ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးအနည်းငယ်မြင့်တက်လျက်ရှိ

       စားသုံးသူရေးရာဦးစီးဌာန၊ အ‌ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ခရိုင်အတွင်းရှိဈေးများတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ နေ့စဉ်ပုံမှန်ကောက်ယူလျက်ရှိရာ ၁၁.၁၁.၂၀၂၂ ရက်နေ့ရှိ ကောက်ယူရရှိသော စားသောက်ကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းမွှေး ၁ အိတ်လျှင် (၁၀၀၀၀ဝ) ကျပ်၊ ကြက်သွန်နီ ၁ ပိဿာလျှင် (၄၅၀၀-၅၀၀၀) ကျပ်၊ ငရုတ်(ပု) ၁ ပိဿာလျှင် (၂၇၀၀၀) ကျပ်၊ ငရုတ်(ရှည်) ၁ ပိဿာလျှင် (၂၂၀၀၀) ကျပ်ထိဈေးနှုန်းမြင့်တက်ခဲ့ပြီး အခြားအခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ ဈေးနှုန်းသိသိသာသာ ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ခရမ်းချဉ်သီးဈေးနှုန်းအနည်းငယ်ကျဆင်းလျှက်ရှိ

         ပြည်နယ်အတွင်း စားသုံးရန်အတွက် ခရမ်းချဉ်သီးကို ဒေသတွင်း၌ မိုင်းလုံးရပ်ကွက် ၊ မှုံပြာ ကျေးရွာ၊ လင်ဖုံလေးကျေးရွာများမှ အများဆုံးစိုက်ပျိုးကြသော်လည်း ယခုနှစ်အတွင်း စိုက်ပျိုးနိုင်မှုလျော့နည်းလာသဖြင့် ဈေးကွက်လိုအပ်ချက်အရ ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေး‌ဒေသ ဘက်မှတင်သွင်းရောင်းချလျှက်ရှိပြီး၊ခရမ်းချဉ်သီးများဈေးကွက်အတွင်း ပိုမိုဝင်ရောက်လာသဖြင့်  ယခုနိုဝင်ဘာလတတိယပတ်တွင် ဈေးကွက်အတွင်း၌ ဖြစ်ပေါ်နေသော ခရမ်းချဉ်သီး ဈေးနှုန်းမှာတစ်ပိဿာလျှင်(၁၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး၊ယခင် နိုဝင်ဘာလ ဒုတိယပတ်တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၈၀၀)ကျပ်ဖြစ်ပြီး  နိုဝင်ဘာလ တတိပတ်ဈေးနှုန်းနှင့် ဒုတိယပတ်ဈေးနှုန်း နှိုင်းယှဉ်လျှင်တစ်ပိဿာလျှင်(၃၀၀)ကျပ်ခန့် အနည်းငယ် ကျဆင်းလာကြောင်း၊ နောင်ယားဈေးရှိ ခရမ်းချဉ်းသီး ရောင်းချသူတစ်ဦး ထံမှသိရ ပါသည်။

DOCA(ကယား)

 

 

 

ဘိလပ်မြေဈေးနှုန်းအနည်းငယ်ကျဆင်းလျှက်ရှိ

         ကယားပြည်နယ်တွင် ကုန်စည် စီးဆင်းမှု့များ ပုံမှန်လည်ပတ်လာ၍ အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေများ ပြည်နယ်တွင်းသို့ ဝင်ရောက်လျှက် ရှိပါသည်၊၊ ယခုနိုဝင်ဘာလအတွင်း ဘိလပ်မြေ ဈေးနှုန်းများမှာ ကမ္ဘောဇဘိလပ်မြေ တစ်အိတ် လျှင် (၉၀၀၀) ကျပ်၊ အာပါချီ ဘိလပ်မြေ တစ်အိတ်လျှင် (၉၀၀၀) ကျပ်၊ နဂါးဘိလပ်မြေ တစ်အိတ်လျှင် (၉၀၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိပြီး ၊ ယခင် အောက်တိုဘာလတွင်း ကမ္ဘောဇ ဘိလပ်မြေ တစ်အိတ် လျှင် (၉၂၀၀) ကျပ်၊ အာပါချီ ဘိလပ်မြေ တစ်အိတ်လျှင် (၉၂၀၀) ကျပ်၊ နဂါးဘိလပ်မြေ တစ်အိတ် လျှင် (၉၂၀၀) ကျပ် ရှိခဲ့ပြီး ယခင် အောက်တိုဘာလနှင့် ယခု နိုဝင်ဘာလ နှိုင်းယှဉ် ကြည့်လျှင် ကမ္ဘောဇ တစ်အိတ်လျှင်(၂၀၀) ကျပ်၊ အာပါချီ တစ်အိတ်လျှင် (၂၀၀) ကျပ်၊ နဂါးဘိလပ်မြေ တစ်အိတ်လျှင် (၂၀၀) ကျပ်ခန့်၊ ဈေးနှုန်းအနည်းငယ် ကျဆင်းနေကြောင်း အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်မှ သိရပါသည်။

