ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မိတ္ထီလာ ဒညင်းသီးဈေးကွက်

   ဒညင်းသီးသည်  စားသုံးသူပြည်သူများ ကြိုက်နှစ်သက်ကြသည့်သီးနှံတစ်မျိုးဖြစ်ပြီး ယခု ဩဂုတ်လ ပထမပတ်တွင်မိတ္ထီလာမြို့၊ပိတောက်မြိုင်ဈေး၊ ဘဲကန်ဟင်းသီးဟင်းရွက် လက်ကား ဈေး၊ မြို့မဈေးကြီးတို့၌ ဒညင်းသီးများ မော်လမြိုင်၊ကသာ၊တောင်ကြီး စသည့်ဒေသများမှ အများအပြား ဝင်ရောက်လျှက်ရှိပြီး ဒေသတွင်းရှိမြို့နယ်များတွင် ဖြန့်ဖြူးရောင်းချလျှက်ရှိ ကြောင်း သိရှိရပါသည်။

   ဈေးကွက်အတွင်း ဩဂုတ်လပထမပတ်တွင်ဒညင်းသီးအကြီး(၁၀)လုံးလျှင် (၁၃၀၀)ကျပ်၊ အလတ်(၁၀)လုံးလျှင်(၁၀၀၀)ကျပ်၊ ဒညင်းဝက်(၁၀)လုံးလျှင်(၇၀၀)ကျပ်နှုန်းဖြင့် ရောင်းဝယ် ဖောက်ကားလျှက်ရှိကြောင်း ယခင်လနှင့်ကာလတူ နှိုင်းယှဉ်လျှင် ဒညင်းသီးဈေးနှုန်းမှာ အနည်း ငယ်ကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ဈေးကွက်အတွင်း အဝင်များလာခြင်း ကြောင့် ဖြစ်သည်ဟု သိရှိရပါသည်။

DOCA (မန္တလေး)

 

 

ဆက်လက်ကျဆင်းလျက်ရှိသော မျှစ်စိမ်း နှင့် မျှစ်ပြုတ် ဈေးနှုန်းများ

            ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို  ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကာ မျှစ်များ လှိုင်လှိုင်ပေါလာသည့်အတွက် ဈေးနှုန်း ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

           ဩဂုတ်လ ပထမပတ်အတွင်း မျှစ်စိမ်း တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု ဩဂုတ်လ ဒုတိယပတ်အတွင်း မျှစ်စိမ်း တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ထက် မျှစ်စိမ်း တစ်ပိဿာလျှင်(၁၀၀၀) ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ ဆက်လက်ကျဆင်းလျက်ရှိပြီး  အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း သိရ ပါသည်။

DOCA(စစ်ကိုင်း)

​​​​​​​ သာစည်မြို့ ပန်းဈေးကွက် ဝါတွင်းကာလဖြစ်၍ အရောင်းအဝယ်သွက်

    သာစည်မြို့၊ ပန်းဈေးကွက်တွင်   ပန်းဈေးမှာ တည်ငြိမ်လျက်ရှိပြီး မိုးရေသောက်ရ၍ ပန်းများမှာ ပိုမိုလှပ၍ရောင်းပန်းလှကြောင်း သိရပါသည်။ ဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ် တောင်ကြီး၊ ကလော အောင်ပန်းစသည်တို့မှ ဂန္ဓာမာပန်းများ၊ နှင်းဆီရောင်စုံ၊ မိသားစုနှင်းဆီ၊ အင်ကြင်းနီဂန္ဓမာ၊ ဂန္ဓမာမြနှင်းဝါ၊ ဂန္ဓမာမြနှင်းဖြူ၊ဂန္ဓမာဖြူ၊ဝါပန်းများဝင်ရောက်လျက်ရှိပြီး ကျောက်ဆည်မြို့မှ ထွက်ရှိသော သပြေငုတ် အကြီး ၊ အသေးများလည်း‌ ရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။

