဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်မင်းလှမြို့နယ်ရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်းဈေးကွက်

     ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင် မင်းလှမြို့နယ်အတွင်းရှိ ရောင်းချနေသော ဟင်းသီး ဟင်းရွက်များမှာ မင်းလှမြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများမှဝင်ရောက်သည့်အပြင် ပုတီးကုန်း ၊ သဲကုန်း၊ပေါင်းတည် စသည့်မြို့နယ်များမှလည်း ဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါသည်။

    ထိုသို့ဝင်ရောက်ရာတွင်ဧပြီလ ပထမပတ်နှင့်ဒုတိယပတ်အတွင်း ခရမ်းချဉ်သီး ထိုင်ဝမ် ၁ပိဿာ ၁၅၀၀ ကျပ်၊ခရမ်းချဉ်သီး(ကိုင်းခရမ်းချဉ်သီး)တစ်ပိဿာလျှင်၂၅၀၀ကျပ်၊ ဂေါ်ဖီထုပ် ၁ထုပ်လျှင် (၁၀၀၀မှ၁၅၀၀) ကျပ်၊ ပန်းဂေါ်ဖီ ၁ထုပ် (၈၀၀မှ၁၂၀၀ )ကျပ်၊ ပန်းဂေါ်ဖီ(စိမ်း) တစ်ထုပ်၁၅၀၀ကျပ်၊ အာလူး ၁ပိဿာ ၅၀၀၀ မှ ၆၀၀၀ ကျပ်၊ ရွှေဖရုံသီး ၁လုံးလျှင် ၁၂၀၀ မှ ၁၅၀၀ ကျပ်၊ ဗူးသီး ၁လုံးလျှင် ၁၂၀၀ မှ ၁၅၀၀ ကျပ်၊ ငရုတ်ပွ ၁ပိဿာ ၁၃၀၀၀ ကျပ်၊ ချဉ်ပေါင်ရွက် ၁စည်းလျှင် ၂၀၀ ကျပ်၊ ပဲသီး ၁၀တောင့် ၁စည်းလျှင် ၈၀၀   ကျပ်၊ ကန်စွန်းရွက် ၁စည်းလျှင် ၃၀၀ ကျပ်၊ ခရမ်းရှည်သီး ၁လုံးလျှင် ၃၀၀ မှ ၄၀၀ ကျပ်၊ဆလပ်ရွက် ၁စည်းလျှင် ၅၀၀ မှ၇၀၀ ကျပ်၊သံပုရာသီး ၁လုံးလျှင်   ၂၀၀ ကျပ်၊ဖရဲသီး ၁လုံးလျှင်  ၅၀၀၀ ကျပ်၊ ငရုတ်သီးစိမ်း ၁ပိဿာလျှင် ၃၀၀၀/ကျပ်၊ရုံပတီသီး ၁စည်းလျှင် ၂၀၀ မှ ၂၅၀ ကျပ်၊မုန်လာဥတစ်တွဲလျှင် ၈၀၀/ကျပ်၊ပြောင်းဖူးတစ်ဖူးလျှင် ၇၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ပုတီးကုန်း၊ သဲကုန်း၊အေးမြသာယာမှပြောင်း ဖူးနှင့်ဗူးသီးများ အများဆုံးဝင်ရောက်ပြီး တစ်နေ့လျှင်ပြောင်းဖူး ၃၀ဖူး အိတ် ၂၅ခန့်၊ဗူးသီး ၁၀လုံး အိတ် ၁၅အိတ်ခန့်၊ခရမ်းချဉ်သီး ၁၀ပိဿာ ဝင်းခြင်း၁၅ ခြင်းခန့် ဝင်ရောက်ကြောင်း ဟင်းသီးဟင်းရွက် ရောင်းချနေသော ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေဘိုဈေးကွက်တွင် ကုလားပဲဆံဈေး ဆက်လက်ငြိမ်နေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုခရိုင်အနေဖြင့် ကုလားပဲစိုက်ပျိုးမှု ရှိသော်လည်း ထွက်ရှိသည့်ကုလားပဲများကို ကုန်ကြမ်းအဖြစ်သာရောင်းချပြီး ပဲခွဲစက်ဖြင့်ခွဲ၍ ကုလားပဲဆံများ ရောင်းချမှုမရှိသည့်အတွက် ရွှေဘိုမြို့တွင်ရောင်းချသည့် ကုလားပဲဆံများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း မေလ၊ ဒုတိယအပတ်တွင် ရောင်းချသည့် ကုလားပဲဆံဈေးနှုန်းမှာ (၁)ပြည်လျှင် (၈၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၂၈၀၀ဝိ/-)ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ(၁)ပြည်လျှင် (၈၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲ ဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

