ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့၏ငရုတ်သီးဈေးကွက်

        မုံရွာမြို့တွင် စားဖိုဆောင်သီးနှံဖြစ်သောငရုတ်သီးကို ဒေသတွင်း လက်လီ/လက်ကားသမားများဖြင့်သာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါသည်။ ငရုတ်သီးစိမ်းကို မုံရွာမြို့ရှိ ပွဲရုံများမှတဆင့် ဈေးများ၊ ကုန်စုံဆိုင်များ၊ ကျေးရွာများသို့ လက်လီ/လက်ကားရောင်းချကြောင်းသိရှိရပါသည်။ မုံရွာမြို့တွင် စိုက်ပျိုးသောကျောက်စိမ်းငရုတ်သီးဈေးမှာ ယခုလက်ရှိအချိန်တွင် ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် (၈၀၀-၁၀၀၀)ကျပ်နှုန်း၊ လက်လီဈေးမှာ တစ်ပိဿာလျှင် (၁၀၀၀-၁၂၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါသည်။ ငရုတ်သီးစိမ်းကို မုံရွာမြို့နယ်အတွင်းရှိ ညောင်ပင်တဲ၊ ကျောက်ခွက်၊ ဘုမ္မနိုး၊ ထနောင်းတော၊ မြေနဲ၊ ဆည်ကြီးတော၊ သစ်ညိုပင်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြောင်းသိရသည်။ ငရုတ်သီးစိမ်းများသည် အထွက်နှုန်းကောင်းကာ ဈေးကောင်းရရှိနေခြင်းကြောင့် စိုက်ပျိုးသူတောင်သူများလည်း အကျိုးအမြတ်ဖြစ်ထွန်းကာ အဆင်ပြေနေကြကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း

ကံမမြို့နယ်မှ ထွက်ရှိသည့် ပဲမျိုးစုံ ဈေးနှုန်း၊ ဈေးကွက် အခြေအနေ

         မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် တောင်ချောင်းဘက်ရှိလိမ်ဒုံး၊ ပြောင်ကျ၊ ပယ်ကျ၊ ဒန်းကိုင်း၊ ထန်းတပင်၊ ရွှေစင်၊ အလယ်ရွာစသည့်ကျေးရွာများမှထွက်ရှိသည့် ပဲမျိုးစုံသီးနှံများအနက် ဒီဇင်ဘာတတိယပတ်တွင်ကံမမြို့ပေါ်ရှိ ပွဲရုံများသို့ ပဲတီစိမ်းသီးနှံမှာ (၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၆၇၅၀၀)ဖြင့်နေ့စဉ် (၁၅)အိတ်ခန့်ဝင်ရောက်ကြောင်း၊ မတ်ပဲသီးနှံမှာ (၃၀)ပိဿာဝင် တစ်အိတ် လျှင် ကျပ်(၈၄၇၅၀)ဖြင့်နေ့စဉ် (၅၀)အိတ်ခန့်ဝင်ရောက်ကြောင်း၊ ထို့အပြင် ပဲစဉ်းငုံ(အသစ်)များထွက်ပေါ် လျက်ရှိရာ (၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၇၉၅၀၀)ဖြင့် (၄/၅)အိတ်ခန့် စတင်ဝင်ရောက်လျက်ရှိပါကြောင်းနှင့်  နေ့စဉ်ဝယ်ယူရရှိသည့် သီးနှံများကိုပြည်မြို့သို့ ကားဖြင့်တင်ပို့ရောင်းချရပါကြောင်း၊ ကံမမြို့ ပေါ်ရှိ ကုန်သည်တစ်ဦးထံမှ သိရပါသည်။

