ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အပတ်စဉ် ပြောင်းလဲနေသော စက်သုံးဆီဈေးနှုန်း

      မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေ ဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် သတ် မှတ်ထုတ်ပြန် ပေးလျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိကာ စက်သုံးဆီ ပြတ်လတ်မှုမရှဘဲ (PPRD) စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချပြီး အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်စွာရောင်းချလျက်ရှိကြောင်း ယခု  ဇူလိုင်လ နောက်ဆုံးအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၀၆၅)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၁၂၁)ကျပ် ၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၂၈၈၉)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၅၃၅)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ယခု  ဩဂုတ် လ ပထမအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ Octane(92) တစ်လီတာလျှင်(၃၁၂၃)ကျပ်၊ ဓါတ်ဆီ Octane(95)တစ်လီတာလျှင်(၃၁၇၉)ကျပ် ၊ ဒီဇယ်(ရိုးရိုး)HSD တစ်လီတာလျှင်(၂၈၉၀)ကျပ် နှင့် ဒီဇယ်(ပရီမီယမ်)PHSDတစ်လီတာလျှင်(၃၅၂၉)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင် အပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက စက်သုံးဆီဈေး 92တစ်လီတာလျှင်(၅၈)ကျပ်၊  95တစ်လီတာလျှင် (၅၈)ကျပ် ၊ ဒီဇယ်(ရိုးရိုး)HSDတစ်လီတာလျှင်(၁)ကျပ် ဈေးမြင့်တက်လျက်ရှိပြီး ဒီဇယ်(ပရီမီယမ်)PHSD တစ်လီတာလျှင်(၆)ကျပ် ကျဆင်းလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

 

ခရမ်းချဉ်သီးဈေးနှုန်းမြင့်တက်လျက်ရှိ

     ကျွန်းလှမြို့နယ် သံဘိုကျေးရွာ၊ ရှမ်းစုကျေးရွာတို့မှ ထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီး များ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့ တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ယခင် ဇူလိုင်လ နောက်ဆုံးပတ်တွင် ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းအနေဖြင့် ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၅၀၀) ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချခဲ့ပြီး ယခု ဩဂုတ်လ ပထမပတ်တွင် တစ်ပိဿာ လျှင်(၇၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၈၀၀) ကျပ်၊ ခရမ်းချဉ်သီး အလုံးသေး တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ထက် တစ်ပိဿာလျှင် (၂၀၀၀) ကျပ်မြင့်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

မအူပင်ဒေသထွက် ငါးမြစ်ခြင်း ငါးဥ ဈေးကောင်းလျက်ရှိ

     မအူပင်မြို့နယ်တွင် ငါးမွေးမြူရေးလုပ်ငန်းများရှိသလို၊ မြစ်ချောင်းများမှ ဒေသထွက် မြစ်ငါးမျိုးစုံ ဖမ်းယူရရှိပြီး ဒေသတွင်းရောင်းချသလို ၊ ရန်ကုန်တင်ပို့မှုများလဲရှိသည်။ ငါးများမှ ငါးဥများကိုလည်း သီးသန့်ရောင်းချသူများလည်း ရှိသည်။

          မအူပင်မြို့နယ် ငါးဥရောင်းချသူများရှိ၍ ငါးဥဈေးနှုန်းအနေဖြင့် ၁ပိဿာလျှင် ၁၇၀၀၀ကျပ် ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ငါးဥရောင်းချသူများသည် တစ်နေ့လျှင် ပိဿာချိန် ၃၀-၅၀ ထိမှာယူရောင်းချရကြောင်း ယခင် ဇွန်လ ဈေးနှုန်း နှိုင်းယှဉ်ပါက ၃၀၀၀ကျပ် ဈေးကျဆင်းကြောင်း၊ ငါးဥ ရှားပါးချိန်တွင် ဈေးကောင်း၍ ငါးဥများများ ထွက်ရှိချိန် ဈေးအသင့်အတင့် ရရှိကြောင်း  ငါးမျိုးစုံရောင်းချသူထံမှ သိရသည်။ ငါးဥများကို ရန်ကုန်တင်ပို့မှု အနည်းငယ်သာရှိ၍ စီးပွားဖြစ်တင်ပို့ခြင်း မရှိကြောင်း၊ ရန်ကုန်သို့ တစ်ပါတ်လျှင် ၃ကြိမ် ၁ခါရေခဲပုံးဖြင့် တင်ပို့ပါက ပိဿာ ၅၀သာ ထမင်းဆိုင်ရောင်းချသူများထံ ပေးပို့ကြောင်း ၊  ရန်ကုန်တင်ပို့ဈေးနှုန်းမှာ ၁ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် တင်ပို့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ကျွန်းလှမြို့တွင် ရောင်းချနေသော ကုလားပဲဆံ နှင့် ပဲတီဆံဈေးနှုန်း

