ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်း သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချ

    မုံရွာခရိုင်အတွင်းရှိ စားသုံးသူပြည်သူများစားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းချိုသာ၍ အရေအတွက်အလေးချိန်နှင့်အရည်အသွေးပြည့်ဝမှန်ကန်စွာရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်း၊  မုံရွာခရိုင်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းက ပူးပေါင်း၍ စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရပါသည်၊၊

     စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးလျက်ရှိသော စားအုန်းဆီတစ်ပိဿာရည်ညွှန်းဈေးအပေါ်အခြေခံ၍ သယ်ယူပို့ဆောင်ခအပါ ကုန်ကျစရိတ်တွင် အမြတ်၂ရာခိုင်နှုန်းတွက်ချက်၍ ရောင်းချပေးခြင်းဖြစ်ပြီး လူတစ်ဦးလျှင် ၁ပိဿာနှုန်းဖြင့် ရောင်းချပေးကြောင်း သိရပါသည်။

   မုံရွာခရိုင်အတွင်း (၁-၅-၂၀၂၃) ရက်နေ့မှ (၁၄-၅-၂၀၂၃) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၁၂၆၅၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၅၁၀၀ကျပ်ဖြင့်လည်းကောင်း၊  (၁၅-၅-၂၀၂၃) ရက်နေ့မှ (၂၀-၅-၂၀၂၃) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၈၂၅၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ (၂၂-၅-၂၀၂၃) ရက်နေ့မှ (၂၆-၅-၂၀၂၃) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၁၁၀၀၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၄၈၀၀ကျပ်ဖြင့်လည်းကောင်း၊  (၂၉-၅-၂၀၂၃) ရက်နေ့မှ (၃၁-၅-၂၀၂၃) ရက်နေ့ထိ စားအုန်းဆီပိဿာချိန် (၆၆၀၀) ပိဿာခန့်ကို တစ်ပိဿာလျှင် ၄၈၀၀ ကျပ်ဖြင့်လည်းကောင်း စုစုပေါင်းပိဿာချိန် (၃၈၅၀၀) ပိဿာခန့်အား လူစည်ကားရာ ရပ်ကွက်၊ ဈေးများအပြင် မြို့စွန်ရပ်ကွက်များသို့ပါ ဈေးကားများဖြင့် လှည့်လည်ရောင်းချလျက်ရှိကြောင်း မုံရွာခရိုင်စားသုံးဆီကုန်သည်များနှင့်စားသုံးဆီလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

     ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်အတွင်း မုံရွာမြို့နယ်၌ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည်လျှင် (၄၃၀၀) ကျပ်နှင့် ဧရာမင်းဆန်တစ်ပြည်လျှင် (၄၁၀၀)  ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် (၆၄၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၂၅၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီလက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၂၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ(ဗမာ)တစ်ပိဿာလျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် (၇၀၀၀) ကျပ်မှ (၇၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ချင်းတက်တစ်ပိဿာလျှင် (၁၉၀၀) ကျပ်မှ (၂၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက်တစ်ပိဿာလျှင် အမျိုးအစားအလိုက်  (၁၄၀၀၀)  ကျပ်မှ (၁၅၀၀၀) ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင် (၂၄၀၀) ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၉၀၀) ကျပ်မှ (၂၀၀၀) ကျပ်ထိတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် (၂၅၀) ကျပ်၊ အသေးတစ်လုံးလျှင် (၂၀၀) ကျပ်၊ ဘဲဥ(ကြီး)တစ်လုံးလျှင် (၃၅၀) ကျပ်နှင့် အသေးတစ်လုံးလျှင် (၃၀၀) ကျပ်တို့ရှိပါသည်။ မုံရွာမြို့၏အသားငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် ( ၁၀၀၀၀) ကျပ်မှ  (၁၁၀၀၀) ကျပ်ထိ၊ ကြက်သား(ဗမာ)တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၁၉၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် (၈၀၀၀) ကျပ်နှင့် ငါးကြင်းတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ဇွန်လ၊ ပထမပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများကိုနှိုင်းယှဉ်လျှင် ဈေးနှုန်းများမှာ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေ ဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာခရိုင်အတွင်း စပါး/ဆန်ဈေးနှုန်းအခြေအနေ

     မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများမြင့်တက်လျက်ရှိပါကြောင်း သိရပါသည်။

     မုံရွာမြို့၏ ဇွန်လ၊ ပထမအပတ်တွင် ဖြစ်ပေါ်နေသောစပါး/ဆန်းဈေးနှုန်းများမှာ ဧရာမင်းစပါးတင်း၁၀၀လျှင် ကျပ်၂၃၀၀၀၀၀မှ ကျပ်၂၄၀၀၀၀၀ထိ၊ ဧရာမင်းဆန်  ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၉၀၀၀၀မှ ကျပ်၉၅၀၀၀ထိ၊ မနောသုခစပါးတင်း၁၀၀လျှင် ကျပ်၁၈၀၀၀၀၀၊ မနောသုခဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၇၅၀၀၀၊ ပေါ်ဆန်းစပါးတင်း၁၀၀လျှင် ကျပ်၂၈၀၀၀၀၀၊ ပေါ်ဆန်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၉၅၀၀၀မှ ကျပ်၁၀၀၀၀၀ထိတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ယခင်လ ပထမအပတ်စပါး/ဆန်ဈေးနှုန်းများနှင့် ယခုလ ပထမအပတ်ဈေးနှုန်းများကိုနှိုင်းယှဉ်လျှင် ဧရာမင်းစပါးတင်း၁၀၀လျှင် ၃၀၀၀၀၀ကျပ်၊ ဧရာမင်းဆန်  ၂၄ပြည်ပါတစ်အိတ်လျှင် ၁၀၀၀၀ကျပ်၊ မနောသုခစပါးတင်း၁၀၀လျှင် ၂၀၀၀၀၀ကျပ်၊ မနောသုခဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ၁၀၀၀၀ကျပ်၊ ပေါ်ဆန်းစပါးတင်း၁၀၀လျှင် ၁၀၀၀၀၀ကျပ်၊ ပေါ်ဆန်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ၁၀၀၀၀ ကျပ်ဈေးနှုန်းတို့မြင့်တက်ကြောင်း‌ မုံရွာမြို့နေ ဆန်စက်ပိုင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူမြို့ ဘိလပ်‌မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးကွက်အခြေအနေ

ပခုက္ကူမြို့၌ ၂၀၂၃ခုနှစ်၊ ဇွန်လ ပထမပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး ဈေးနှုန်းမှာလည်း မေလနောက်ဆုံးပတ်အတိုင်း ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၀၀၀)၊ အယ်လဖာ ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၈၈၀၀)ရှိကြောင်း သိရှိရပါသည်။

ဓာတ်မြေဩဇာဈေးနှုန်းမှာ မေလနောက်ဆုံးပတ်ထက် မြင့်တက်လာသည်ကို တွေ့ရှိရပြီး အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများမှာ အာမိုယူရီးယား(50)Kgပါတစ်အိတ်လျှင် ကျပ်(၉၃၀၀၀)၊ ဩဘာယူရီးယား (50)Kgပါ တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ရွှေနဂါးယူရီးယား (50)Kgပါ တစ်အိတ်လျှင် ကျပ်(၈၈၀၀၀)၊ တရုတ်ပုလဲရွှေတောင် (50)Kgပါ တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ဩဘာရွှေကောမက် (50)Kgပါ တစ်အိတ်လျှင် ကျပ်(၁၃၄၀၀၀)၊ အာမိုကွန်ပေါင်း(50)Kgပါ တစ်အိတ်လျှင် ကျပ်(၁၃၈၀၀၀)၊ ဩဘာကွန်ပေါင်း (50)Kgပါ တစ်အိတ်လျှင် ကျပ်(၁၅၇၀၀၀)၊ ကောမက်ကွန်ပေါင်း(၁၅:၁၅:၁၅)(50)Kgပါ တစ်အိတ်လျှင် ကျပ်(၁၅၇၀၀၀) အသီးသီးဈေးရှိပြီး ပခုက္ကူခရိုင်အတွင်း မိုးစပါး၊ အစေ့ထုတ်ပြောင်း၊ ပဲတီစိမ်း၊ မိုးမြေပဲ၊ မိုးနှမ်း သီးနှံများ စတင်စိုက်ပျိုးချိန်ဖြစ်သောကြောင့် ဓာတ်မြေဩဇာဈေးများ မြင့်တက်လာကြောင်း သိရှိရပါသည်။