           မြောက်ချောင်းဘက်ရှိ ရေနံ့သာ၊ ဆုံကုန်း၊ ခြောက်ပင်၊ သံပုရာ၊ ဥသျှစ်ကုန်း၊ မင်းတည်းစသည့် ကျေးရွာများမှ ထွက်ရှိသည့် ပဲတီစိမ်းသီးနှံမှာလည်း ဒီဇင်ဘာလ တတိယပတ်တွင် ရေနံ့သာကျေးရွာရှိ ပွဲရုံများမှ(၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၆၉၀၀၀)ဖြင့် လက်ကျန်ပဲများအား ဝယ်ယူလျက်ရှိပါ ကြောင်း၊ နေ့စဉ် (၁၅)အိတ်ခန့်ဝင်ရောက်ကြောင်း၊ မတ်ပဲသီးနှံမှာ (၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ် (၈၆၂၅၀)ဖြင့် နေ့စဉ်(၇၀ မှ ၈၀)အိတ်ခန့် ဝင်ရောက်ကြောင်း၊ မြေပဲသီးနှံဖြစ်သော မြေပဲဆံဖြူ အလုံးသေး (၁)ပိဿာလျှင် ကျပ်(၄၃၅၀)၊ အလုံးကြီး (၁)ပိဿာလျှင် ကျပ်(၄၅၀၀)ဈေးရှိပြီး၊ မြေပဲဆံဖြူ (၁)ပိဿာလျှင် ကျပ်(၅၆၀၀)ဈေးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း၊ နေ့စဉ်ဝယ်ယူရရှိသည့် သီးနှံများကို ရေနံ့သာကျေးရွာရှိ ကုန်ကားများဖြင့် ပြည်မြို့သို့ တင်ပို့ရောင်းချရပါကြောင်း၊ တောင်ချောင်း နှင့် မြောက်ချောင်း သီးနှံဈေးနှုန်းကွာခြားရခြင်းမှာ ရေနံ့သာမှ ကံမမြို့သို့ကားသယ်ယူခစရိတ် ကွာခြားရခြင်းကြောင့်ဖြစ်ပါကြောင်း ရေနံ့သာကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

 

 

ဈေးကွက်အတွင်းရောင်းချနေသောကယားတောင်ကုန်းမြင့်ကော်ဖီ

        ကယားပြည်နယ်တွင် စပါးနှင့်ပြောင်းကိုအဓိကထားစိုက်ပျိုးလျှက်ရှိပြီး အချို့ဒေသများ တွင် ရွေ့ပြောင်းတောင်ယာမှ နှစ်ရှည်သီးနှံပြောင်းလဲ၍ကော်ဖီသီးနှံကိုနှစ်ရှည်သီးနှံအဖြစ်စိုက် ပျိုးလာရာ ၂၀၂၁-၂၀၂၂ခုနှစ် ကော်ဖီစိုက်ဧက (၇၀၉)ဧက ၊ ရိတ်ဧက (၂၀၈)ဧကနှင့်တစ်ဧက (၁၄၆.၅၅ )ပိဿာထွက်ရှိပြီးစုစုပေါင်းအထွက်နှုန်းမှာ ( ၃၀၄၈၃ )ပိဿာထွက်ရှိကြောင်း၊ ကော်ဖီကိုဒီမောဆို၊ ဒေါဘျာကူဒေသနှင့် ဖရူဆို ၊ ဟိုယာ / ဘီယာဒေသများတွင် အများဆုံးစိုက် ပျိုးကြပြီးနည်းပညာအနေဖြင့် ဂျပန်(စိုက်၊ခူး၊သန့်စင်)နည်းဖြင့်စိုက်ပျိုး၍  ပြည်တွင်းဈေးကွက် အနေဖြင့်ရန်ကုန်မြို့သို့ တင်ပို့ပြီး ပြည်ပဈေးကွက်စင်္ကာပူ၊ ဂျပန်နိုင်များသို့တစ်နိုင်တစ်ပိုင်တင်ပို့ လျှက်ရှိပြီး ကယားတောင်ကုန်မြှင့်ဒေသမှာ အာရာဗီကာနှင့်ကယားလီကော်ဖီ အမျိုးအစားများ ထုတ်လုပ်ပြီးကော်ဖီမှုန့်(၁၀၀)ဂရမ်၂၅၀၀ကျပ်၊(၂၀၀)ဂရမ်၄၅၀၀ကျပ်အထုပ်များဖြင့် ဈေးကွက် အတွင်းတွင်လည်း ရောင်းချလျက်ရှိကြောင်းသိရပါသည်။

DOCA(ကယား)