လက်ပံတန်းမြို့မဈေးအတွင်းရှိ ပန်းရောင်းချမှုဈေးကွက်

     ပဲခူးတိုင်း‌ဒေသကြီး၊ သာယာဝတီခရိုင်  ၊ လက်ပံတန်းမြို့ရှိ  ဧပြီလတွင် ရောင်းချနေ သော ပန်းဈေးနှုန်းများကတော့ သစ်ခွပန်း (၁)ခက် ၁၀၀၀ ကျပ်၊ကြယ်တာယာပန်း (၁)စည်း ၂၀၀၀ ကျပ်၊ နှင်းဆီအပွင့်ကြီး (၁)စည်း ၃၀၀၀ ကျပ်၊နှင်းဆီပန်းအပွင့်သေး(၁)စည်း ၁၅၀၀ ကျပ်၊အောင် သပြေ(၁)စည်း ၅၀၀ ကျပ်၊ ဂန္ဓာမာပန်းအပွင့်ကြီး (၁)စည်း ၅၀၀၀ ကျပ်၊ဂန္ဓာမာပန်း အဖြူ(၁)စည်း ၃၀၀၀ကျပ်၊ဂန္ဓာမာအပွင့်သေးအဝါ (၁)စည်း ၂၀၀၀ ကျပ်၊မေမြို့ပန်းတစ်စည်း ၂၀၀၀ကျပ်၊ သစ္စာပန်းတစ်စည်း ၁၅၀၀  ကျပ်၊ ဇော်ကြားပန်း (၁)စည်း ၆၀၀ ကျပ်၊ ဇော်လုံး(၁)စည်း ၁၅၀၀ ကျပ်၊ စိန်ချယ်(၁)စည်း ၁၀၀၀ကျပ်၊ အာဆီယံ သပြေ (၁)စည်း ၃၀၀ ကျပ် စသည့်ဈေးနှုန်းများဖြင့် ရောင်းချနေကြကြောင်း မေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်း မြို့မဈေးအတွင်းရောင်းချနေသော ငပိ၊ငခြောက်၊ပုဇွန်ခြောက်များ ဈေးကွက်

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ငပိ၊ငခြောက်၊ပုဇွန်ခြောက်ဈေးနှုန်းများမှာ  ပုဇွန်ငပိ တစ်ဆယ်ကျပ်သားလျှင် (၁၆၀၀-၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိပါသည်။ ငပုတ်သင်ခြောက် တစ်ဆယ်ကျပ်သားလျှင် (၃၅၀၀-၄၀၀၀)ကျပ်၊ အာဗြဲခြောက်        အချိုခြောက် တစ်ဆယ်ကျပ်သားလျှင် (၃၅၀၀-၄၀၀၀-၆၀၀၀) ကျပ်ထိ အသေးအကြီးပေါ်မူတည်၍ ရောင်းချလျက်ရှိပါသည်။အသားမြှောင်းခြောက် တစ်ဆယ် ကျပ်သား လျှင် (၂၈၀၀-၃၀၀၀) ကျပ်၊SP ခြောက် (ငဖီးမ)ခြောက်တစ်ဆယ်ကျပ်သားလျှင် ၁၈၀၀ ကျပ်၊ ငတံခွန်ခြောက် တစ်ဆယ်ကျပ်သားလျှင် (၂၀၀၀-၂၄၀၀-၂၈၀၀) ကျပ်၊  ကပ်ကူရံခြောက် ၁၀ကျပ် သားလျှင်(၅၅၀၀)ကျပ်၊ ငရံ့ခြောက် ၁၀ကျပ်သားလျှင် (၄၀၀၀-၅၀၀၀-၆၀၀၀)မှ ၁၂၀၀၀ကျပ်၊ ငဇင်းပြားခြောက် တစ်ဆယ်ကျပ်သားလျှင် ၃၀၀၀ ကျပ်ဈေးတို့ဖြင့် အသီးသီး ရောင်းချလျက်ရှိပါသည်။

