ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပုဇွန်တောင်ဈေး၏ အခြေခံစားသောက်ကုန်ဈေးနှုန်း/ဈေးကွက်

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပုဇွန်တောင်ဈေးမှ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းများကို ကောက်ခံလျက် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ နေ့စဉ်တင်ပြလျက်ရှိရာ (၁.၃.၂၀၂၂) ရက်နေ့ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ စားအုန်းဆီ ၁ ပိဿာ ၆၆၀ဝိ/-၊ ပဲဆီသန့် ၁ ပိဿာ ၉၀၀ဝိ/-၊ ကြက်သွန်နီ ၁ ပိဿာ ၈၀ဝိ/-၁၂၀ဝိ/-၊ ကြက်သွန်ဖြူ(ကြူကုတ်) ၁ ပိဿာ ၄၅၀ဝိ/-၊ အာလူး ၁ ပိဿာ ၁၅၀ဝိ/-၁၈၀ဝိ/- ဂျင်း ၁ ပိဿာ ၂၅၀ဝိ/-  ၃၀၀ဝိ/-၊ ကုလားပဲခြမ်း ၁ ပိဿာ ၃၂၀ဝိ/-၊ ပဲနီလေး ၁ ပိဿာ ၅၀၀ဝိ/-၊ ပဲဝါလေး ၁ ပိဿာ ၃၇၀ဝိ/-၊ ဂေါ်ဖီထုပ် ၁ ထုပ် ၆၀ဝိ/-၈၀ဝိ/-၊ ပန်းဂေါ်ဖီ(ရှမ်း)၁ ပွင့် ၇၀ဝိ/-၈၀ဝိ/- ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အောင်လံကုန်စည်ဒိုင်၏သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

            အောင်လံကုန်စည်ဒိုင်တွင် နှမ်း(စမုံနက်)ဈေးနှုန်းမှာ ယခင်အပတ်(၄၅ပိဿာ) (၁၅၀၀၀ဝိ/-၊ ၁၆၀၀၀ဝိ/-၊၁၇၀၀၀ဝိ/-) ဈေးရှိခဲ့ပြီး အပြောင်းအလဲမရှိဘဲ နှမ်း(စမုံနက်)အိတ်(၁၁၅၀)အိတ် အရောင်းအဝယ်ဖြစ်ကြောင်းသိရှိရပါသည်။အရောင်းအဝယ်များမှာ နှမ်း(ပြာ)(၄၅)ပိဿာ ယခင်အပတ် (၁၃၀၀၀ဝိ/-)၊ ယခုအပတ်တွင် (၁၄၀၀၀ဝိ/-)ဖြစ်၍ (၃)တင်းတစ်အိတ်လျှင်(၁၀၀၀ဝိ/-)ကျပ် ဈေးမြင့်တက်ခဲ့ပါသည်။ နှမ်းဖြူမှာ ယခင်အပတ် (၄၅ပိဿာ)(၁၃၅၀၀ဝိ/-)ဖြစ်ပြီး ယခုအပတ်(၁၄၀၀၀ဝိ/-)ဖြစ်၍ (၃)တင်း တစ်အိတ်လျှင်(၅၀၀ဝိ/-)ကျပ်ဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုအနေဖြင့် နှမ်းပြာ(၆၃၀)အိတ်၊ နှမ်းနီ(၂၁၀) အိတ်၊ နှမ်းဖြူ(၁၃၀)အိတ်ဖြစ်ကြောင်းသိရှိရပါသည်။

