ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အိုးမုန်ညှင်းရွက် ဈေးနှုန်း

     အိုးမုန်ညှင်းပင်ကို ဟင်းသီးဟင်းရွက်အဖြစ် လူသိများကြပြီး မြန်မာပြည်တွင် ဒေသမရွေး စိုက်ပျိုးနိုင်သည်။‌အေးသောဒေသကိုပို၍ နှစ်သက်သည်။အိုးမုန်ညှင်းရွက်ကို ကြော်၊ လှော်၊ ချက်၊ ပြုတ်ရာတွင် အခြားသော အသားငါး၊ အသီးအရွက်တို့နှင့်ရော၍လည်း စားသုံးနိုင်သည်။

     အိုးမုန်ညှင်းရွက်သည် မြေမရွေးသော်လည်း မြေဆီသြဇာ ပြည့်စုံမှုရှိရန် အထူးအရေးကြီး သည်။စိုက်ချိန်တွင် မြေအစိုဓါတ်လုံလောက်စွာရရှိနေရန် အရေးကြီးသည်။စိုက်ပြီး(၂၅-၃၀) ရက် ကြာသော် အိုးမုန်ညှင်းရွက်များကို စားသုံးနိုင်ပြီးဖြစ်သည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင် ရောင်းချနေသော ကုန်စိမ်း သည်များထံမှ အိုးမုန်ညှင်းစျေးနှုန်း (၃၀၀-၅၀၀)ကျပ် ရှိကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

 

‌အာလူးသီး ဈေးနှုန်း အခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  အာလူးသီးများ ရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။ဈေးကွက်အတွင်းရောင်းချနေသော အာလူးသီးများကို ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ကလောမြို့ ဒေသများနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသများတွင် စိုက်ပျိုးကြသည်။

     အာလူးသီးသည် ကစီဓာတ်ကြွယ်ဝပြီး၊ အမျှင်ဓာတ်ပါဝင်၌ အစာခြေစနစ်ကို ကောင်းမွန် သောကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်သလို ကယ်လိုရီပါဝင်မှုနည်းပြီး ကျန်းမာရေးနှင့် ညီညွတ်စွာ ချက်ပြုတ်စားသောက်ခြင်းဖြင့် အဟာရဓာတ်များကို အပြည့်အဝ ရရှိပါသည်။

    ယခုဩဂုတ်လအတွင်း ဖြစ်ပေါ်နေသော အာလူးသီးဈေးနှုန်းမှာ အာလူးသီး () ပိဿာလျှင် (၄၈၀၀)ကျပ်မှ (၅၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း အာလူးသီးရောင်းချသူထံမှ သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်အတွင်း  ငါး၊ပုဇွန် ဈေးနှုန်းဈေးကွက်

       ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင် ရွှေဘိုမြို့ရှိ  ငါး၊ပုဇွန် ရောင်းချသောဒိုင်များတွင် ငါးမုတ်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိသာလျှင် (၁၃၀၀၀)ကျပ်၊ ငါးအုံတုံ တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ငါးကြင်းရွှေဝါ တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ငါးတန်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ တီလားဗီးလားငါး တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ငါးဥ တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊  ငါးကြင်းခြစ် တစ်ပိသာလျှင် (၁၈၀၀၀)ကျပ်နှင့် ပုဇွန်ထုပ် အလတ်ဆိုဒ်‌ တစ်ပိဿာလျှင် (၆၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် နေ့စဉ်အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

          ငါးဒိုင်များမှ ငါး၊ပုဇွန်များကို ရွှေဘိုမြို့ပေါ်ရှိ ဈေးများသို့လည်း လက်လီလက္ကား ရောင်းချသည့်အပြင် မြန်မာနိုင်ငံ အထက်ပိုင်းဒေသ ကချင်ပြည်နယ်အတွင်းရှိ မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း ၊ယခင်အပတ်နှင့်နှိုင်းယှဉ်ကြည့်ပါက လမ်းပမ်းဆက်သွယ်ရေး အခက်အခဲများ အနည်းငယ်ရှိသဖြင့် ငါး၊ပုဇွန်များ ကုန်ဝင်ရောက်မှု နည်းပါးသဖြင့် ဈေးနှုန်းအနည်း ငယ်မြင့်တက် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချနေသည့် ပန်းမာလာကာသီးဈေးနှုန်း/ဈေးကွက်