    အိတ်စွပ်နှင်းဆီရောင်စုံမှာ (၁၀)ပွင့်စည်း (၁)စည်းလျှင် (၃၅၀၀)ကျပ်၊ နှင်းဆီပန်း အနီရောင် (၁၀)ပွင့်စည်း (၁)စည်းလျှင် (၄၀၀၀)ကျပ်၊ မိသားစုနှင်းဆီ (၇)ခတ်ပါ တစ်စည်းလျှင် ၄၀၀၀ကျပ်၊ ဂန္ဓမာပွင့် အဖြူ၊ အဝါတို့မှာ (၁၀)ပွင့်စည်း တစ်စီးလျှင် (၅၀၀၀)ကျပ်၊ ဂန္ဓမာမြနှင်းဝါ၊ မြနှင်းဖြူတို့မှာ (၁၀)စည်းတစ်စီးလျှင်(၂၀၀၀-၂၅၀၀)ကျပ်၊ပန်းထိမ်ငိုပန်း တစ်စည်းလျှင်ရှယ်စ(၃၀၀၀)ကျပ်၊ ပန်းထိမ်ငို ပန်းလတ်စတစ်စည်းလျှင် (၂၀၀၀)ကျပ်၊သစ္စာပန်း(၁)စည်းလျှင်(၅၀၀၀)ကျပ်နှင့် သပြေငုတ်ကြီး တစ်ငုတ်လျှင်(၁၀၀၀-၁၂၀၀)ကျပ်နှုန်းဖြင့်အရောင်းသွက်လျက်ရှိပြီးယခင်လ နှင့်ကာလတူနှိုင်းယှဉ်လျှင် ပန်းဈေးနှုန်းမှာတည်ငြိမ်လျှက်ရှိပါသည်။

DOCA (မန္တလေး)

ကျွန်းလှမြို့၏ ‌ပဲလင်းမြွေသီးနှင့် သခွားသီး ဈေးနှုန်း

ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ဈေးကွက်တွင် စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်သီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး  တို့ကို စိုက်ပျိုး သည့်အနက် ဗုံလုံသီး (ခေါ်)ပဲလင်းမြွှေသီးများကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ယခု ဩဂုတ်လ ဒုတိယအပတ်တွင် ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီး ဈေးနှုန်းများမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွှေသီး အကြီး တစ်တောင့်လျှင် လက်လီဈေး(၈၀၀)ကျပ်၊ အလတ် တစ်တောင့်လျှင် လက်လီဈေး (၆၀၀)ကျပ် နှင့် အသေး တစ်တောင့်လျှင် လက်လီဈေး(၄၀၀)ကျပ် အလားတူပင် သခွားသီး ဈေးနှုန်း အနေဖြင့် ဒေသထွက် ရိုးရိုး ဗမာသခွားသီး အကြီး(၁)လုံးလျှင်(၈၀၀)ကျပ် နှင့် အလတ်(၁)လုံးလျှင် (၆၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် အပတ်ထက် ဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီး နှင့် သခွားသီး ဈေးနှုန်း အနည်းငယ်စီ ကျဆင်းပြီး  အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ပန်းဂေါ်ဖီဈေးနှုန်းများ

သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ပန်းဂေါ်ဖီကို မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ရောင်းချလျရှိသော ပန်း‌ဂေါ်ဖီ ဈေးနှုန်းမှာ ပန်းဂေါ်ဖီ အကြီး တစ်ပွင့်လျှင်(၅၀၀၀)ကျပ် နှင့် အသေး တစ်ပွင့် လျှင်(၄၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချ လျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း(၁၀၀၀) ကျပ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မိတ္ထီလာမြို့ အိုးဖရုံသီး/ရွှေဖရုံသီး ဈေးနှုန်း/ဈေးကွက်

             မိတ္ထီလာခရိုင်တွင်း သာစည်မြို့နယ်ရှိ ညောင်တိုကျေးရွာတွင် ရွှေဖရုံသီးများကို စီးပွားဖြစ် စိုက်ပျိုးခဲ့ရာ ယခုအခါ တွင်အိုးဖရုံသီးများကိုပါတိုးချဲ့စိုက်ပျိုးလာကြောင်းသိရပါသည်။ ရွှေဖရုံသီး/ အိုးဖရုံသီးများကိုဇူလိုင်လလယ်မှစ၍စတင်ထွက်ရှိပြီးအောက်တိုဘာလလောက်ထိခူးဆွတ်နိုင်ကြောင်း၊ ၊ ဈေးကွက်တွင် ဒေသတွင်း ထွက်ရှိသောရွှေဖရုံသီး ၊ အိုးဖရုံသီးများအပြင် ရှမ်းပြည်နယ်မှလာသော ရှမ်းဖရုံသီးများဝင်ရောက်လျှက်ရှိကြောင်း ၊  ရွှေဖရုံသီး ၊အိုးဖရုံသီး များမှာအလုံးအနေတော်ဖြစ်၍ တစ် လုံးဈေးရောင်းချပြီး ၊ ရှမ်းဖရုံသီးများ မှာ အလုံးကြီးများဖြစ်၍ ပိဿာဈေးဖြင့် ရောင်းချကြကြောင်း သိရ ပါသည်။