            ပဲမျိုးစုံအနေဖြင့် ဈေးကွက်မှာ ပဲစဉ်းငုံ(နီ) ယခင်အပတ်(၄၂၂၀ဝိ/)ရှိခဲ့ပြီး ယခုအပတ် (၄၃၈၀ဝိ/-) ဖြစ်၍ (၁၆၀ဝိ/-)ဈေးနှုန်းမြင့်တက်ခဲ့ပြီး အိတ်(၁၅၀၀)အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ မတ်ပဲမှာ ယခင်အပတ်(၄၀၅၀ဝိ/-)ရှိခဲ့ပြီး ယခုအပတ်(၄၄၀၀ဝိ/-)ဖြစ်၍ (၃၅၀ဝိ/-)ကျပ်ဈေးမြင့်၊ ကုလားပဲ (H.L) ယခင်အပတ်(၄၀၀၀ဝိ/-) ယခုအပတ်(၄၁၅၀ဝိ/-)ဖြစ်၍ (၁၅၀ဝိ/-)ကျပ်ဈေးမြင့်၊ ပဲကြီးယခင်အပတ် (၄၈၀၀ဝိ-၅၃၀၀ဝိ)ကြားရှိခဲ့ပြီး ယခုအပတ် (၅၆၀၀ဝိ-၆၀၀၀ဝိ)ဖြစ်၍ (၇၀၀ဝိ-၈၀၀ဝိ)ကျပ်ဈေးမြင့်၊ မြေပဲ(လုံးဆံနီ)တစ်ပိဿာ ယခင်အပတ်(၃၀၅ဝိ/-)ယခုအပတ်(၃၅၀ဝိ/-)ဖြစ်၍ (၄၅ဝိ/-)ကျပ်ဈေးမြင့်၊ မြေပဲ(လုံးဆံဖြူ)တစ်ပိဿာ ယခင်အပတ်(၃၁၀ဝိ/-)ယခုအပတ်(၃၅ဝဝိ/-)ဖြစ်၍ (၄၀ဝိ/-)ကျပ်ဈေးမြင့်၊ ဘိုကိတ်(ဖြူ)နှင့်(ပြာ)မှာ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပဲကြီး(၉၀ဝ)အိတ်၊ ကုလားပဲ(၃၂၀)အိတ်၊ မြေပဲ(လုံးဆံဖြူ)(၅၃၀)အိတ်၊ မြေပဲ(လုံးဆံနီ)(၃၂၀)အိတ်၊ မတ်ပဲ(၁၈၀)အိတ်ဖြစ်ကြောင်း သိရှိရပါသည်။

            ဝါသီးနှံမှာ ယခင်အပတ်တစ်ပိဿာ (၁၈၅ဝိ-၁၉၅ဝိ)ဖြစ်ပြီး ယခုအပတ်(၁၈၀ဝိ-၁၉၀ဝိ)ရှိသည့် အတွက် (၅ဝိ/-)ကျပ်ဈေးလျော့ခဲ့ပြီး ပိဿာချိန်(၃၈၀၀ဝ)ခန့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ကုန်သည်ထံမှ သိရှိခဲ့ရပါသည်။

DOCA(မကွေး)

 

“ မန်ကျည်းသီးမှည့်လာ၊ တို့ပြည်သာ၊ ပြည်ပဝင်ငွေရှာ ”

           ပြည်ထောင်စုနယ်မြေအတွင်းမှ နှစ်စဉ်ပြည်ပဝင်ငွေရရှိစေသော မန်ကျည်းသီးမှည့် (အစေ့ပါ/ အကြောဆွဲ)များအား နေပြည်တော်မှ ရန်ကုန်သို့ တင်ပို့နေမှု အခြေအနေများကို နေ့စဉ်တွေ့မြင်နေရပါသည်။

           နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှ နေ့စဉ်နီးပါးခန့် ပိဿာချိန်‌(၈၀၀၀)ကျော် တင်ပို့မှုရှိနေသည်ကို တွေ့ရှိနေရပြီး ယခင်တင်ပို့ပြီး မန်ကျည်းသီးမှည့် ပိဿာချိန်(၁၇၀၀၀၀)ကျော် တင်ပို့ပြီးဖြစ်သည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။ နေပြည်တော်အနေဖြင့် ယခင်နှစ် မန်ကျည်းသီးမှည့် တင်ပို့မှုမှာ ပိဿာချိန် (၃)သိန်းကျော် တင်ပို့နိုင်ခဲ့သည်ဟုလည်း သိရပါသည်။