     ရွှေဘိုမြို့ပေါ်ရှိ ဈေးများတွင်  ရာသီပေါ်သီးနှံများကို ရောင်းချလျက်ရှိရာ  ပန်းမာလာကာသီးများကို ရွှေဘိုမြို့နယ်အပြင် ဝက်လက်မြို့နယ် ရွှေပန်းကုန်းကျေးရွာမှ လည်းကောင်း၊ ရေဦးမြို့နှင့် ခင်ဦးမြို့များလည်း လာရောက်ရောင်းချကြကြောင်း၊ ပန်းမာလာကာသီးအရဿာမှာ ချိုပြီး အခွံပါး ၍ လူကြိုက်များကြောင်း၊ ပန်းမာလာကာသီးများမှာ လှိုင်လှိုင်ထွက်ရှိ၍ ဈေးနှုန်းမှာ အသင့်အတင့်ရှိ၍ ဝယ်ယူသူများကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (ပထမ)ပတ်တွင် ဖြစ်ပေါ်နေသော ပန်းမာလာကာသီးဈေးနှုန်းမှာ (၁)လုံးလျှင် (၂၀ဝိ/-)ကျပ် မှ (၅၀ဝိ/-)ကျပ်၊ အရွယ်အစားအကြီး အသေးပေါ်မူတည်၍ (၁၀၀ဝိ/-)ဖိုးဝယ်ယူလျှင် (၄)လုံးမှ (၅)လုံးထိ ရောင်းချလျက်ရှိကြောင်း အသီးရောင်းချသည့်လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ဖူးစားပြောင်း စိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

      ရွှေဘိုခရိုင်တွင်  ဖူးစားပြောင်းကို   မိုး/ဆောင်း ဧက (၂)သောင်းကျော် နှစ်စဉ် စိုက်ပျိုး လျက်ရှိပြီး ဖူးစားပြောင်း အများဆုံး စိုက်ပျိုးသော  ဝက်လက်၊ရေဦးစသည့် မြို့နယ်များမှ ဖူးစားပြောင်း(သကြားပြောင်း)များ ဇူလိုင်လနောက်ဆုံးပတ်မှ စတင်၍  ရွှေဘိုမြို့ပေါ်ရှိ သီးနှံပွဲရုံများသို့ လှိုင်လှိုင် ဝင်ရောက်လျက်ရှိပါသည်။

      ယခု ဩဂုတ်လ ပထမပတ်တွင် ဖူးစားပြောင်း (သကြားပြောင်း) (၁၁၀)ဖူးပါ တစ်အိတ်လျှင် (၄၀၀၀၀)ကျပ်မှ (၅၀၀၀၀)ကျပ်ထိပေါက်ဈေးရှိပြီး တစ်နေ့လျှင် ဖူးစားပြောင်း(သကြားပြောင်း) အိတ်ရေ (၁၀၀)ခန့် ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း၊ ဝင်ရောက်လာသော ဖူးစားပြောင်း များကို ရွှေဘိုမြို့ပေါ်ဈေးများရှိ လက်လီ ပြန်လည်ရောင်းချသော ဈေးသည်များကို ဖောက်သည် ပြန်ပေးသည့်အပြင် စားသောက်ဆိုင်များ၊မာလာရှမ်းကောဆိုင်များ၊ ဆိုင်ကယ်ဖြင့် လှည့်လည် ရောင်းချသော ဈေးသည်များနှင့် စားသုံးသူများမှ ဝယ်ယူကြပြီး ဝင်ရောက်သမျှ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ စည်ပင်သာယာဈေးအနီးရှိ သီးနှံပွဲရုံတစ်ခုမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချနေသည့် ဖရဲသီးဈေးနှုန်း/ဈေးကွက်

     ရွှေဘိုမြို့ပေါ်ရှိ ဈေးများတွင်  ရာသီပေါ်သီးနှံများကို ရောင်းချလက်ရှိရာ ဖရဲသီးများကို ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်၊ ရေဦးမြို့နယ်နှင့်ခင်ဦးမြို့နယ်များမှ လာရောက်ရောင်းချကြကြောင်း၊ ဖရဲသီးကို အလုံးလိုက်သော်လည်းကောင်း၊ အစိတ်သော်လည်းကောင်းရောင်းချကြကြောင်း၊ ဖရဲသီးများကို လက်ဆောင်ပေးရန်၊ စားသုံးရန်နှင့် အလှူအတန်းပြုလုပ်ရာတွင် ဝယ်ယူကြပြီး ခေါင်းရွက်ဗျက်ထိုးဈေးသည်များမှလည်းဝယ်ယူကြကြောင်း၊ ဖရဲသီးမျိုးမှာ ကျောက်စိမ်းမျိုးဖြစ်ကြောင်း၊ ကျောက်စိမ်းမျိုးမှာ အခွံပါးပြီး အရဿာ ချို၍ လူကြိုက်များကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (ပထမ)ပတ်တွင်ဖြစ်ပေါ်နေသော ဖရဲသီးဈေးနှုန်းမှာ ဖရဲသီး(၁) လုံးလျှင် အရွယ်အစား အကြီးအသေးပေါ်မူတည်၍ (၁)လုံး လျှင် (၁၅၀ဝိ/-)ကျပ်မှ (၂၅၀ဝိ/-)ကျပ်ထိ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဖရဲသီးစိတ်ဈေးနှုန်းမှာ (၁)စိတ်လျှင် (၃၀ဝိ/-)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း ဖရဲသီးရောင်းချသည့်လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပန်းတိမ်ငိုပန်း ဈေးနှုန်းဈေးကွက်