DOCA(ကယား)

ပဲတောင့်ရှည်(ခ)တိုင်ထောင်ပဲများ လှိုင်လှိုင်ထွက်ရှိ

       မိုးအကုန်ဆောင်းအကူး ကာလများတွင် အများဆုံးစိုက်ပျိုးသော ပဲတောင့်ရှည်(ခ)တိုင်ထောင်ပဲများ ယခုအချိန်တွင်လှိုင်လှိုင်ထွက်ရှိလျှက်ရှိပါသည်။ မြို့နယ်များအလိုက် တောင်သူအများစုမှာ အပိုဝင်ငွေများရရှိအောင် သီးညှပ်သီးနှံများကိုလည်း စိုက်ပျိုးကြပါသည်။ စိုက်စရိတ်လည်းသက်သာသောကြောင့် မိသားစု တစ်နိုင်တစ်ပိုင်စိုက်ပျိုးပြီး (၂)ရက်ခြား (၃)ရက်ခြား ခူးဆွတ်ရသောကြောင့် မိသားစုဝင်ငွေတိုး၍ အဆင်ပြေလျှက်ရှိပါသည်။ မျိုးအနေဖြင့် အစိမ်းနု၊အစိမ်းရင့်၊ကတ္တီပါအနီရောင် မျိုးများရှိပြီး တောင်သူများ အများဆုံးစိုက်ပျိုးသောမျိုးမှာ အစိမ်းရင့်ရောင် မျှားနီတံဆိပ် မျိုးများသာ အသုံးများကြောင်း၊ မျှားနီမျိုးတစ်ဗူးလျှင်(၁၅၀၀၀/-)ကျပ်ခန့်ပေးဝယ်ရပြီး တိုင်ထောင်ပဲကိုအများအားဖြင့် တစ်တန်းနှင့်တစ်တန်း(၃)ပေခြား၊တစ်ပင်ကို(၉)လက်မခွာ၍ စိုက်ပျိုးကြသလို ငရုတ်ခင်း မဖြတ်သေးဘဲအခင်းထဲ၌ သီးညှပ်အဖြစ်လည်း စိုက်ပျိုးကြပါသည် ။ စိုက်စရိတ်အနေဖြင့် ပဲတောင့်ရှည်(ခ)တိုင်ထောင်ပဲများအား တစ်နိုင်တစ်ပိုင် စိုက်ပျိုးသောကြောင့် တောင်သူများ အများဆုံးစိုက်ပျိုးသော အစိမ်းရင့်ရောင်း မျှားနီတံဆိပ်မျိုးတစ်ဗူး စိုက်ပျိုးလျှင်(၅၀၀၀၀-၆၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း ၊ စိုက်ပျိုးပြီး အပင်(၂)ပတ်သားတွင် (၇)ပေရှည်သော ဝါးတိုင် (သို့မဟုတ်) ကိုင်းတန်းများကိုအပင်အခြေတွင်တွယ်တက်နိုင်ရန် တိုင်ထောင်ရပြီး ပန်းပွင့်ပြီး(၇-၁၀)ရက်အကြာတွင် စတင်ခူးဆွတ်နိုင်ပါသည် ။ စျေးနှုန်းအနေဖြင့် ပဲတောင့်ရှည် ပေါ်ဦးပေါ်စတွင် (၁)ပိဿာလျှင် (၁၂၀၀/-)ကျပ် စျေးနှုန်းရရှိပြီး ယခုအချိန်တွင် ပဲတောင့်ရှည်သီးနှံများ လှိုင်လှိုင်ထွက်ပေါ်လာသော ကြောင့်စျေးနှုန်းကျဆင်းသွားပြီး (၁)ပိဿာလျှင်(၆၀၀/-)ကျပ်ခန့်သာရှိတော့ကြောင်း ၊ အထွက်နှုန်း အနေဖြင့်ပိဿာ(၂၅၀-၃၀၀)အထိထွက်ရှိကြောင်း ၊ စျေးနှုန်းကျသော်လည်း တွက်ချေကိုက်လျှက်ရှိ ကြောင်း ၊ အပင်ကျချိန်ထိ အားဆေးကျွေး၍ ထားရှိပါကလည်း ပဲတောင့်ရှည်သီးနှံသည် အသီးများ ဆက်လက်ထွက်ရှိနေပါသည်။စျေးကွက်အနေဖြင့် ပတ်ဝန်းကျင်ကျေးရွာများမှ လာရောက်ဝယ်ယူ၍ တဆင့်ပြန်လည်ရောင်းချကြပါသည်။သီးညှပ်စိုက်ပျိုးသော တောင်သူများအနေဖြင့် စိုက်စရိတ်လည်း သက်သာ၊အပိုဝင်ငွေလည်းရရှိသော ပဲတောင့်ရှည်သီးနှံကို စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြ အပ်ပါသည်။

