ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဝက်လက်မြို့နယ်၏ မေလ၊ စတုတ္တပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၏ မေလ၊ စတုတ္တပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် (၂၉၀၀၀၀ဝိ/-) ကျပ်ရှိပြီး၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင်(၉၅၀၀ဝိ/-)ကျပ်၊  ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၂၂၀၀၀၀ဝိ/-)ကျပ် ရှိပြီး ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၉၂၀၀ဝိ/-) ကျပ် ရှိကြောင်း၊ ယခင်အပတ်၌ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် (၂၉၀၀၀၀ဝိ/-) ကျပ်ရှိပြီး၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁) အိတ်လျှင်(၉၅၀၀ဝိ/-)ကျပ်၊  ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀) လျှင် (၂၁၀၀၀၀ဝိ/-)ကျပ် ရှိပြီး ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၈၇၀၀ဝိ/-) ကျပ် ရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ် စပါး/ဆန်ဈေးနှုန်း နှိုင်းယှဉ်လျှင် ယခုအပတ်၌ ရွှေဘိုပေါ်ဆန်းနှင့် ဆန်ဈေးနှုန်းမှာ ဈေးနှုန်းအတက်အကျမရှိဘဲ တည်ငြိမ်လျက်ရှိပြီး ဧရာမင်းစပါး တင်း(၁၀၀)လျှင် (၁၀၀၀၀ဝိ/-)ကျပ်နှင့် ဆန်(၁)အိတ်လျှင် (၅၀၀ဝိ/-) ကျပ်မြင့်တက်လျက်ရှိကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်နှင့် ချိတ်ဆက် မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအခြေအနေ

   ၂၀၂၃ခုနှစ်၊ မေလ၊ စတုတ္ထအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၃၈၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၁၀၀)ကျပ်နှင့် စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၉၀၀) ကျပ်တို့ဖြစ်ပါသည်။ တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၂၆၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၃၈၀၀) ကျပ်နှင့် စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၃၆၀၀) ကျပ်တို့ဖြစ်ပါသည်။

   ကျိုင်းတုံမြို့ရှိ မေလ၊ စတုတ္ထအပတ်၏ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၉၈၀၀၀) ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၂၀၀၀၀) ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၂၀၀၀၀) ကျပ်နှင့် ချာန(သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၄၂၀၀၀) ကျပ်တို့ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ(၄၆%) (50)kg တစ်အိတ်လျှင် (၁၄၀၄၀၀) ကျပ်၊ ကွန်ပေါင်း(၁၅ပတ်လည်) (50)kg တစ်အိတ်လျှင် (၁၃၁၉၀၀) ကျပ်နှင့် ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၃၁၉၀၀)ကျပ်တို့ဖြစ်ပါသည်။

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ယခင်ဧပြီလ၊ စတုတ္ထအပတ်ထက် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပြီး တာချီလိတ်မြို့ရှိ ဘိလပ်မြေ‌ဈေးနှုန်းများမှာ ယခင်ဧပြီလ၊ စတုတ္ထအပတ်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းအနေဖြင့် ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တွင် ယခင်ဧပြီလ၊ စတုတ္ထအပတ်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

 

 

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

    ၂၀၂၃ခုနှစ်၊ မေလ၊ စတုတ္ထအပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းမွှေး(သိင်္ဂီ)တစ်ပြည်လျှင် ၆၀၀၀ကျပ်၊ ဧည့်မထ(ဒေသ)ဆန်တစ်ပြည်လျှင် ၃၁၅၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီတစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် ၇၈၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၇၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၂၇၀၀ကျပ်၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ၃၀၀၀ကျပ်နှင့် ချင်းတစ်ပိဿာလျှင် ၁၈၀၀ကျပ် စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

  ကျိုင်းတုံမြို့တွင် မေလ၊ စတုတ္ထအပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ၇၀၀၀ကျပ်နှင့် ပဲဆီ(ရိုးရိုး)တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၂၅၀ကျပ်နှင့် ဘဲဥတစ်လုံးလျှင် ၃၅၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသားငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၂၂၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၂၄၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