   ကျွန်းလှမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ကုလားပဲဆံနှင့် ပဲတီဆံများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ဩဂုတ်လ ပထမပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော ကုလားပဲဆံ ဈေးနှုန်းများမှာ ကုလားပဲဆံ တစ်ပြည့်လျှင်(၉၆၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင်(၄၈၀၀) ကျပ်၊ နို့ဆီ(၁)ဘူးလျှင်(၁၂၀၀)ကျပ် နှင့် ပဲတီဆံ တစ်ပြည်လျှင် (၉၆၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင်(၄၈၀၀) ကျပ် နှင့် နို့ဆီဘူး(၁)ဘူးလျှင်(၁၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ကုလားပဲဆံနှင့် ပဲတီဆံဈေးနှုန်း တစ်ပြည်လျှင်(၈၀၀)ကျပ် မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း  ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေး၌ ရောင်းချလျက်ရှိသော အာလူးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူ သုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့် ကန့်ဘလူမြို့တို့ရှိ လက်လီ/လက္ကားဆိုင် များမှ ဖြန့်ဖြူးလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော အာလူးသီးအလုံးကြီး()ပိဿာလျှင် (၅၀၀၀)ကျပ်၊ အလုံးသေး()ပိဿာလျှင် (၄၈၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ အာလူးသီးကို အစားအသောက် ချက်ပြုတ်ရာ၌လည်းကောင်း၊  အာလူးကြော် ပြုလုပ်ရာ၌လည်းကောင်း၊ စမူဆာပြုလုပ်ရာ၌လည်းကောင်း  အသုံးပြုကြသည့် အတွက်  ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေး၌ ‌ရောင်းချနေသော သရက်သီးကုလားတည်ချဉ်နှင့် နှမ်းပတ်ချဉ်ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ မိသားစုအပိုဝင်ငွေရရှိရန်အတွက် လက်လုပ်ချဉ်မျိုးစုံကို ကိုယ်တိုင်ပြုလုပ်ပြီး “မြို့မဈေး”တွင်ရောင်းချလျက်ရှိရာ သရက်သီးကုလားတည် ချဉ်နှင့် နှမ်းပတ်ချဉ်များလည်း အပါအဝင်ဖြစ်ကြောင်း၊  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့၊ “မြို့မဈေး”၌ရောင်းချနေသော သရက်သီးကုလားတည်ချဉ် ဈေးနှုန်းမှာ လက္ကားတစ် ပိဿာလျှင် (၁၀၀၀၀)ကျပ်၊  လက်လီတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၁၁၀၀)ကျပ်နှင့်  နှမ်းပတ်ချဉ်တစ်ထုပ်လျှင် (၅၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ငရုတ်သီးခြောက်နှင့် ငရုတ်သီးမှုန့်ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီနှင့် ကြက်သွန်ဖြူစသည့် မီးဖိုချောင်သုံးပစ္စည်းတို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ်အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင် ကန့်ဘလူမြို့မဈေး၌ ရောင်းချနေသော ငရုတ်သီး ခြောက်ဈေးနှုန်းများမှာ ငရုတ်သီးခြောက်(အရှည်) တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ အိန္ဒိယခြောက်(အပု) တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၇၀၀၀)ကျပ်နှင့် ငရုတ်သီးမှုန့်(၁၀)ကျပ်သားလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို၌ ရောင်းချလျက်ရှိသော မျှစ်စိမ်းနှင့် မျှစ်ပြုတ်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဒေသအတွင်းမှထွက်ရှိသည့် သဘာဝမျှစ်များ၊ စိုက်မျှစ်များကို မျှစ်စိမ်းနှင့် မျှစ်ပြုတ်အဖြစ်ရောင်းချသလို မျှစ်ချဉ်သိပ်၍ သိုလှောင်ထားကြပြီး ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော မျှစ်စိမ်းနှင့် မျှစ်ပြုတ်ဈေးနှုန်းမှာ မျှစ်စိမ်း(၁)ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ်နှင့် မျှစ် ပြုတ်(၁)ပိဿာလျှင် (၅၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၈၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင်(၅၅၀)ကျပ် တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုလိုမိုးရာသီတွင် မျှစ်များလှိုင်လှိုင်ပေါ်နေသောကြောင့် နောက်နှစ် အတွက် မျှစ်ခြောက်လှန်းရန်အတွက် ဝယ်ယူကြသလို၊ မျှစ်ချဉ်ပြုလုပ်ရန်အတွက် ဝယ်ယူကြသည့် အတွက် မျှဉ်စိမ်းများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မျှစ်ချဉ်သည် မျှစ်စိမ်းရှားပါးလာသည့် အချိန်၌သာ အရောင်းသွက်လေ့ရှိကြောင်း မျှစ်စိမ်း၊ မျှစ်ခြောက်နှင့် မျှစ်ချဉ်ရောင်းချသည့် လုပ်ငန်းရှင်များထံမှ  သတင်းရရှိပါသည်။   