       ပြည်ပတင်ပို့မှုအနေဖြင့် ယခင်နှစ်များက မြန်မာနိုင်ငံမှ မလေးရှားသို့ တင်ပို့မှုသာရှိနေသည့် အနေအထားရှိခဲ့သော်လည်း ယခုနှစ် မန်ကျည်းမှည့်တင်ပို့မှုများတွင် ပါကစ္စတန်သို့ တင်ပို့ရန်အတွက် ဝယ်ယူနေသည်ဟုသိရှိရပြီး တင်ပို့မှုများ အသင့်အနေအထားဖြစ်စေရန်အတွက် ထုတ်ပိုးမှုတွင် အိတ်အတွင်း ရေစိုခံပလပ်စတစ်ကို အတွင်းခံအဖြစ် အသုံးပြု၍ အိတ်တစ်အိတ် အလေးချိန်(၃၀.၆၅) ပိဿာ ထည့်သွင်းထုတ်ပိုးခြင်းဖြင့် တင်ပို့နေရသည်ဟု သိရပါသည်။

     မန်ကျည်းမှည့်စတင်ထွက်ပေါ်ချိန် ဒီဇင်ဘာလနောက်ဆုံးအပတ်မှစတင်၍ ဈေးနှုန်းဖြစ်ပေါ်လာမှုတွင် မန်ကျည်းသီးမှည့် (အစေ့ပါ/အကြောဆွဲ) မန်ကျည်းသီးမှည့် တစ်ပိဿာ(၁၃၀၀)ကျပ် ဈေးဖြစ်ပေါ်ခဲ့ပြီး ဖေဖော်ဝါရီလ ဒုတိယအပတ်တွင်(၁၂၅၀)ကျပ်အထိ ဈေးရှိခဲ့ပြီး ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် (၁၃၀၀)ကျပ် ဈေးဖြစ်ပေါ်ခဲ့ပါသည်။ ယခင်နှစ်မန်ကျည်းသီးမှည့် တစ်ပိဿာ ဈေးမှာ(၁၂၀၀) ကျပ်ဈေးနှုန်းသာ အမြင့်ဆုံးဖြစ်ခဲ့သည်ဟုလည်း သိရှိရပါသည်။

       သို့ဖြစ်ပါ၍ မန်ကျည်းပင်သည် ‌ရှေးလူကြီးများအဆိုအရ “နွေ ထနောင်း၊ ဆောင်း မန်ကျည်း” နွေရာသီတွင် ထနောင်းရိပ်က အေးချမ်းမှုကိုပေးစွမ်းသလို ဆောင်းရာသီတွင် မန်ကျည်းပင်ရိပ်က အေးချမ်းမှုကို ပေးစွမ်းနိုင်သည်ဟု ဆိုရိုးစကားရှိထားခဲ့သည့်အပြင် အရွက်နု၊ အသီးနု၊ အသီးမှည့်ကို   လည်း ဟင်းလျာအဖြစ်စား၊ အကိုင်းအခတ် အတက်အလက်ကိုလည်း ထင်း၊ မီးသွေး၊ လောင်စာအဖြစ် သုံးလို့ရ၊ အသီးမှည့်ကိုလည်း မြန်မာ့တိုင်းရင်းဘယဆေးဖက်ဝင်သည့်အပြင် တန်ဖိုးမြင့်ထုတ်ကုန် (value added) စားသောက်ကုန်အဖြစ် မန်ကျည်းသီးမှည့်အား မန်ကျည်းလိပ်၊ မန်ကျည်းပြား၊ မန်ကျည်းတော်ဖီ၊ မန်ကျည်းဖျော်ရည်၊ ဆေးမန်ကျည်း၊ အလှကုန်ပစ္စည်းများ စသည်ဖြင့် ပြည်ပဝင်ငွေရရှိစေသည့် တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုအဖြစ် မန်ကျည်းသီးမှည့် ထုတ်လုပ်မှုစွမ်းအား ပိုမိုမြှင့်တင်ကြစေရန် ရည်ရွယ်လျက် သတင်းကောင်းတစ်ပုဒ်အဖြစ် ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ပြည်ခရိုင် ရွှေတောင်မြို့နယ်ရှိ ဂန္ဓမာပန်းစိုက်ကွင်းသို့ ကွင်းဆင်းလေ့လာ

              ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများသည် ဂန္ဓမာပန်း စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား သိရှိနိုင်ပါရန် ဝါးတောအုပ်စု၊ ဆည်ကြီးကုန်းကျေးရွာသို့ (၂၁.၂.၂၀၂၂) ရက်နေ့ နေလည် (၁:၃၀)အချိန်တွင် ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ပါသည်။

          ရွှေတောင်မြို့နယ်တွင် ဂန္ဓမာပန်းစိုက်ဧကမှာ ၃၀၀ကျော်ရှိပြီး ဝါးတောအုပ်စုတွင် ဧက (၄၀)ခန့်စိုက်ပျိုးထားပါသည်။ ဂန္ဓမာပန်းစိုက်ပျိုးရာတွင် တစ်ဧကလျှင် အပင်(၁)သိန်းကျော် စိုက်ပျိုးနိုင်ပြီး အပင်ရှစ်သောင်းခန့်သာရောင်းတန်းဝင်သော ပန်းပင်များဖြစ်ပါသည်။ ဂန္ဓမာပန်း၏ (၁)ဧကစိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ (၂၅)သိန်းခန့်ကုန်ကျပြီး တစ်ဧကလျှင် အပင် ရှစ်သောင်း ခန့်ထွက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် အပင်၁ပင်လျှင် ၆၀ ကျပ်မှ ၁၂၀ကျပ်ထိ ဈေးရရှိသဖြင့် တစ်ဧကအကျိုးအမြတ်မှာ ၂၃သိန်း မှ သိန်း၇၀အထိ ရရှိကြောင်းသိရှိရပါသည်။

          ရွှေတောင်မြို့နယ်၊ ဝါးတောအုပ်စု၊ ဆည်ကြီးကုန်းကျေးရွာတွင် ဂန္ဓမာပန်းကို မိသားစုတစ်ပိုင်တနိုင်ဝင်ငွေရရှိနိုင်ရန် ဧကလိုက်မစိုက်ပျိုးဘဲ အများဆုံးစိုက်ပျိုးဧကမှာ (၂၅)ဧကသာ စိုက်ပျိုးကြောင်းသိရှိရပြီး စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်မှာ ၆၂၀၀၀၀ကျပ်ခန့်ကုန်ကျပြီး ပန်းပင် အရေအတွက်မှာ (၂)သောင်းကျော်ခန့်ထွက်ရှိပြီး တစ်ပင်ကို ၆၀ကျပ်ဖြင့်ရောင်းချပါသည်။ ထွက်ရှိသော ဂန္ဓမာပန်းများကို ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးနှင့် ပြည်မြို့ရှိဈေးကွက်များသို့ ရောင်းချပါသည်။ ဂန္ဓမာပန်းသည် အကျိုးအမြတ်များသောပန်းဖြစ်သဖြင့် ရွှေတောင်မြို့နယ်အပြင် အခြားမြို့နယ်များပါ စိုက်ပျိုးမည်ဆိုပါက ပန်းစိုက်တောင်သူများအနေဖြင့် မိသားစု တပိုင်တနိုင်ဝင်ငွေအပြင် ဧကတိုးချဲ့စိုက်ပျိုးနိုင်ပါက အကျိုးအမြတ်ပိုမိုရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့ရှိ သစ်ရိပ်သာဒိန်ချဉ်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးအသိပညာပေးဆွေးနွေး

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အနေဖြင့် စားသုံးသူများ သုံးစွဲနေသောကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ပြည်မြို့နယ် တာဝန်ခံဦးထွန်းနိုင်လင်းနှင့်အဖွဲ့သည် ဖေဖော်ဝါရီလ (၂၄)ရက် နေ့လည် (၁:၃၀) အချိန်တွင် ပြည်မြို့နယ် အတွင်း၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော သစ်ရိပ်သာဒိန်ချဉ်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

           ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်မြို့နယ်တာဝန်ခံမှ ထုတ်ကုန်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များမှာ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ မှန်ကန်ပြည့်စုံစွာ ဖော်ပြနိုင်ရေး၊ စားသုံးသူများ သုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိသောထုတ်ကုန် ပစ္စည်းများကိုသာ အသုံးပြုနိုင် ရေးအတွက်  အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် (၂/၂၀၁၉)ပါရှိသည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်တွင် ရေချိုငါးများ၊ မွေးမြူရေးငါးဈေးနှုန်းများတည်ငြိမ်လျှက်ရှိ

       ပြည်ခရိုင်အတွင်းရှိ ပြည်မြို့တွင် ငါးမွေးမြူရေးကန် (၉၉)ကန်၊ ပန်းတောင်းမြို့တွင် (၆၇)ကန်၊ ရွှေတောင်မြို့တွင် (၂၅)ကန်၊ သဲကုန်းမြို့တွင် (၈၇၈)ကန်၊ ပေါင်းတည်မြို့တွင် (၃)ကန်၊ ပေါက်ခေါင်းမြို့တွင် (၁၁)ကန်၊ စုစုပေါင်း ငါးကန် ၁၀၈၃ကန်ရှိပါသည်။ ထိုကန်များတွင် ငါးမျိုးစုံမွေးမြူ၍ ငါးဈေးကွက်အတွင်းသို့ လက်လီလက်ကားဖြန့်ဖြူးရောင်းချလျှက်ရှိပါသည်။ ထို့ပြင် ရေချိုငါးများကို ခရိုင်အတွင်းရှိ မြစ်ချောင်းများ၊ အင်းအိုင်များမှ ဖော်ထုတ်ပြီး ငါးဒိုင်အသီးသီးသို့ ပို့ဆောင်ရောင်းချကာ ထိုမှတစ်ဆင့် လက်လီဈေးကွက်သို့ ပြန်လည်ဖြန့်ဖြူး ရောင်းချလျှက်ရှိ ပါသည်။

    ပြည်မြို့ဈေးကွက်တွင် လက်ရှိဖြစ်ပေါ်နေသော ငါးဈေးနှုန်းများမှာ မြစ်ငါးသလောက် (၁)ပိဿာလျှင် ၂၅၀၀၀ကျပ်၊ မြစ်ငါးကြင်းဖြူ (၁)ပိဿာလျှင် ၁၃၀၀၀ကျပ်၊ လယ်ငါးခူ (၁)ပိဿာ လျှင် ၁၃၅၀၀ကျပ်၊ ငါးကြင်းခေါင်းပွ (၁)ပိဿာလျှင် ၆၀၀၀ကျပ်၊ မွေးမြူရေးငါးခူ(၁)ပိဿာလျှင် ၁၀၀၀၀ကျပ်၊ မြစ်ငါးကျည်း (၁)ပိဿာလျှင် ၁၂၀၀၀ကျပ်၊ တီလားဗီးယား (၁)ပိဿာလျှင် ၃၅၀၀ကျပ်တို့ဖြင့် ဈေးနှုန်းအသီးသီးဖြစ်ပေါ်လျှက်ရှိကြောင်းသိရှိရပါသည်။ ယခင်အပတ် ဈေးနှုန်းများဖြင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျှက်ရှိကြောင်းနှင့် ငါးများကို ပြည်မြို့ရှိ စည်ပင်သာယာဈေးကြီး၊ ကိုးသောင်းဈေး၊ ခေတ္တရာမြို့သစ်ဈေး၊ အောင်မင်္ဂလာဈေး၊ ကသည်းဈေးနှင့် ရွှေတံခါးဈေးတို့ရှိ  ငါးလက်လီအရောင်းဆိုင်များမှ စားသုံးသူများထံသို့ ပြန်လည်ရောင်းချလျက်ရှိရာ ငါးကြင်းဖြူကို ဝယ်ယူစားသုံးမှုများကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဈေးကွက်ခိုင်မာလျှက်ရှိသည့် ပွင့်ဖြူမြို့နယ် ကုန်းဇောင်းဧရာပဒေသာဆန်

        မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်သည်  လယ်ယာစိုက်ပျိုးရေးဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြုကြပြီး စပါးစိုက်ပျိုးရန် မြေဆီမြေနှစ်နှင့်ဆည်ရေရရှိသဖြင့် ဧရာပဒေသာ စပါးကိုအဓိကထားစိုက်ပျိုးကြောင်း ဧရာပဒေသာဆန်ကိုဒေသစုံမှထွက်ရှိသော်လည်း မကွေးတိုင်း စလင်း၊ ကုန်းဇောင်း၊ ပွင့်ဖြူဘက်မှထွက်ရှိသည့် ဧရာပဒေသာဆန်ကိုမမှီကြောင်း ရေ၊ မြေ ရာသီဥတု ကွာခြားမှုကြောင့် ပွင့်ဖြူ၊ ကုန်ဇောင်းဧရာပဒေသာဆန်မှာ အရည်အသွေး‌ကောင်းမွန်ပြီး ပြည်တွင်းစားသုံးမှုတွင်လည်း လူကြိုက်များသဖြင့် ဈေးကွက်ခိုင်မာလျှက်ရှိကြောင်း သိရှိရပါသည်။

    ပွင့်ဖြူမြို့နယ်မှထွက်ရှိသည့် ကုန်းဇောင်းဧရာပဒေသာ ဆန်မှာထမင်းသားနူးညံ့ခြင်း၊ အေးသွားပါကထမင်းမမာခြင်း၊ နှစ်ရက်ထိထမင်းအထားခံနိုင်ခြင်း၊ ပေါ်ဆန်းနှင့်တွဲ၍စားသုံးပါက အထူးကောင်းမွန်ခြင်း၊ ဆီးချို၊ သွေးချိုသမားများအတွက်အထူးသင့်လျှော်ပြီး ရွှေဘိုပေါ်ဆန်းနေရာတွင် အစားထိုးစားသုံးမှုများရှိလာသည့်အတွက် မကွေး၊ မင်းဘူး၊ ချောက်၊ မန္တလေး၊ ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့များအပြင် နေပြည်တော်သို့လည်း တင်ပို့ရောင်းချရကြောင်း၊ ယခုနှစ် သီးနှံပေါ်ချိန် နိုဝင်ဘာလမှ ဒီဇင်ဘာလတွင် စပါး (၄၆)ပေါင်တစ်တင်းကို (၉၀၀ဝိ/-မှ ၉၅၀ဝိ/-) နှင့်ဆန်(၂၄)ပြည်တစ်အိတ်ကို (၃၈၀၀ဝိ/- မှ၃၉၀၀ဝိ/-)ထိလည်းကောင်း၊ ဒီဇင်ဘာလမှ ဇန်နဝါရီလတို့တွင် စပါး (၄၆)ပေါင်တစ်တင်းကို (၉၅၀ဝိ/-မှ ၁၀၀၀ဝိ/-)နှင့် ဆန်(၂၄)ပြည်တစ်အိတ်ကို (၃၉၀၀ဝိ/-မှ၄၀၀၀ဝိ/-)လည်းကောင်း၊ ယခုလက်ရှိပေါက်ဈေးမှာ စပါး(၄၆)ပေါင် တစ်တင်းကို(၁၁၀၀ဝိ/-မှ ၁၂၀၀ဝိ/-)နှင့်ဆန်(၂၄)ပြည်တစ်အိတ်ကို (၄၃၅၀ဝိ/-မှ ၄၅၀၀ဝိ/-)ထိဈေးနှုန်းမြင့်တက်လျှက်ရှိ သော်လည်း ဧရာပဒေသာဆန်ကို စားသုံးနေကြလူများအဖို့ ကုန်ဇောင်းဧရာပဒေသာဆန်ကိုသာ ရွေးချယ်စားသုံးကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