သရက်မြို့ အနောက်ရပ်တောင်ပိုင်းရပ်ကွက်ရှိ မြန်မာခြံကျေးရွာ၌ ကြက်သွန်နီစိုက်ပျိုးမှုအခြေအနေ

      သရက်မြို့၌ ကြက်သွန်နီစိုက်တောင်သူအများစုသည် သီတင်းကျွတ်ကာလတွင် ကြက်သွန်နီများကို စတင်ပျိုးထောင်လေ့ရှိကြပါသည်။ ယခုနှစ်တွင် မိုးရွာသွန်းမှု များသောကြောင့် ကြက်သွန်နီ ပျိုးပင်များစွာပျက်စီးခဲ့ရသဖြင့် တန်ဆောင်မုန်းလဆန်းတွင် တဖန်ပြန်လည် ပျိုးထောင်ကြပါသည်။ ၎င်းကိုတောင်သူအခေါ်ဖြင့် (ပျိုးနောက်ကျသည်)ဟုလည်းခေါ်ကြပါသည်။

          ကြက်သွန်နီများအား စတင်ပျိုးထောင်ရာတွင် (၁)လခွဲမှ (၂)လခန့်အထိ အချိန်ယူရပါကြောင်း၊ ပျိုးပင်များကြီးထွားလာချိန်တွင် စိုက်ကျဉ်းထဲသို့ခွဲ၍ စိုက်ရပြီး စိုက်ပျိုးရာတွင် တစ်ပင်နှင့် တစ်ပင်မှာ ပျမ်းမျှ(၆)လက်မခွာ၍ စိုက်ရပါကြောင်း၊ (၃)လကြာအောင် ရေသွင်းစိုက်ပျိုးရပြီး (၅)လအကြာတွင် ကြက်သွန်နီများကို စတင်တူးဖော်၍ ဈေးကွက်ထဲသို့ရောင်းချကြောင်း၊ သရက်မြို့၌ ကြက်သွန်နီစိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် ပျိုးချိန်နောက်ကျ၍ စိုက်ပျိုးရရှိသောကြောင့် ကြက်သွန်နီ(အသစ်)များမှာ မထွက်ရှိသေးသော်လည်း သရက်မြို့ မြို့မဈေး၌ ယခုဒီဇင်ဘာ စတုတ္ထပတ်တွင် ကြက်သွန်နီ(အဟောင်း)မှာ (၁)ပိဿာလျှင် ကျပ်(၄၅၀၀-၅၀၀၀)ဖြစ်၍ ဈေးကောင်းလျက်ရှိနေကြောင်း အနောက်ရပ်တောင်ပိုင်းရပ်ကွက်ရှိ မြန်မာခြံကျေးရွာ၌ ကြက်သွန်နီစိုက်ပျိုးသည့် တောင်သူ ဒေါ်ဆွေဆွေအေးထံမှ သိရပါသည်။

DOCA(မကွေး)

 

 

 

သရက်မြို့၌ထွက်ရှိသည့် ခရမ်းချဉ်သီးဈေးနှုန်းဈေးကွက်အခြေအနေ

         အိမ်နောက်ဖေးဈေးဆိုင်တည်ဟူသည့် ရှေးစကားအတိုင်း မိမိတို့နေထိုင်ရာ အိမ်အနောက်ရှိ မြေကွက်လပ်များတွင် စားဖိုဆောင်သီးနှံများစိုက်ပျိုးခြင်းသည် ဈေးဖိုးကုန်ကျစရိတ်ကို အတော် အသင့်ထိန်းသိမ်းရာရောက်ပါသည်။ စားဖိုဆောင်သီးနှံများအနက်မှ ခရမ်းချဉ်သီးမှာ ရာသီအချိန်အခါမရွေး စိုက်ပျိုးနိုင်ခြင်းနှင့် အိမ်၌ဟင်းချက်ရာတွင်သာမက ဈေးတွင်လည်းရောင်းချနိုင်သည့်အတွက် မိသားစုအပိုဝင်ငွေရရှိသောသီးနှံဖြစ်ပါသည်။