     ပုဇွန်ခြောက်ဈေးနှုန်းများအနေဖြင့် ပုဇွန်ခြောက်တစ်ဆယ်ကျပ်သားလျှင် အနည်းဆုံး  ၃၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်ထိ ဈေးနှုန်းများရှိနေပါသည်။အများဆုံးဝယ်ယူလျက် ရှိသောပုဇွန်ခြောက်မှာ ၁၀၀၀၀ ကျပ်ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော ပုဇွန်ခြောက်များကို ရောင်းချသော ပုဇွန်ခြောက် များကိုအများဆုံး ဝယ်ယူစားသုံးကြကြောင်း ဈေးအတွင်း ငပိ၊ငခြောက်၊ပုဇွန်ခြောက် ရောင်းချသူ  တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ ညောင်ပင်ဈေးတွင် အတာကြိုအိုးများ ရောင်းအားကောင်း

     မြန်မာတို့တွင်  (၁၂)လ ရာသီ ပွဲတော်များ ကျင်းပလျက်ရှိရာ ဧပြီလတွင် ကျရောက်သော သင်္ကြန်ပွဲတော်သည် အစည်ကားဆုံး ဖြစ်သည်။ မြန်မာနှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကို ကြိုဆို သော အဆိုပါ သင်္ကြန်ပွဲတော် ကာလတွင် မြန်မာ့ထုံးထမ်းအစဉ်လာအရ ဘာနုရာဇာမည်သော တနင်္ဂနွေ ဂြိုလ်မင်းသည် လူပြည်သို့ ဆင်းသက်လာသည်ဟု အယူရှိကြပါသည်။

     တနင်္ဂနွေ ဂြိုလ်မင်း လူ့ပြည်သို့ ဆင်းသက်လာခြင်းအား အတာအိုးများဖြင့် ကြိုဆိုကြ ပါသည်။ သင်္ကြန်ပြီး၍ နှစ်ဆန်းတစ်ရက်နေ့တွင် အိမ်တွင်ပရိတ်အိုးများ ပြုလုပ်ပြီး စုပေါင်းပရိတ် တရားတော်နာယူကြပါသည်။

     ထို့ကြောင့် နှစ်စဉ် သင်္ကြန်ကာလတွင် အတာအိုးများမှာ ရောင်းအားကောင်းသော ပစ္စည်း တစ်မျိုး ဖြစ်ပါသည်။ တောင်ငူမြို့ ညောင်ပင်ဈေးတွင် အတာအိုး တစ်လုံးလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချပေးနေကြောင်း အတာအိုး ရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့မှ အာလူးဈေးနှုန်းမြင့်တက်၍ ကြက်သွန်နီဈေး ကျဆင်း