ရှမ်း(တောင်)မှ အာလူးဈေးကွက်အခြေအနေ

         စားဖိုဆောင်သီးနှံများအနက် အာလူးသည်လည်း လူတို့နေ့စဉ်စားသုံးနေသော ဟင်းလျာတွင် ပါဝင်လျက်ရှိပါသည်။ အာလူးကို ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဟဲဟိုးနှင့်နောင်တရားမြို့များတွင် အများအပြား စိုက်ပျိုးလျက်ရှိကြသည်။ အာလူးကို မိုးရာသီနှင့် ဆောင်းရာသီတွင် စိုက်ပျိုးကြသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)၏ ၂၀၂၁-၂၀၂၂ ခုနှစ်စိုက်ဧကမှာ (၃၉၇၃၃) ဧကရှိပြီး ထွက်ရှိမှုမှာ (၁၄၇၆၃၃၀၀၀) ပိဿာဖြစ်ပါသည်၊ ထို့ကြောင့်အာလူးသည် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် စားသုံးပိုလျှံသီးနှံတစ်ခုဖြစ်သည်၊ တစ်နှစ်လျှင် ပိဿာချိန် (၁၁၆၂၅၂၂၅၃)ခန့် ပိုလျှံသည့် သီးနှံဖြစ်ပါသည်။ ယခုနှစ်တွင် အာလူးဈေးအနည်းငယ်ကောင်းမွန်ပြီး ယခင်နှစ်က S1 လက်ကားဈေးမှာ တစ်ပိဿာလျှင် ၁၅၀၀ ကျပ်ဖြစ်ပြီး၊ ယခုနှစ်တွင် ၁၈၀၀ ကျပ်၊ လက်လီဈေးမှာ တစ်ပိဿာလျှင် ၂၀၀၀ ကျပ်မှ ယခုအခါ ၂၃၀၀ ကျပ်အထိဈေးကောင်းရရှိပြီး၊ S2 လက်ကားဈေးမှာ ယခင်နှစ် ကာလတူပေါက်ဈေးအရ တစ်ပိဿာလျှင် ၁၈၀၀ ကျပ်ဖြစ်ပြီး၊ ယခုနှစ်တွင် တစ်ပိဿာ ၂၁၀၀ ကျပ်အထိရရှိပြီး၊ လက်လီဈေးအရ ယခင်နှစ်ကာလတူပေါက်ဈေး ၂၅၀၀ ကျပ်ဖြစ်ပြီး၊ ယခုနှစ် တွင် ၂၈၀၀ ကျပ်အထိဈေးကောင်းရရှိပါသည်၊ ရှမ်းတောင်မှထွက်ရှိသော အာလူးများကို တစ်နိုင်ငံလုံးရှိ နေရာအနှံအပြားသို့ တင်ပို့ရောင်းချလျက်ရှိပါသည်၊  ယခုအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)သို့ ဆင်ဖြူကျွန်းမှ အာလူးများဝင်ရောက်လျက်ရှိသောကြောင့် ဈေးများအနည်းငယ် ကျဆင်းမှုရှိကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

DOCA( ရှမ်း)

 

“မိတ္ထီလာခရိုင်အတွင်း ဝါကြိတ်စက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး’’

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း‌‌‌ဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်း သည် (၂၃-၂-၂၀၂၂) ရက်နေ့ နေ့လည် ( ၁၀:၀၀ ) နာရီ အချိန်တွင် မလှိုင်မြို့နယ် ပန်းအိုင်ကျေးရွာရှိ ဝါကြိတ်စက်လုပ်ငန်းရှင် ဦးတင်မောင်းအေးနှင့်တွေ့ဆုံ၍ ဝါဝယ်ယူရရှိမှု၊ ကုန်ချောဝါဂွမ်းနှင့် ဝါစေ့ဆီကြိတ်ခွဲ ထုတ်လုပ်ရောင်းချမှုနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