ပိုးသတ်ဆေးဈေးနှုန်းများအနေဖြင့် မေလနောက်ဆုံးပတ်ဈေးထက် အနည်းငယ်ကျဆင်းလာသည်ကို တွေ့ရှိရပြီး ယခု ဇွန်လပထမပတ်ဈေးနှုန်းများအနေဖြင့်  အာမိုမက်နီဖော့ (500)cc တစ်ဘူး လျှင် ကျပ်(၂၇၀၀၀)၊ အာမိုအီမာ(250)cc တစ်ဘူးလျှင် ကျပ် (၁၀၅၀၀)၊ အာမိုအီမာ(1)Liter တစ်ဘူး လျှင် ကျပ်(၃၃၀၀၀)၊ မင်းမဟော်စီအက်စ် (500)Kg ပါ တစ်ထုပ်လျှင် ကျပ်(၂၀၀၀၀)၊ မင်းမဟော် ဖော်ယူဘိုး (500)cc တစ်ဘူးလျှင် ကျပ်(၂၈၅၀၀)၊ ဩဘာပို့စ် (250)cc တစ်ဘူးလျှင် ကျပ် (၁၀၀၀၀)၊ ဩဘာအဆီ ဖိတ်(500)gပါ တစ်ထုပ်လျှင် ကျပ်(၂၀၅၀၀)၊ ဩဘာငှက်ကြီးတောင် (100)cc တစ်ဘူးလျှင် ကျပ်(၁၆၅၀၀)၊ ဩဘာငှက်ကြီးတောင် (250)ccတစ်ဘူးလျှင် ကျပ်(၃၉၅၀၀) ဈေးအသီးသီးရှိပြီး ယခုအမျိုးအစားများကိုအသုံးများပြီး မေလနောက်ဆုံးပတ်ထက် အရောင်းအဝယ်ပိုဖြစ်နေကြောင်း သိရှိရပါသည်။

DOCA (မကွေး)

တနင်္သာရီတိုင်းဒေသကြီး ရော်ဘာစျေးကွက်

တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးဧရိယာမှာ (၃၅၁၇၇၇)ဧက၊ အစေးလှီးဧရိယာမှာ (၂၀၂၇၁၉)ဧက၊ အထွက်နှုန်းမှာ (၅၀၂.၂၁) ပေါင်ရှိပြီး တစ်နှစ်စာပျှမ်းမျှ အထွက်တန်မှာ (၄၇၈၃၄) မက်ထရစ်တန်ရှိကြောင်း သိရှိရသည်။

မှိုင်းခံရော်ဘာတွင်  RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက် (၅ )မျိုး ရှိပါသည်။ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5 ( ၂ ) မျိုးသာ အဓိကအရောင်းအဝယ်ဖြစ်လျက်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် (RSS-3 ) တစ်ပေါင်လျှင် ပေါက်စျေးသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ (ပထမအပတ်)တွင် (၁၄၇၀)ကျပ်ဖြစ်ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက စျေးနှုန်းတည်ငြိမ်လျက်ရှိ၍ ရော်ဘာကို ကော့သောင်းနှင့် ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရှိရပြီး ယခုအခါသယ်ယူပို့ဆောင်ခအနေဖြင့် ထားဝယ်မှ ကော့သောင်းသို့ (ကားခ) တစ်​တန်လျှင် (၂၄၀၀၀၀)ကျပ်နှုန်းရှိကြောင်း စုံစမ်းသိရှိရသည်။