  ကျိုင်းတုံမြို့၏ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်ဧပြီလ၊ စတုတ္ထအပတ်နှင့်နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်းမွှေး(သိင်္ဂီ)၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ(ကြူကုတ်)၊ ရှမ်းစနှင့် အာလူးဈေးနှုန်းတို့မှာ အနည်းငယ်မြင့်တက်လာပြီး ငရုတ်သီးခြောက်(ရှည်)၊ ခရမ်းချဉ်သီး၊ ချင်းနှင့် စားအုန်းဆီတို့မှာ ဈေးနှုန်းအနည်းငယ်ကျဆင်း၍ ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

DOCA(ရှမ်း)

 

လားရှိုးမြို့နယ်မှ လိုင်ချီးသီးဈေးကွက်

  လိုင်ချီးသီးများကို မြန်မာပြည်အနှံ့အပြားတွင် စိုက်ပျိုးကြပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် စီးပွားဖြစ်စိုက်ပျိုးကြကြောင်းနှင့် လားရှိုးမြို့ပေါ်ရှိ အိမ်များ၌လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ လိုင်းချီးသီးပေါ်သောအချိန်ဖြစ်သည့်အတွက် ဈေးကွက်အတွင်း လှိုင်လှိုင်ပေါပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

     လိုင်ချီးသီးဈေးနှုန်းမှာ မေလ၊ စတုတ္ထအပတ်၌ တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ (၈၅၀၀) ကျပ်၊ (၆၅၀၀) ကျပ် စသည်ဖြင့် ဈေးအသီးသီးရှိကြောင်း၊ တင်ပို့မှုအနေဖြင့် မူဆယ်၊ လောက်ကိုင်၊ ရန်ကုန်၊ မန္တလေးသို့ တင်ပို့ရောင်းချကြကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

ကန့်ဘလူခရိုင်၏ ဆန်စီးထွက်နှင့် ဈေးနှုန်း၊ဈေးကွက် အခြေအနေ

      “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် သီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် စီးဝင်/စီးထွက်မှုအခြေအနေများကို စာရင်းကောက်ယူလျက်ရှိရာ ကန့်ဘလူခရိုင်အတွင်း  ဆန်စီးဝင် စီးထွက်အခြေအနေများကို ဖော်ပြလိုက်ရပါသည်။

      ကန့်ဘလူခရိုင်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ (ပထမပတ်)အတွင်း စပါး၊ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် ကျပ် ၂၈၀၀၀၀၀၊ ဧရာမင်းစပါးတင်း (၁၀၀)လျှင် ကျပ် ၁၉၅၀၀၀၀ ၊ ရွှေဘိုပေါ်ဆန်း ဆန်(၂၄)ပြည်တစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ ဧရာမင်းဆန်(၂၄)ပြည် တစ်အိတ်လျှင် ကျပ် ၈၀၀၀၀ ဖြစ်ပေါ်လျက်ရှိပါသည်။ ကန့်ဘလူခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ  ရန်ကုန်တိုင်းသို့ အိတ်ရေ ၂၀၀၀ အိတ် နှင့် မန္တလေးတိုင်းသို့ အိတ်ရေ ၁၀၀၀ အိတ် စုစုပေါင်းအိတ်ရေ ၃၀၀၀ အိတ်၊ တန်အားဖြင့် ၁၅၀ တန် စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက် လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အကျိုးအမြတ်များလာသော ရှမ်းပြည်နယ်ထွက် အာလူးဈေးကွက်