            ဝါကုန်ကြမ်းကို မလှိုင်မြို့နယ်အတွင်း ကျေးရွာများရှိ ဝါစိုက်တောင်သူများမှ တိုက်ရိုက်လာ‌‌ရောက် ရောင်းချကြကြောင်း၊ မြို့ပေါ်ပွဲရုံများမှ တဆင့်လာရောက်ရောင်းချကြကြောင်း၊ ဝါဝယ်ကြိတ်ခွဲရသည့်ကာလ နိုဝင်ဘာလမှစတင်၍ ဖေဖော်ဝါရီ၊ မတ်လ လဆန်းပိုင်းအထိဖြစ်ပြီး ယခုနှစ်တစ်ရာသီ ဝါကုန်ချိန် တစ်သိန်းခွဲ ခန့်ကြိတ်ခွဲရကြောင်း၊ ဝါ ၁၀၀ ပိဿာကို ကြိတ်ခွဲလျှင် ဝါဂွမ်း (ပျမ်းမျှ) ၃၁ ပိဿာ၊ ဝါစေ့ ၆၅ ပိဿာထွက်ရှိပြီး အလေအလွင့် ၄ ပိဿာခန့်ရှိကြောင်း၊ ဝါဂွမ်း ၁ ပိဿာလျှင် ၄၂၀၀ ကျပ်မှ ၅၆၀၀ ကျပ်ထိရှိပြီး ချည်ထည်စက်ရုံ နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချပြီး ဝါစေ့ကိုဆီကြိတ်ခွဲလျှက် ထွက်ရှိသောဆီကို သန့်စင်၍ ဆီချောကို သဲတော၊ ဝမ်းတွင်းနှင့် ကျောက်ပန်းတောင်းမြို့များမှ လာရောက်ဝယ်ယူပြီး တစ်ပိဿာလျှင် ၄၃၀၀ ကျပ်ဖြင့် လည်းကောင်း၊ ဆီချေးကို တစ်ပိဿာလျှင် ၁၀၀ ကျပ်ဖြင့် ဆပ်ပြာချက်လုပ်သောသူများမှ လာရောက်ဝယ်ယူလျက်ရှိပြီး လုပ်သားအင်အား နေ့၊ည ၁၂ ဦးဖြင့် လုပ်ကိုင်ပြီး ဝါတစ်ပိဿာ (၃၀ မှ ၅၀ ) ကျပ်ထိ အကျိုးအမြတ်ရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“မိတ္ထီလာ ကြက်သွန်နီ စစ်တွေနှင့် မြဝတီမှ ဝယ်လိုအားများ”

          မိတ္ထီလာခရိုင်အတွင်းရှိ ကြက်သွန်နီများကို ရန်ကုန်၊ မြဝတီ၊ စစ်တွေ၊ မူဆယ်မြို့များသို့ တင်ပို့ရောင်းချနေကြောင်း သိရပါသည်။ ကြက်သွန်နီများကို စစ်တွေမြို့မှတဆင့် ဘင်္ဂလားဒေ့သို့လည်းကောင်း မြဝတီမှ ဗီယက်နမ်သို့လည်းကောင်း တင်ပို့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။ ကြက်သွန်နီစျေးနှုန်းမှာ ဇန်နဝါရီ တွင် ၁ ပိဿာ (၄၅၀/၅၀၀) ကျပ်ရရှိ၍ ဖေဖော်ဝါရီလတွင် (၅၀၀/၆၀၀) ကျပ်အထိ စျေးနှုန်းတက်လာကြောင်း တွေ့ရှိရပါသည်။ မိတ္ထီလာမြို့မှ ကြက်သွန်နီများကို ယခင်အပတ်တွင် (၂၈၇) တန် တင်ပို့နိုင်ခဲ့ပြီး ယခုအပါတ်တွင် (၃၈၃) တန် တင်ပို့ရောင်းချနိုင်သည့်အတွက် ကြက်သွန်နီဝယ်လိုအားများနေ‌ကြောင်း သိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း