DOCA (တနင်္သာရီ)

ကျောက်ပန်းတောင်းမြို့နယ် မြေပဲစိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက်နှင့် တောင်သူအကျိုးအမြတ်ရရှိမှု အခြေအနေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံ ဖြစ်သည့် မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲကို အနည်းငယ်သာစိုက်ပျိုးမှုရှိပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးမြေပဲကို (၆၁၂၆၈)ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်း (၄၂.၂၅) တင်းနှုန်းဖြင့် တင်းပေါင်း(၂၅၈၈၅၇၃)တင်း ထွက်ရှိခဲ့ပါသည်။ ဆောင်းမြေပဲစိုက်ပျိုးမှုအနေဖြင့် (၁၉၆)ဧကသာ စိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၄၆)တင်းဖြင့် တင်းပေါင်း(၉၀၁၆)တင်း ထွက်ရှိခဲ့ပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးမြေပဲကို စိုက်ပျိုးရန်လျာထားမှုအနေဖြင့် (၅၈၂၇၁) ဧက လျာထားမှုရှိပြီး (၁၄၆၂၁)ဧကစိုက်ပျိုးပြီးဖြစ်ပါသည်။ ဆောင်းမြေပဲစိုက်ပျိုးရန်လျာထားမှုမှာ(၃၁၉) ဧကရှိပါသည်။ နှစ်စဉ် ဩဂုတ်လတွင် ကျောက်ပန်းတောင်းမြို့နှင့် ထိစပ်လျက်ရှိသောကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများနှင့် ဆီစက်များသို့ လာရောက်ရောင်းချကြပါသည်။ ယခင်နှစ်မြေပဲဆီဆံ တစ်တင်း လျှင် (၄၅၀၀၀)ကျပ်၊ မြေပဲလုံးဆံတစ်တင်းလျှင်(၄၈၀၀၀)ကျပ်၊ မျိုးမြေပဲတစ်တင်းလျှင်(၆၀၀၀၀) ကျပ်များဖြင့် ဈေးနှုန်းများရှိခဲ့ပြီး ယခုနှစ်တွင် မြေပဲဆီဆံတစ်တင်းလျှင် (၁၀၄၀၀၀)ကျပ်၊ မြေပဲလုံးဆံ တစ်တင်းလျှင်(၁၀၅၆၀၀)ကျပ်၊ မျိုးမြေပဲတစ်တင်းလျှင်(၁၀၈၀၀၀)ကျပ် ဝန်းကျင်များဖြင့် အရောင်း အဝယ်ဖြစ်ပေါ်လျက်ရှိပါသည်။

၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်၏ မြေပဲတစ်ဧကစိုက်ပျိုးမှု ကုန်ကျစရိတ် နေဖြင့်(၄၅၇၀၀၀)ကျပ်ခန့် ကျသင့်ပြီး တစ်ဧကပျမ်းမျှအထွက်တင်း(၄၂.၂၅)တင်းနှုန်း ထွက် ခဲ့ပါသည်။ ပေါ်ချိန်တွင် မြေပဲတောင့်တစ်တင်းလျှင်(၁၈၀၀၀)ကျပ်နှုန်း ရောင်းချခဲ့ရပြီး၊ တစ်ဧကဝင်ငွေ(၇၆၀၅၀၀)ကျပ်ရရှိ၍ တောင်သူအကျိုးအမြတ်မှာ(၃၀၃၅၀၀)ကျပ် ရရှိပါသည်။ ဆောင်းမြေပဲ တစ်ဧက စိုက်ပျိုးမှုကုန်ကျစရိတ်မှာ (၄၅၇၀၀၀)ကျပ်ခန့်ကျသင့်ပြီး၊ တစ်ဧကလျှင် ပျမ်းမျှအထွက် တင်း(၄၆)တင်းခန့် ထွက်ရှိ၍ တစ်ဧကဝင်ငွေမှာ (၈၂၈၀၀၀)ကျပ် ရရှိပါသည်။ တစ်ဧက တောင်သူအကျိုးအမြတ်အနေဖြင့် (၃၇၁၀၀၀)ကျပ်ရရှိပါသည်။ ဒေသတွင်းထွက် မြေပဲများကို ယခင်က အခြားဒေသများသို့ တင်ပို့ရောင်းချမှုများ ရှိခဲ့သော်လည်း ယခုအချိန်တွင်ပြည်ပသို့ ရောင်းချမှုနည်းပါးလာပြီး ဒေသတွင်း၌သာ ဆီကြိတ်ခွဲသုံးစွဲမှုများလာပါသည်။

တောင်သူအကျိုးအမြတ်ရရှိသောဆီထွက်သီးနှံမြေပဲကို ပိုမိုစိုက်ပျိုးပြီး ပြည်ပသို့ရောင်းချ ခြင်းမပြုပဲ ပြည်တွင်း၌သုံးစွဲခြင်း၊ ဆီကြိတ်ခွဲရောင်းချခြင်းများပြုလုပ်ပါက ဒေသတွင်းဆီစားသုံးမှု ဖူလုံလာခြင်း၊ တိရစ္ဆာန်အစာများ ပေါများလာခြင်း၊ ဒေသတွင်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်းအပြင် ဘေးအန္တရာယ်ကင်းသော ဆီများစားသုံးရခြင်းကြောင့် ကျန်းမာရေး ညီညွတ်ကောင်းမွန်လာစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာစေသည့်အတွက် ဆီထွက်သီးနှံမြေပဲကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါသည်။

DOCA (မန္တလေး)

ညောင်ဦးမြို့နယ် မိုးသီးနှံများစိုက်ပျိုးမှုအခြေအနေ

 ညောင်ဦးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မေလတတိယပတ်မှ စတင်၍ မိုးသီးနှံများဖြစ်သော ပဲတီစိမ်း၊ ပဲစင်းငုံ၊ မြေပဲ၊ နှမ်းစသည့်သီးနှံများကို တောင်သူများ စတင်စိုက်ပျိုးလျက်ရှိပါသည်။ ယခုနှစ်တွင်သီးနှံများ စိုက်ပျိုးမှုလျာထားချက်များအနေဖြင့် ပဲတီစိမ်း(၁၇၁၈၀)ဧက၊ ပဲစင်းငုံသီနှံ(၁၂၂၉၀)ဧက၊ မြေပဲ (၉၂၁၀၁)ဧက၊ နှမ်း(၁၅၅၄၀)ဧကတို့ လျာထားပြီး စိုက်ပျိုးပြီးစီးမှုအနေဖြင့် ပဲတီစိမ်း (၁၈၈၂)ဧက၊ ပဲစင်းငုံ(၁၃၀၉)ဧက၊ မြေပဲ(၂၉၂၆)ဧက၊ နှမ်း(၁၄၀၄)ဧကတို့ စိုက်ပျိုးပြီးဖြစ်ကြောင်း၊ ယခင်နှစ်စိုက်ပျိုးမှုတွင် လျာထားချက်ထက် ပဲတီစိမ်း(၂၆၇၆)ဧက၊ ပဲစင်းငုံ(၄၀၀)ဧက၊ မြေပဲ (၈၃၄၉)ဧကနှင့် နှမ်း(၂၄၅၈)ဧကတို့ ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး ပဲစင်းငုံသီးနှံမှာ ဈေးကောင်းရရှိသည့်အတွက် ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးကြမည်ဖြစ်ကြောင်းနှင့် တောင်သူအများစုမှာ ဆီထွက်သီးနှံဖြစ်သောမြေပဲကို ပိုမို က်ပျိုးကြပြီး နှစ်စဉ်ဧက (၁)သိန်းကျော် စိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရ ါသည်။