          သရက်မြို့၌ ခရမ်းချဉ်စိုက်ပျိုးသူတောင်သူများမှာ ကြာကွက်သီး(ခေါ်) ဗမာသီးနှင့် ထိုင်ဝမ်သီး နှစ်မျိုးကို အဓိကထားစိုက်ပျိုးကြကြောင်း၊ တောင်သူအများစုသည် ခရမ်းချဉ်သီးမျိုးစေ့များကို ပြည်မြို့ မှ ဝယ်ယူလေ့ရှိကြကြောင်း၊  စတင်ပျိုးထောင်ရာတွင် ရက်ပေါင်း(၂၀-၂၅)ရက် ကြာအောင်ပျိုးရကြောင်း၊ ထိုသို့ပျိုးထောင်ပြီးရလာသော အပင်များကိုစိုက်ခင်းထဲတွင် (၂)လအကြာရေသွင်းစိုက်ပျိုး၍ ရက်ပေါင်း (၈၅)ရက်အကြာတွင် စတင်ခူးဆွတ်ရပါကြောင်း၊ (၀.၅၀)ဧကတွင် အပင်(၁၅၀၀)စိုက်ပျိုးထားပါကြောင်း၊ (၁)ပင်လျှင် ခရမ်းချဉ်သီး(၂၀)ကျပ်သားထွက်ရှိပြီး တစ်နေ့လျှင် (၂)ပိဿာခန့်ရရှိပါကြောင်း၊  ထို့နောက် ရရှိလာသည့် ခရမ်းချဉ်သီးများကို သရက်မြို့၊ မြို့မဈေးတွင်သာမက အနီးအနားရှိကျေးရွာများဖြစ်သော တုတ်ကိုင်း‌ကျေးရွာနှင့် မလိုင်ခြုံကျေးရွာများသို့ တင်ပို့ရောင်းချကြောင်း၊ အနောက်ရပ်တောင်ပိုင်း ရပ်ကွက်ရှိ မြန်မာခြံကျေးရွာ၌ ခရမ်းချဉ်သီးစိုက်ပျိုးသည့်တောင်သူ ဒေါ်ဆွေဆွေအေးထံမှ သိရပါ သည်။ ယခု ဒီဇင်ဘာစတုတ္ထပတ်တွင် ခရမ်းချဉ်သီးမှာ (၁)ပိဿာလျှင် ကျပ်(၁၂၀၀-၁၅၀၀)ဖြစ်၍ ယခင် တတိယပတ်ထက် ဈေးအနည်းငယ်ကျဆင်းကြောင်း၊ သို့ရာတွင် ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ် (၁၀၀၀)အောက် မရောက်ပါက မျိုးဘိုးကျပ်(၂၁၀၀၀)၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး ကျပ်(၃၉၀၀၀) ဖြစ်ပြီး မိသားစုလုပ်အားဖြင့် စိုက်ပျိုးခဲ့၍ (၃)လအတွင်း အကျိုးအမြတ်အနေဖြင့် (၀.၅၀)ဧကတွင် ကျပ်(၃)သိန်းခန့် အပိုဝင်ငွေရရှိကြောင်း ခရမ်းချဉ်စိုက်တောင်သူထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

 

ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ပဲပုတ်ပြားဈေးနှုန်း

          ကယားပြည်နယ်တွင် ပဲအမျိုးမျိုးစိုက်ပျိုးလျက်ရှိရာပဲပုတ်ကိုလည်း အဓိကထားစိုက်ပျိုး ကြပါသည်။ ပဲပုတ်သည်လူအများစုကြိုက်နှစ်သက်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည် Protein ဓာတ်ကြွယ်ဝသော အစားအစားတစ်မျိုးဖြစ်ပြီး ဒေသထွက်ပဲပုတ်စေ့မှ ပဲပြား၊ ပဲနို၊ ပဲပုတ်ပြားများ ထုတ်လုပ်ပြီး ဈေးကွက်အတွင်းရောင်းချကြရာ ပဲပုတ်ပြားသည်ဒေသထွက် ရိုးရာအစားအစား များတွင်တစ်မျိုးပါဝင်ပြီး ဒေသတွင်စားသုံးခြင်း၊ ဒေသထွက်လက်ဆောင်ပစ္စည်းအဖြစ်လည်း ရောင်းချလျှက်ရှိပါသည်။ ပဲပုတ်ကိုလွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာများတွင်အများဆုံးပြု လုပ်ရောင်းချကြပြီး ယခုလက်ရှိဒီဇင်ဘာလတွင်ပဲပုတ်ပြားတစ်ပိဿာလျှင် (၅၅၀၀)ကျပ်ဈေး ရှိပြီးယခင်နိုဝင်ဘာလတွင် ပဲပုတ်ပြားတစ်ပိဿာလျှင်(၆၀၀၀)ကျပ်အထိဈေးနှုန်းရှိခဲ့ပြီး ယခင် လနှင့်ယခုလနှိုင်းယှဉ်လျှင် ပဲပုတ်ပြားတစ်ပိဿာလျှင်(၅၀၀)ကျပ်ခန့် ဈေးနှုန်းကျဆင်းလာ ကြောင်း ပဲပုတ်စိုက်ပျိုးထုတ်လုပ်ရောင်းချသူတစ်ဦးထံမှသိရပါသည်။

DOCA(ကယား)

ဆောင်းရာသီစာ အညာထန်းပင်မြစ်များ ဈေးကောင်းရရှိ

        ယခုနှစ်ဆောင်းရာသီကာလ၌ အညာဒေသ၏ ရာသီစာ အစားအစာတစ်ခုဖြစ်သော ထန်းပင မြစ်များကို လှိုင်လှိုင်ရောင်းချလျက်ရှိပြီး ဝယ်ယူစားသုံးသူများပြားကာ ဈေးကောင်းရရှိနေကြောင်း သိရပါသည်။

        အညာဒေသ၏ ဆောင်းရာသီစာ ထန်းပင်မြစ်များရရှိရန် ထန်းသီးမှည့်များကို ပျိုးဘောင်များပြုလုပ်၍ သုံးလေးလအတွင်း အမြစ်ပေါ်လာကြောင်း၊ နတ်တော်လမှ ပြာသိုလအတွင်း ပေါများစွာနုတ်ယူရောင်းချရကြောင်း၊ ထန်းပင်မြစ်( ၂၅ )ချောင်းပါ တစ်စည်းလျှင် (၁၅၀၀)ကျပ်ဖြင့်သော်လည်းကောင်း၊ ထန်းပင်မြစ်အချောင်း(၃၀)ပါ တစ်စည်းလျှင် (၁၂၀၀)ကျပ်ဖြင့်လည်းကောင်း အကြီး/အသေးအပေါ်မူတည်၍ ရောင်းချလျက်ရှိပါကြောင်း၊ ထန်းပင်မြစ်ကို မီးဖုတ်၍  မြန်မာလူမျိုးများ နှစ်ခြိုက်စွာစားသုံးကြသော ဆောင်းရာသီစာ အညာဒေသထွက် အစားအစာတစ်ခုဖြစ်၍ ဈေးကောင်းရပြီး အရောင်းသွက်နေကြောင်း၊ မုံရွာမြို့နယ်တစ်ဝိုက်ရှိ ကျေးရွာများမှ လာရောက်ရောင်းချနေကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဓါတ်မြေဩဇာဈေးနှုန်းကျဆင်းလျက်ရှိ