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ အနီးပတ်ဝန်းကျင်ဒေသရှိ ကျေးရွာများ၌ အားလူးစိုက်တောင်သူများမှာ ယခင်က မိရိုးဖလာနည်းအတိုင်းသာစိုက်ပျိူးခဲ့ရာမှ  ယခုအခါ အာလူးများမျိုးပြောင်းစိုက်လာခြင်း၊ စိုက်ပျိုးမှုနည်းစနစ်များမှန်ကန်လာခြင်းတို့ကြောင့် အားလူးအထွက်နှုန်းမှာ တိုးပွားလာပါကြောင်း၊ နွေရာသီတွင် ရေသွင်းစိုက်ပျိုးသည့်ရေသွင်းအာလူးမှာ ယခင်နှစ်များထက် အထွက်နှုန်းပိုမိုများပြားလာပါကြောင်း၊ အထွက်နှုန်းများလာရသည့်အဓိကအကြောင်းရင်းမှာ မျိုးသစ်အာလူးများကိုပြောင်းလဲစိုက်ပျိုးလာခြင်းကြောင့်ဖြစ်ကြောင်း၊ ယခင်စိုက်သည့်ဒေသမျိုးများမှာ အထွက်နှုန်းနည်းသွားကြောင်း၊ အားလူးမှာ စိုက်ပျိုးစရိတ်ကြီးမြင့်သဖြင့် အထွက်နှုန်းနည်းပါက အရှုံးပေါ်ကြောင်း၊  ယခုမျိုးသစ်အာလူးကို တစ်ပိဿာလျှင် (၃၅၀ဝိ/-) ကျပ်အထက်ဝယ်ရသော်လည်း အားသာချက်အနေဖြင့် နောက်တစ်နှစ်အတွက် မျိုးပြန်လည်ရရှိခြင်း၊ အထွက်နှုန်းလည်းတိုးခြင်းတို့ကြောင့် အကျိုးအမြတ်ပိုမိုရရှိပါသည်။ 

       သို့ဖြစ်၍ ယခုအခါ အာလူးစိုက်တောင်သူများသည် အထွက်နှုန်းကောင်းသည့် မျိုးသစ်အာလူးများကို ရွေးချယ်စိုက်ပျိုးလာခြင်း၊ စိုက်ပျိုးသည့်နည်းစနစ် များပြောင်းလဲစိုက်ပျိုးလာခြင်း၊ စိုက်ပျိုးရေးသုံးပိုးသတ်ဆေးများသုံးစွဲမှုမှန်ကန်လာခြင်း၊ သဘာဝဓာတ်မြေဩဇာနှင့်  ဓာတုဓာတ်မြေဩဇာသုံးစွဲမှုများမှန်ကန်လာခြင်း၊  ရေဖြန်းစနစ်များမှန်ကန်လာခြင်းနှင့် ရာသီဥတုကောင်းမွန်ခြင်းတို့ကြောင့် အားလူးအထွက်နှုန်းတိုးပွားလာကြောင်း သိရပါသည်။ စိုက်ပျိုးသည့်မျိုးသစ်အာလူးများမှာ  ဘေဘီလုံ၊ ရမ်းဘား၊ ဒေသမျိုးများဖြစ်သည့် မားကစ်၊ ကာရိုးလက်များကိုစိုက်ပျိုးခြင်းဖြစ်သည်။ အားလူးစိုက်ပျိုးရာတွင် အာလူးမျိုးများကို မှန်ကန်စွာရွေးချယ်စိုက်ပျိုးရန်လိုအပ်ပြီး မျိုးရွေးချယ်မှုမှားယွင်းပါက ဆုံးရှုံးမှုများလွန်းကြောင်းကိုလည်း အာလူးစိုက်တောင်သူများထံမှ သိရပါသည်။ 

     ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှထွက်ရှိသည့်အာလူးများသည် အောင်ပန်းဈေးကွက်သို့ဝင်ရောက်ပါကြောင်း၊ အောင်ပန်းကုန်စည်ဒိုင်တွင်လည်း အားလူးမျိုးများအပေါ်မူတည်၍ ဈေးနှုန်းများမှာ ကွဲပြားမှုပြီး ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် အာလူးတစ်ပိဿာပေါက်ဈေးနှုန်းများမှာ အနိမ့်ဆုံး ကျပ်၁၃၀ဝိ/-မှ အမြင့်ဆုံး ကျပ်၂၂၀ဝိ/-ထိ ဈေးပေါက်နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(ရှမ်း)

 

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၁၉/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ(၆-၆-၂၀၂၃)

   တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ(၆-၆-၂၀၂၃)ကို အောက်ပါ pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း