ယခုနှစ် သီးနှံမျိုးဈေးများအနေဖြင့် ပဲတီစိမ်းတစ်ပြည်လျှင် (၄၀၀၀)ကျပ်၊ ပဲစင်းငုံတစ်ပြည် လျှင်(၆၀၀၀)ကျပ်၊ မြေပဲတစ်ပြည်လျှင် (၄၅၀၀)ကျပ်နှုန်းများဖြင့် ဝယ်ယူစိုက်ပျိုးလျက်ရှိပါသည်။ သီးနှံဈေးနှုန်းများအနေဖြင့် ပဲတီစိမ်းတစ်တင်းလျှင် (၅၉၀၀၀)ကျပ်၊ ပဲစင်းငုံတစ်တင်းလျှင်(၉၃၁၀၀) ကျပ်၊ ပင်ထောင်မြေပဲ တစ်တင်းလျှင်(၆၈၀၀၀)ကျပ်၊ ပင်ပြန့်မြေပဲ တစ်တင်းလျှင်(၆၇၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၁၀၀၀၀)ကျပ်နှင့် နှမ်းညိုတစ်တင်းလျှင် (၉၀၀၀၀)ကျပ်နှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

“ မိတ္ထီလာ ကုန်စည်ဒိုင်၌ဖြစ်ပေါ်နေသော သီးနှံစျေးနှုန်းများ”

၂၀၂၃ ခုနှစ်၊ မေလ (နောက်ဆုံးပတ်) အတွင်း မိတ္ထီလာကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသော သီးနှံစျေးနှုန်းအခြေအနေများမှာ နှမ်းဆီတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၃၅၀၀-၁၄၀၀၀)ကျပ် နေကြာဆီတစ်ပိဿာလျှင် (၁၂၅၀၀-၁၃၀၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာ လျှင်(၆၃၂၅)ကျပ်၊ နှမ်း ဖတ် တစ်ပိဿာလျှင် (၂၆၅၀) ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၃၂၅၀-၃၃၀၀) ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင် (၁၉၀၀-၁၉၅၀) ကျပ်၊ ကုလားပဲ (V2)  တစ်တင်းလျှင် (၈၂၀၀၀)ကျပ်၊ နှမ်းညိုတစ်တင်းလျှင် (၈၈၀၀၀-၉၀၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၀၀၀၀၀-၁၀၅၀၀၀)ကျပ်၊ နေကြာစေ့တစ်ပိသာလျှင် (၃၈၀၀)ကျပ်၊ မန်ကျည်းတောင့်တစ်ပိဿာလျှင် (၈၅၀-၉၀၀) ကျပ်၊  ဝါတစ်ပိသာလျှင် (၂၈၀၀-၃၀၀၀) ကျပ်၊ ငရုတ်တစ်ပိသာလျှင် (၁၃၀၀၀ - ၁၃၅၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၁၉၀၀-၂၀၀၀) ကျပ်နှုန်းများဖြင့် အသီးသီးရောင်းဝယ်ဖောက်ကားလျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ကြည့်လျှင်  ကုလားပဲ (V2)နှင့် နှမ်းညိုဈေးနှုန်းတို့မှာ သိသိသာသာမြင့်တက်လျက်ရှိပါသည်။

ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ သီးနှံလက်ကျန် နည်းပါးပြီး ဈေးကွက်ဝယ်လိုအားမြင့်တက်ရခြင်းကြောင့်ဖြစ်ကြောင်း မိတ္ထီလာကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA (မန္တလေး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း