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသော ရေဦးထန်းလျက်ဖြူနှင့် ရေဦးပေါက်ပေါက်ဆုပ်ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရှိကုန်စုံဆိုင်များနှင့် “မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် သရေသာစားစရာတို့ကို ရောင်းချလျက်ရှိရာ ရေဦးပေါက်ပေါက်ဆုပ်လည်း အပါအဝင်ဖြစ်ပါသည်။ ရေဦး ပေါက်ပေါက်ဆုပ်သည် အလှူပွဲများတွင်ပြုလုပ်လေ့ရှိသည့် ရိုးရာပေါက်ပေါက်ဆုတ်နှင့်မတူပဲ လေလုံ အောင်ထားခြင်းဖြင့် တာရှည်အထားခံကာ အချိုတည်းစရာအဖြစ်ပဲစားစား၊ ဧည့်သည်များကို တည့်ခင်း ဧည့်ခံရာတွင်ပဲသုံးသုံး ဘက်စုံအသုံးဝင်သည့် သရေသာစားစရာတစ်မျိုးဖြစ်ကြောင်း သိရသည်။

     ၂၀၂ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင်လည်းကောင်း၊ “မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင်လည်းကောင်း၊ ရေဦးပေါက်ပေါက်ဆုတ် လက္ကားတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင်(၈၅၀၀)ကျပ်နှင့် အသင့်ထုတ်ပြီး (၁)ထုတ်လျှင် (၁၀၀၀)ကျပ်၊ ရေဦးထန်းလျက်ဖြူ(၁)ပိဿာလျှင် (၈၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်တို့ဖြင့် ရောင်းချ လျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချနေသော သရေစာ နေကြာစေ့လှော်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နေကြာစေ့လှော်များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌ သောနေကြာစေ့လှော် ဈေးနှုန်းအနေဖြင့် နေကြာစေ့လှော် လက်က္ကားတစ်ပြည်လျှင်(၇၂၀၀)ကျပ်၊ လက်လီ တစ်ပြည်လျှင်(၇၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင် (၄၀၀၀)ကျပ်နှင့် နို့ဆီဘူး(၁)ဘူးလျှင် (၁၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ရှိကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း