DOCA(မန္တလေး)

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

          ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ တတိယပတ်အတွင်း နေပြည်‌တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၃၈၅၀ကျပ်၊ ဧည့်မထ တစ်ပြည် ၂၄၀၀ကျပ်၊ မနောသုခ တစ်ပြည် ၁၉၀၀ကျပ်နှုန်းဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၄၀၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၃၈၀၀ကျပ်၊ (သေး)တစ်ပိဿာ ၃၂၅၀ကျပ်နှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၄၂၅၀ကျပ်မှ ၅၅၀၀ကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၃၈၀၀ကျပ်မှ ၄၂၀၀ကျပ်ထိ၊ ငရုတ်သီး ခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၂၅၀၀ကျပ်မှ ၁၆၅၀၀ကျပ်ထိ၊ (အပု)တစ်ပိဿာ ၁၄၅၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၄၀၀ကျပ်မှ ၃၀၀၀ကျပ်ထိ၊ ခရမ်းချဥ်သီး တစ်ပိဿာ ၁၂၀၀ကျပ်မှ ၂၂၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

          ကြက်ဥ လက်လီဈေးမှာ  တစ်လုံး ၁၈၅ကျပ်မှ ၂၂၀ကျပ်ထိ ဖြစ်ပါသည်။ နေပြည်တော် ကောင်စီနယ်မြေ၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၉၀၀၀ကျပ်မှ ၁၂၀၀၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာ ၁၁၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၁၁၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၂၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာ ၅၁၀၀ကျပ်မှ ၈၂၀၀ထိ၊ ငါးကြင်း တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်ထိ ရောင်းဝယ် နေကြောင်း သိရသည်။

          စားသုံးဆီ ဈေးနှုန်များမှာ ပဲဆီ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၆၄၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(ပြည်ထောင်စုနယ်မြေ)  

 

ကောလင်းမြို့မှ မန္တလေးမြို့သို့ နေ့စဉ် ဆန်တင်ပို့မှု ၁၀ တန်ခန့်ရှိ

          ကောလင်းခရိုင်၊ ကောလင်းမြို့မှ မန္တလေးဆန်ပွဲရုံများသို့ ဆန်တင်ပို့မှု နေ့စဉ် ၁၀ တန်ကျော် ရှိနေကြောင်းနှင့် တင်ပို့သော ဆန်များမှာ ကောက်သစ်ဆန်များဖြစ်ပြီး ဆင်းဧကရီ-၃ နှင့် မှော်ဘီများ ဖြစ်ကြောင်း သိရသည်။