     ဖြူးမြို့နယ် မြို့မဈေးတွင် ယခင်လ တတိယအပတ်တွင် အာလူး ဈေးနှုန်းမှာ တစ်ပိဿာ လျှင် ၅၀၀၀ မှ ၅၅၀၀ ထိရှိခဲ့ပြီး ယခုလ လဆန်းပိုင်းတွင် အာလူးတစ်ပိဿာလျှင် အသေး ၅၅၀၀ကျပ် ၊ အလတ် ၇၀၀၀ ကျပ် နှင့် အကြီး ၇၅၀၀ ကျပ်ရှိသဖြင့် ဈေးနှုန်း မြင့်တက် သွားကြောင်း သိရှိရပါသည်။

    ယခုအချိန်အခါတွင် ကြက်သွန်နီများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ကြက်သွန်နီ ရောင်းချသော သူများ နှင့် အိမ်ရှင်မများက အများ အပြား ဝယ်ယူသိုလှောင်လျှက် ရှိကြပါသည်။ ယခင်လ လဆန်းပိုင်းက ကြက်သွန်နီ တစ်ပိဿာ လျှင် ၆၀၀၀ ထိ မြင့်တက်ခဲ့ပြီး ၊ ယခု အခါ ကြက်သွန်နီ များ နယ်ပယ်အသီးသီး တင်သွင်းလာပြီ ဖြစ်သည့်အတွက် ကြက်သွန်နီ တစ်ပိဿာလျှင် ၂၀၀၀ မှ ၂၅၀၀ ကျပ်ထိ ဈေးနှုန်းများ နှစ်ဆ လောက် ကျဆင်းနေကြောင်း သိရှိရပါသည်။

     သင်္ကြန်ပြီးလျှင် ဈေးနှုန်းများ ပုံမှန်အတိုင်း တက်နိုင်သည်ဟုလည်း ဖြူးမြို့မ ဈေးအတွင်း ရောင်းချနေသော ဈေးသည်များ ထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့မှ ပေါ်ဦးပေါ်ဖျား ဒညင်းသီးများ

     တောင်ငူမြို့ ညောင်ပင်လေးဈေးသို့ အခြားဒေသများမှ ရာသီပေါ်သီးနှံများ လာရောက် ရောင်းချပေး လျက်ရှိရာ ယခုအခါ   မော်လမြိုင်ဘက်မှ ဒညင်းသီးများ စတင် ရောင်းချလျက် ရှိပါသည်။

     ဒညင်းသီး (အကြီး) (၁၀)လုံးလျှင် ၅၀၀၀ ကျပ်၊ အလုံး ၁၀၀ ယူလျှင် ၄၅၀၀၀ကျပ်၊ အလတ် ၁၀ လုံးလျှင်       ၃၀၀၀ ကျပ်၊ အလုံး ၁၀၀ ယူလျှင်     ၂၅၀၀၀   ကျပ်၊ အသေး ၁၀ လုံး လျှင် ၁၅၀၀ ကျပ်၊ အလုံး ၁၀၀ ယူလျှင် ၁၀၀၀၀ ကျပ် အထိ ဈေးနှုန်းအသီးသီး ရှိပါသည်။

     ယခုအခါ ဒညင်းသီးပေါ်စ ဖြစ်သဖြင့် ဈေးကောင်းပါသည်။ သံတောင်ဘက်မှ ဒညင်းသီး များ ဖြိုင်ဖြိုင်ပေါ်လာပါက ဈေးနှုန်းများ တဖြည့်ဖြည်းကျဆင်းလာနိုင်ပြီဟု ဒညင်းသီး အရောင်းဆိုင်များမှ သိရပါသည်။

DOCA(ပဲခူး)

တောင်ငူဈေးကွက်အတွင်းမှ အာဗြဲခြောက်

     တောင်ငူမြို့ ငါးခြောက်ဆိုင်များတွင် ရောင်းချနေသော အာဗြဲခြောက်သည်လည်း လူကြိုက်များသော ငါးခြောက်တစ်မျိုး ဖြစ်ပါသည်။ အရသာမှာချိုပြီး ဆားလည်းပေါ့သဖြင့် စားကောင်းသည့် ငါးခြောက် တစ်မျိုး ဖြစ်ပါသည်။