       ပန်းတိမ်ငိုပန်းသည် မိုးရာသီကာလတွင် ပွင့်လန်းသည့် ပန်းတစ်မျိုးဖြစ်ပြီး ဘုရားပန်း အဖြစ်သာမက အခမ်းအနားများတွင်လည်း တန်ဖိုးထား အလှဆင်၍၊ အရောင်အဆင်းမှာ အဖြူရောင် ၊ခရမ်းရောင်၊ပန်းရောင် စသည့်အရောင်များရှိပြီး ပန်းစိုက်ပျိုးသူများအတွက်လည်း တွက်ခြေကိုက်သည့် ပန်းတစ်မျိုးဖြစ်ကြောင်း သိရသည်။

      ဇူလိုင်လနောက်ဆုံးပတ်မှစတင်၍ ပြင်ဦးလွင်မြို့ အနီးရှိ ကျေးရွာများမှ ခူးဆွတ် ရောင်းချသော   ပန်းတိမ်ငိုပန်းများ ရွှေဘိုမြို့   ဈေးကွက်အတွင်းသို့ လှိုင်လှိုင်ဝင်ရောက်လာကာ ယခု ဩဂုတ်လ ပထမပတ်တွင် ပန်းတိမ်ငိုပန်း အဖြူရောင်နှင့် ပန်းရောင်  (၁၀)ခက်ပါ တစ်စည်းလျှင် (၂၃၀၀)ကျပ်၊ခရမ်းရောင် (၁၀)ခက်ပါ တစ်စည်းလျှင် (၂၈၀၀)ကျပ်နှုန်းဖြင့် ရွှေဘိုမြို့ပေါ်ရှိ ပန်းရောင်းချသောလက္ကားဒိုင်များသို့ ဖောက်သည်ပေးရောင်းချလျက်ရှိပြီး ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၏ နဂါးမောက်သီး ဈေးနှုံးဈေးကွက်

    ရွှေဘိုမြို့   ဈေးကွက်အတွင်းတွင် ဇူလိုင်လနောက်ဆုံးပတ်မှစတင်၍ နဂါးမောက်သီးများ လှိုင်လှိုင်ဝင်ရောက်လာကာ၊ ဒေသတွင်း ရွှေဘိုမြို့အနီးတဝိုက်ရှိ ‌ကျေးရွာများမှ  တစ်နိုင်တစ်ပိုင် စိုက်ပျိုးထွက်ရှိသော နဂါးမောက်သီး များအပြင် ပြင်ဦးလွင်မြို့၊ ကျောက်ပန်းတောင်းမြို့နှင့် ပုပ္ပါးမြို့တို့မှ နဂါးမောက်သီး များကိုလည်းမှာယူ၍   ရောင်းချလျက်ရှိပါသည်။

    နဂါးမောက်သီးများကို ခြင်းပြတ်စနစ်ဖြင့်  တစ်ဆင့်ဝယ်ယူရပြီး ၂၀၂၅ခုနှစ် ဩဂုတ်လ ပထမပတ်တွင် အလုံး အကြီး/ အသေးပေါ် မူတည်၍ နဂါးမောက်သီးအကြီးတစ်လုံးလျင် (၁၂၀၀)ကျပ်၊ အလတ်တစ်လုံး လျင်(၈၀၀)ကျပ်၊ အသေးတစ်လုံးလျင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းသွက်လျက်ရှိကြောင်း၊ နဂါးမောက်သီးများကို ဈေးအတွင်း လက်လီရောင်းချသော ဈေးသည်များကို ဖောက်သည် ပေးသည့် အပြင်၊ သစ်သီး ဖျော်ရည်ရောင်းချသည့် ဆိုင်များက ဝယ်ယူကြောင်း၊ ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်းရှိ သစ်သီးရောင်းချသူတစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 ဂေါ်ရခါးညွှန့်နှင့် ဂေါ်ရခါးသီး ဈေးနှုန်းဈေးကွက် အခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ဂေါ်ရခါးညွှန့်နှင့် ဂေါ်ရခါးသီးများရောင်းချ လျက်ရှိကြောင်း  သိရှိရပါသည်။