          ကယားပြည်နယ် ဒီဇင်ဘာလစတုတ္ထပတ်အတွင်းဖြစ်ပေါ်နေသော ဓါတ်မြေဩဇာ ဈေးနှုန်းများမှာ ယူးရီးယား(အာမို)တစ်အိတ်လျှင် (၁၁၃၀၀၀)ကျပ်၊ ယူးရီးယား(ဩဘာ) တစ်အိတ်လျှင်(၁၁၀၀၀၀)ကျပ်၊ တီစူပါ(သံကွင်း)တစ်အိတ်လျှင်(၁၃၅၀၀၀)ကျပ်၊ ပုလဲရွှေတောင် တစ်အိတ်လျှင်(၁၁၀၀၀၀)ကျပ်၊ ရွှေကောမတ်တစ်အိတ်လျှင်(၁၃၅၀၀၀)ကျပ်၊ ပိုတက်(ဂျာမနီ) တစ်အိတ်လျှင်(၁၃၅၀၀၀)ကျပ်၊ ကူကြာကူတစ်အိတ်လျှင်(၁၀၅၀၀၀)ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်ကြလျှက်ရှိပြီး ယခင်အပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် ယူးရီးယား(အာမို) တစ်အိတ်လျှင်(၂၀၀၀)ကျပ်၊ ယူးရီးယား(ဩဘာ) တစ်အိတ်လျှင်(၅၀၀၀)ကျပ်၊ တီစူပါ(သံကွင်း) တစ်အိတ်လျှင်(၁၅၀၀၀)ကျပ်၊ ပုလဲရွှေတောင် တစ်အိတ်လျှင်(၅၀၀၀)ကျပ်၊ ပိုတက်(ဂျာမနီ) တစ်အိတ်လျှင်(၅၀၀၀)ကျပ်တို့ဖြင့် ဈေးနှုန်းကျဆင်းလျှက်ရှိပါကြောင်း ဓါတ်မြေဩဇာ အရောင်းဆိုင်ထံမှ သိရှိရပါသည်။

DOCA(ကယား)

စားအုန်းဆီဈေးနှုန်းအနည်းငယ်ကျဆင်း

              ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထတစ်ပတ်အတွင်း စားသုံးဆီဈေးနှုန်းများမှာ ပဲဆီ လက်ကားတစ်ပိဿာလျှင် (၁၁၅၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ နှမ်းဆီ လက်ကားတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ နေကြာဆီ လက်ကားတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ် နှင့် စားအုန်းဆီ လက်ကားတစ်ပိဿာလျှင် (၅၆၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၅၈၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ယခင်တတိယတစ်ပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် စားအုန်းဆီ လက်ကားတစ်ပိဿာလျှင် (၇၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၇၀၀) ကျပ်ဖြင့် ကျဆင်းလာခဲ့ပြီး ကျန်စားသုံးဆီဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း သီရိမင်္ဂလာဈေးအတွင်း စားသုံးဆီလက်လီလက်ကား ရောင်းချနေသောဆိုင်မှ သိရှိရပါသည်။

DOCA(ကယား)

ပွင့်ဖြူမြို့နယ်၊ ကံသာကြီးကျေးရွာ၌ မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူးဒေါ်ဌေးဌေးဝင်းသည် (၁၆.၁၂.၂၀၂၂)နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ၌ မိုးစပါးစိုက်ပျိုးထုတ်လုပ်သူ တောင်သူဦးငယ်လေးနှင့်တွေ့ဆုံ၍ မိုးစပါးရိတ်သိမ်းနေမှု အခြေအနေအား ကွင်းဆင်းလေ့လာဆွေးနွေးခဲ့ပါသည်။