      ယခင်လက အာဗြဲခြောက် တစ်ပိဿာလျှင် ၅၀၀၀၀ကျပ်၊ ၁၀ ကျပ်သားယူလျှင် ၅၅၀၀၀ ကျပ် ဖြင့် ရောင်းချရာမှ ယခုလတွင် တစ်ပိဿာလျှင် ၄၅၀၀၀ ကျပ်၊ ၁၀ ကျပ်သားယူလျှင် ၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ကျဆင်းပါသည်။

      အာဗြဲခြောက်ကို အမြီးညှပ် ခေါင်းဖြတ်သန့်စင်ပြီး မီးကင်ခြင်း၊ ကြော်စားခြင်း ကြိုက်နှစ်သက် ရာစားသုံးကြသည်။ ထို့ပြင် ဈေးဆိုင်များတွင်လည်း အသင့်စား အာဗြဲခြောက်ထုပ်များလည်း ရောင်းချ ကြသည်။ အသင့်စား အာဗြဲခြောက်ဖုတ်များကို ပလပ်စတစ်အိတ်ဖြင့် ထည့်ကာ တစ်ထုတ်လျှင် ၁၂၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိရာ အလွယ်တကူ စားသုံးနိုင်သည့်အတွက် ရောင်းအားကောင်းကြောင်း သိရှိရသည်။

DOCA(ပဲခူး)

ပခုက္ကူမြို့နယ်အတွင်း ငရုတ်သီးနှံစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ငရုတ်သီးများကို ကျွန်းဦး၊ ကျွန်းညို၊ ပခုက္ကူကျွန်းများနှင့် မြစ်ခြေမြို့နယ်အတွင်းရှိ နန်းတော်ရပ်ကျေးရွာအုပ်စုကျေးရွာများတွင် ငရုတ်သီး များကို စိုက်ဧက(၂၅၀၀၀)ကျော်  တစ်ကွင်းတစ်စပ် စိုက်ပျိုးလျက်ရှိပါသည်။ စိုက်ပျိုးသောမျိုးများမှာ  ပန်းရဲ၊မျှားနီနှင့် အစပ်သီး အမျိုးမျိုးတို့ကို စိုက်ပျိုးကြပါသည်။

     ပခုက္ကူမြို့မဈေးနှင့် အမှတ်(၂) ဈေးတို့တွင် ငရုတ်သီးအစို၊ အခြောက်များ ရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ်၊ မေလ(ပထမပတ်)တွင် ငရုတ်သီးအစိုဈေးနှုန်းများ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မေလတွင် ရောင်းချနေသော ငရုတ်သီးအစိုဈေးမှာ ငရုတ်သီးအမျိုးအစားကို လိုက်၍ တစ်ပိဿာလျှင် ကျပ်(၅၀၀၀-၆၀၀၀)ဖြစ်ပြီး ယခင်ဧပြီလ(စတုတ္ထပတ်)တွင် တစ်ပိဿာလျှင် ကျပ်(၇၀၀၀-၈၀၀၀)ဖြင့်ရောင်းချ၍ ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ခန့် ကျဆင်းနေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ငရုတ်သီးခြောက်ဈေးမှာ အမျိုးအစားကိုလိုက် ၍ ကျွန်းငရုတ်သီးခြောက် တစ်ပိဿာလျှင် ကျပ်(၉၅၀၀-၁၀၀၀၀)၊ ပန်းရဲငရုတ်သီးခြောက် တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၃၀၀၀)၊ ကျောက်ပန်းတောင်းပုပ္ပါးမှ ထွက်ရှိသော ငရုတ်သီးခြောက် တစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ငရုတ်သီးခွဲခြမ်း တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ငရုတ်သီး အရောင် တင်မှုန့် တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)ဖြင့်ရောင်းချနေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်၊ မန္တလေးမြို့၊ မိတ္ထီလာနယ်များသို့ တင်ပို့လျက်ရှိကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း