          ကောလင်းခရိုင်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ဧက (၁၉၉၈၅၁)ဧကရှိပြီး ဆင်းဧကရီ-၃ (ခေါ်) ဆန်း-၃ စပါး၊ မှော်ဘီ၊ ဧရာမင်း ကောက်ညှင်း၊ လုံးသွယ်မွှေး စသည့်စပါးမျိုးများ စိုက်ပျိုးကြ သည်။ စပါးစိုက်ပျိုးချိန်မှ ရိတ်သိမ်းသည်အထိ ရာသီဥတု ညီညွတ်မျှတသည့်အတွက် စပါးအထွက်နှုန်း ကောင်းမွန်ကြောင်း သိရသည်။ ကောက်သစ်ပေါ်ချိန် အစောပေါ်သည့် ဆင်း-၃ နှင့် မှော်ဘီများ ရိတ်သိမ်းလျက်ရှိကြပြီး မန္တလေးဈေးကွက်တွင် ဈေးကောင်းရသည့်အတွက် နေ့စဉ် အိတ် ၂၀၀၀ ကျော် တင်ပို့မှုရှိနေကြောင်း သိရသည်။ လက်ရှိ ဒေသတွင်း ဆန်စပါးဈေးနှုန်းများမှာ ဧရာမင်းစပါး (အဟောင်း) တင်းတစ်ရာ ၁၁၅၀၀၀၀ ကျပ်၊ ဆန်တစ်အိတ် ၅၅၀၀၀ ကျပ်၊ ဆင်း-၃ စပါး(အသစ်) တင်းတစ်ရာ ၈၃၀၀၀၀ ကျပ်၊ ဆန်တစ်အိတ် ၃၆၀၀၀ ကျပ်၊ မှော်ဘီစပါး (အသစ်) တင်းတစ်ရာ ၉၀၀၀၀၀ ကျပ်၊ ဆန်တစ်အိတ် ၄၂၀၀၀ ကျပ်ဖြစ်ပါကြောင်း ကောလင်းမြို့ ဝင်းမေတ္တာဆန်စက် လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၏ ထောပတ်သီး ဈေးနှုန်းဈေးကွက်

        ရွှေဘိုခရိုင်၊ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်းတွင် သစ်သီးမျိုးစုံရောင်းချသော ဆိုင်ပေါင်း (၈)ဆိုင်ခန့်ရှိပြီး နေ့စဉ် ပိတ်ရက်မရှိ နံနက် (၆:၀၀)နာရီမှ နေ့လယ် (၂:၀၀)နာရီ အထိ ရောင်းချလျက်ရှိပြီး ရာသီအလိုက် ကဗ္ဗလာသီး၊ နဂါးမောက်သီး ၊ သင်္ဘောသီး၊ ထောပတ်သီး၊ ပျားလိမ္မော်၊ ပန်းသီး စသည့်သီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများမှ တစ်ဆင့်ယူ၍ ရောင်းချကြောင်း သိရပါသည်။

         ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်းတွင် ရောင်းချလျက်ရှိသော ထောပတ်သီးများမှာ တောင်ကြီးမြို့မှ လာသောထောပတ်သီး၊ မိုးကုတ်မြို့မှ လာသောထောပတ်သီး များဖြစ်ပြီး မန္တလေးမြို့ ပွဲရုံများမှ တစ်ဆင့်မှာယူရကြောင်း၊ ထောပတ်သီး တစ်အိတ်လျှင် အကြီး/ အသေး ပေါ် မူတည်၍ အလုံး (၈၀)မှ (၁၀၀)ထိ ပါပြီး၊တစ်အိတ်လျှင် (၃)သောင်းကျပ်ဖြင့် ဝယ်ယူ ရကြောင်း၊ ထောပတ်သီးများကို အလုံးအကြီး အသေးခွဲ၍  လက်လီ တစ်လုံးလျှင် အကြီး ၈၀၀ ကျပ်၊ အလတ် ၅၀၀ကျပ်၊ အသေး  ၄၀၀ကျပ်  ရောင်းချရကြောင်း ၊ တစ်နေ့လျှင် ထောပတ်သီး  တစ်အိတ်ခန့် ရောင်းရပြီး အရောင်းအဝယ်‌ အေးနေကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

       စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း ဆန်(တစ်အိတ်)လျှင် ၈၅၀၀၀ကျပ်၊ ဧရာမင်းဆန်(တစ်အိတ်)လျှင် ၆၅၀၀၀ကျပ်၊ ငစိန်ဆန် (တစ်အိတ်) လျှင် ၄၀၀၀၀-၄၁၀၀၀ ကျပ်၊  ပဲဆီ(တစ်ပိဿာ)လျှင် ၉၄၅၀-၉၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၉၅၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ(တစ်ပိဿာ) လျှင် ၆၂၅၀-၆၃၀၀ ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀-၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ) ၄၂၀၀ မှ ၄၃၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၃၃၀၀ မှ ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) (တစ်ပိဿာ) ၅၈၀၀ မှ ၆၀၀၀ ကျပ်၊ အားလူး (တစ်ပိဿာ) ၂၄၀၀ မှ ၂၆၀၀ ကျပ်၊ မန်ကျည်းသီးမှည့်(တစ်ပိဿာ)လျှင် ၄၀၀၀-၄၃၀၀ ကျပ်၊ နနွင်းတက်(တစ်ပိဿာ)လျှင် ၅၀၀၀-၅၂၀၀ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၂၈၀၀ ကျပ်၊ ဂေါ်ဖီထုတ် (တစ်ထုတ်)၂၀၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်) (တစ်စီး) ၅၀၀ ကျပ်၊ ကြက်သား(တစ်ပိဿာ)လျှင် ၁၀၀၀၀-၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၅၀၀၀-၁၆၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ(၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ(၁)လုံးလျှင် ၃၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၂၀၀ မှ ၁၅၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

         ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီဈေးနှုန်း အနည်းငယ်တက်နေပြီး၊ ကျန်သီးနှံဈေးနှုန်းများ ဈေးအေးနေပါသည်။  ယခုအချိန်တွင် စားအုန်းဆီရည်ညွှန်းဈေး ကျဆင်းနေသောကြောင့် စားအုန်းဆီ ဈေးနှုန်းများ ဈေးအေးနေပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်းဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

         

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေ

          မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခု နှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၇၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၈၀မှ ၁၀၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၁၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၄၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ်သုံးထောင် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၈၀မှ ၁၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၄၈၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ်နှစ်သောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀၀မှ ၃၀၀ ခန့် အရောင်းအဝယ်ဖြစ် ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၇၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ်ငါးထောင် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀မှ ၁၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင် ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၁၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၇၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ်ငါးထောင်ကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅၀မှ ၁၀၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်းသိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၁၀၀၀ ဖြစ်ခဲ့ပြီး ယခု နှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၁၉၂၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ကိုးထောင်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀မှ ၁၀၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၂၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ကျပ် ၅၅၀၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၂၉၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် တစ်ပိဿာလျှင် ကျပ် ၅၂၀၀၊ တစ်ပိဿာလျှင် ကျပ် သုံးထောင်ခန့် အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅၀မှ ၂၀၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၁၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် တစ်တင်းလျှင် ကျပ် ၈၅၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၅၃၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် တစ်တင်းလျှင် ကျပ် ၈၇၅၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၄၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ တတိယပတ်တွင် တစ်တင်းလျှင် ကျပ် ၇၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲခန့်မှ သုံးသောင်းခွဲခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀၀မှ ၂၅၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဓါတ်မြေဩဇာ ဈေးနှုန်းများ ဆက်လက်တည်ငြိမ်လျက်ရှိ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ သွင်းအားစုနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်  တင်ပြလျှက်ရှိပါ သည်။

     ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၂-၂၀၂၃ခုနှစ် မိုးသီးနှံတွင် မိုးစပါးကို အဓိကစိုက်ပျိုးကြပြီး ယခုအချိန်တွင် မိုးစပါးများအောင်မြင်ဖြစ်ထွန်းရန်အတွက် လိုအပ်သော ဓါတ်မြေဩဇာများကို (၃)ကြိမ်ထက်မနည်း ကြဲပက်ပြီးဖြစ်၍ စပါးနှံများထွက်နေပြီဖြစ်သည့်အပြင် အခြားသီးနှံများစိုက်ပျိုးဆဲကာလဖြစ်ပြီး အခြားသီးနှံသည် စပါးစိုက်ပျိုးသကဲ့သို့ ဓါတ်မြေဩဇာအသုံးပြုရခြင်းမရှိသည့်အတွက် ရွှေဘိုမြို့ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာဈေးနှုန်းများမှာ အောက်တိုဘာလ တတိယပတ်မှစ၍ နိုဝင်ဘာလဒုတိယပတ်ထိ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ယခင်ဈေးအတိုင်းသာ ရောင်းချလျက်ရှိပါသည်။ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၁၅၀၀၀ဝိ/-)၊ MCတံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၄၂၀၀ဝိ/-)၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ50kg တစ်အိတ်လျှင်(၇၇၀၀ဝိ/-)၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင်(၁၁၀၀၀ဝိ/-)၊ ပန်းဖူးတံဆိပ် ဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၀၂၀၀ဝိ/-)ဖြင့် အောက်တိုဘာလ တတိယပတ်မှစ၍ နိုဝင်ဘာလဒုတိယပတ်ထိ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဈေးငြိမ်နေကြောင်းနှင့် အရောင်းအဝယ်အနေဖြင့် ယခင်ထက် အနည်းငယ်အေးကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း