      ဈေးကွက်အတွင်းရောင်းချနေသော ဂေါ်ရခါးညွှန့်နှင့် ဂေါ်ရခါးသီးများကို ရှမ်းပြည်နယ် ကလော၊ ပင်းတယ၊ ပင်လောင်း စသည့်ဒေသများမှ ဝင်ရောက်လာသည့် ဂေါ်ရခါးညွှန့်များ အရောင်းအဝယ်ကောင်းနေကြောင်း သိရှိရပါသည်။

     ယခုဩဂုတ်လအတွင်း ဖြစ်ပေါ်နေသော ဂေါ်ရခါးညွှန့်ဈေးနှုန်းမှာ ဂေါ်ရခါးရွက် (၁၀)ကျပ် သားလျှင် ၁၂၀၀ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး အလားတူပင် ဈေးကွက် ဂေါ်ရခါးသီးများကို ယခု ဩဂုတ်လအတွင်း ဖြစ်ပေါ်နေသော ဂေါ်ရခါးသီးဈေးနှုန်းမှာ ဂေါ်ရခါးသီးအကြီး (၁)လုံး လျှင်(၁၂၀၀)ကျပ်၊ အသေး (လုံးလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

သရက်မြို့နယ်၏ ကြောင်လျှာသီးဈေးနှုန်းအခြေအနေ

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ မြို့မဈေးနှင့် အခွန်လွတ်ဈေးများတွင် ရောင်းချလျက်ရှိသည့် ကြောင်လျှာသီးများမှာ ကျေးရွာများရှိ ခြံစည်းရိုးများတွင် နှစ်ရှည်ပင်အဖြစ် စိုက်ပျိုးပြီး ရောင်းချကြောင်း သိရှိရသည်။

     ကြောင်လျှာသီးသည် ဈေးနှုန်းသက်သာပြီး အနုသည် ခါး၏။ ဖန်/ချို အရသာရှိပြီး ဝမ်းမီးကို တောက်စေသည်။ ဝမ်းလားသောအနာ၊ အစာမကြေသောအနာ၊ လေအားကြီးသောအနာ၊ ဝမ်း တွင်းပူသောအနာ၊ ဝမ်းချုပ်သော အနာတို့ကို ငြိမ်းစေတတ်၏။ နားလေးသူများ ကြောင်လျှာသီး ကိုစားလျှင် သက်သာစေသည်။ ကြောင်လျှာသီးကို ပါးပါးလှီး၍ ဆန်ဆေးရည်နှင့် တစ်ညရေစိမ်ပြီး သုပ်၍စားလျှင်သော်လည်းကောင်း၊ မီးကင်ပြီး နှပ်စား၍သော်လည်းကောင်း၊ တို့စရာအဖြစ်သော်လည်းကောင်း အမျိုးမျိုးမိမိကြိုက်နှစ်သက်သကဲ့သို့ စားသုံးကြသည်မှာ မြန်မာလူမျိုးတို့၏ ဟင်းလျာကောင်းတစ်ခွက်ဖြစ်ပါသည်။ ကြောင်လျှာပွင့်ကိုလည်း ပြုတ်ပြီး သုပ်စားခြင်း၊ ကြောင်လျှာပွင့်ကို ရေစိမ်ပြီး အခြားသီးနှံများဖြင့် ရော၍ ကြော်စားခြင်းများကိုလည်း သုံးဆောင်နိုင်ပါသည်။ ကြောင်လျှာသီး၊ အရွက်နှင့် အပွင့်တို့ကိုစားလျှင်လည်း နားလေး သက်သာစေပါသည်။ ၂၀၂၅ခုနှစ်၊ သြဂုတ်လ(ပထမပတ်)တွင် ဖြစ်ပေါ်နေသော ကြောင်လျှာသီးဈေးနှုန်းမှာ အကြီး(၁)တောင့်လျှင် ကျပ်(၅၀၀)နှင့် အသေး(၁)တောင့်လျှင် ကျပ်(၃၅၀)ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း