    မိုးစပါးများအားဇွန်လမှ စတင်၍(၅)ဧကခန့် စိုက်ပျိုးထားရှိပါကြောင်း၊ ဧရာပဒေသာစပါးများကိုသာ စိုက်ပျိုးထားပါကြောင်း၊ စတင်စိုက်ပျိုးချိန်တွင် ထယ်ထိုးရန်အတွက် ထွန်စက်ကြီးမောင်းနှင်ခမှာ တစ်ဧကလျှင် ကျပ်(၄၀၀၀၀)ကုန်ကျပါကြောင်း၊ ထွန်စက်ဖြင့်ထယ်ထိုးပြီးနောက် ထပ်မံ၍ ထွန်(၁)ရှဉ်း လျှင် ကျပ်(၁၄၀၀၀)ဖြင့် ထွန်(၃)ရှဉ်းအတွက် (၂)ကြိမ်ထွန်ခ ကျပ်(၈၄၀၀၀)ကုန်ကျပါကြောင်း၊ ထွန်စက် ဖြင့်ထယ်ထိုးပြီးချိန်တွင် ဓါတ်မြေဩဇာအောက်ခံပက်ရန်အတွက် ကျပ်(၁၅၀၀၀)ကုန်ကျပါကြောင်း၊ မျိုးဘိုးမှာ တစ်ဧကလျှင် တစ်တင်းခွဲနှုန်းဖြင့် ကျပ်(၂၂၅၀၀)ကျန်ကျပါကြောင်း၊ ၎င်းနောက် မျိုးတစ်တင်းခွဲအား တိုက်ရိုက်အစေ့ချခမှာ တစ်ဧကလျှင် ကျပ်(၂၅၀၀၀)ကုန်ကျပါကြောင်း၊ အပင်ပေါက် များစတင်ပေါက်ချိန်တွင် အပင်အားဆေးနှင့်ပေါင်းအုပ်ဆေးမှာ ကျပ်(၁၅၀၀၀)ကုန်ကျပါကြောင်း၊ အပင်တစ်လခွဲသားအရွယ်တွင် ပိုးသတ်ဆေးနှင့် အပင်အားဆေး(၂)မျိုးပေါင်း ကျပ်(၃၀၀၀၀) ကုန်ကျပါကြောင်း၊ အစေ့များအား တိုက်ရိုက်ချသောကြောင့် အချို့နေရာများတွင် အပင်များကျဲနေသဖြင့် အပေါက်ဖာရပါသောကြောင့် မျိုးပင်ပေါက်များအားတစ်ရာလျှင် ကျပ်(၁၅၀၀၀)နှင့် ပျိုးပင်ပေါက် (၂၀၀)ဝယ်ယူ၍ဖာရပါသဖြင့် ကျပ်(၃၀၀၀၀)ကုန်ကျပါကြောင်း၊ စပါးအနှံများမထွက်ခင် အပင်များ ပါးနေသဖြင့် အပင်အားဆေး နှင့် ပိုးသတ်ဆေး(၂)မျိုးပေါင်း ကျပ်(၆၀၀၀၀)ဘိုးအား လူငှား(၂)ဦးဖြင့် ပက်ဖျန်းရာ လူငှား(၁)ဦးလျှင် နေ့တစ်ဝက်ခကျပ်(၂၅၀၀)ဖြင့် ကျပ်(၅၀၀၀)ကုန်ကျပါကြောင်း၊ ထို့နောက် ပေါင်းပင်၊ မြက်ပင်များကို လည်းလူငှား(၆)ဦးဖြင့် နေ့တစ်ဝက်ငှားရမ်းခအနေဖြင့် (၁)ဦးလျှင် ကျပ် (၂၅၀၀)ဖြင့် (၆)ဦး ကျပ်(၁၅၀၀၀)ကုန်ကျပါကြောင်း၊ ယခု ဒီဇင်ဘာလတွင် စတင်ရိတ်သိမ်းနေပြီ ဖြစ်ပါကြောင်း၊ စပါးများရိတ်သိမ်းရာတွင် ရိတ်သိမ်းခြွေလှေ့စက်ဖြင့်ရိတ်သိမ်းရသဖြင့် ငှားရမ်းခအနေဖြင့် (၁)ဧကလျှင်ကျပ်(၁)သိန်း ကုန်ကျပါကြောင်း၊ လယ်ထဲတွင် တစ်ခါတည်းရိတ်သိမ်းပြီး စပါးများအား ကုန်သည်များထံသို့ တိုက်ရိုက်ရောင်းချပါကြောင်း၊ ဧရာပဒေသာ စပါး(၁)တင်းလျှင် ကျပ်(၁၄၀၀၀) ရရှိပါကြောင်း၊ (၁)ဧကလျှင် ပျမ်းမျှ တင်း(၈၀)ခန့်ထွက်ရှိမည်ဟု ခန့်မှန်းပါကြောင်း၊ (၁)ဧက ကုန်ကျစရိတ်မှာ ကျပ်(၄၄၁၅၀၀)ကုန်ကျပြီး  ရှိရမှုဝင်ငွေမှာ ကျပ်(၁၁၂၀၀၀၀)ဖြစ်၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၆၇၈၅၀၀)ရရှိမည်ဟု ခန့်မှန်းပါကြောင်း၊ မိုးစပါးစိုက်ပျိုးသည့် တောင်သူဦးငယ်လေးထံမှ သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း