          ဈေးကွက်အတွင်း ဝင်ရောက်မှုအနေဖြင့် တစ်ရက်လျှင် ဒေသတွင်းရွှေဖရုံသီး/အိုးဖရုံသီး အလုံး(ဂျွန်)(၆၀)ပါအိတ် (၂၀/၃၀)ဝင်ရောက် လျှက်ရှိပြီး ၊ ရှမ်းပြည်နယ်ဘက်မှ ရှမ်းဖရုံသီး (၃၀၀/ ၄၀၀)ဝင်ရောက်လျှက်ရှိကြောင်း ၊ တင်ပို့မှုအနေဖြင့် ဒေသတွင်းအပြင် တောင်သာ ၊ ပခုက္ကူ ၊ ရန်ကုန် ၊ မော်လမြိုင်မြို့များသို့ (၂)ရက်ခြားတင်ပို့မှုရှိကြောင်း ၊ဈေးနှုန်းအနေဖြင့် ရွှေဖရုံ/အိုးဖရုံ လက်ကားဈေး အလုံး(ဂျွန်) (၆၀)ပါတစ်အိတ် (၃၀၀၀၀/)ကျပ် ၊ ရှမ်းဖရုံတစ်ပိဿာ (၁၁၀၀/)ကျပ် ၊ လက်လီဈေး အနေဖြင့် အိုးဖရုံ/ရွှေဖရုံ အလုံးအရွယ်အစားအလိုက် တစ်လုံး (၅၀၀-၈၀၀)ကျပ် ၊ ရှမ်းဖရုံ တစ်ပိဿာလျှင် ၁၃၀၀/ကျပ် ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း မိတ္ထီလာမြို့ ဟင်းသီးဟင်းရွက်(ဘဲကန်)လက်ကားဈေးမှသိရှိရပါသည်။

DOCA (မန္တလေး)

 

 

ကျွန်းလှမြို့၌ ရောင်းချနေသော နံနံပင် ဈေးနှုန်း

           ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ နံနံပင်၊ ပူစီနံနံပင်၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီး နှင့်  ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် နံနံပင်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး လျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။  

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော နံနံပင် ဈေးနှုန်းများမှာ နံနံပင် တစ်စီးလျှင်(၁၅၀)ကျပ်၊ (၅၀၀)ဖိုး(၄)စီးဈေးနှုန်းဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဈေးမြင့်တက်လျက်ရှိသော တောမှိုအစုံ ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် ရာ အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး ရောင်းချလျက်ရှိကြောင်း သိရသည်။

ယခု ဩဂုတ်လ ဒုတိယပတ်တွင် တောမှိုအစုံ တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် (၁၀)ကျပ်သား တစ်ထုတ် လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းဖြစ်ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက တောမှိုများ ရှားပါးလာ သည့်အတွက် တောမှို ဈေး အနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

တီလားဗီးယားငါး နှင့် ငါးလေးဒေါင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိ

ကျွန်းလှမြို့တွင်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိရာ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါး များကို   ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

ယခု ဩဂုတ်လ ဒုတိယပတ်၌ တီလားဗီးယားငါး ဈေးနှုန်းများမှာ တီလား ဗီးယားငါး(အကြီး)()ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊ တီလားဗီးယားငါး အသေး()ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ငါးလေးဒေါင့် ဈေးနှုန်းများမှာ ငါးလေးဒေါင့် အကြီး တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ထက် တီလားဗီးယားငါး အသေး တစ်ပိဿာလျှင်(၂၀၀၀)ကျပ်နှင့် ငါးလေးဒေါင့် တစ်ပိဿာလျှင်(၂၀၀၀)ကျပ် မြင့်တက်လျက် ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူ ထံမှ သိရ ပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် မိုးများသောကြောင့် ဆူးပုတ်ရွက်များ လှိုင်လှိုင်ပေါနေ

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အနက် ဆူးပုတ်ရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ပိတ်ချင်းရွက် နှင့် ဆူပုတ်ရွက်တို့ကို ကန့်ဘလူမြို့နယ်၊ ပေကုန်းကျေးရွာနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ   လာရောက်ရောင်းချခြင်းဖြစ်ပါသည်။

 ယခု ဩဂုတ်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ရောင်းချလျက်ရှိသော ဆူးပုတ်ရွက် ဈေးနှုန်းများမှာ ဆူးပုတ်အစည်း()စည်းလျှင်(၂၀၀)ကျပ်၊ (၃)စီးလျှင် (၅၀၀)ကျပ် နှင့် (၁၀)စည်းပါ တစ်ထုံး လျှင်(၁၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိပြီး မိုးရွာသွန်းမှုများသောကြောင့် ဆူးပုတ်ရွက်များ ပေါက်ရောက်မှုများလာသည့်အတွက် ယခင်အပတ်ထက် ဆူးပုတ်ရွက်ဈေးနှုန်း အနည်းငယ် ကျဆင်း ပြီး အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း  ကုန်စိမ်းရောင်းချသူထံမှ သိရပါ သည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း