ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၂.၆.၂၀၂၃ )

    ၁၂.၆.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

သထုံခရိုင်၏ ဆန်စပါး ဈေးနှုန်းနှင့် စီးဝင်/စီးထွက်မှု အခြေအနေ

    သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၃ခုနှစ်၊မေလ၏ စတုတ္ထအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့်  အခြားခရိုင် မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်သို့ (၂၆၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၈၀၀) အိတ်ခန့်၊ စုစုပေါင်း ( ၅၄၀၀ ) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၆၀)တန် စီးထွက်ခဲ့ပါသည်။ ယခု ဇွန်လ၏ ပထမအပတ်တွင် မော်လမြိုင်သို့ (၂၃၀၀)အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၁၀၀) အိတ်ခန့်၊ စုစုပေါင်း ( ၄၄၀၀ ) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၁၂) တန်ခန့် စီးထွက်ခဲ့ပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက လျော့၍ စီးထွက်ခဲ့ပါသည်။

     သထုံခရိုင်အတွင်းသို့ မေလ၏ စတုတ္ထအပတ်တွင် ဆန်စီးဝင်မှုနှုန်းမှာ  ရန်ကုန်တိုင်း ဒေသကြီးမှ ( ၁၂၀၀ ) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ (၁၃၀၀) အိတ်ခန့်၊ စုစုပေါင်း (၂၅၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် ( ၁၂၀ )ခန့်၊ စီးဝင်ခဲ့ပြီး ဇွန်လ၏ ပထမပတ်တွင် ရန်ကုန်တိုင်း ဒေသကြီးမှ  ( ၈၀၀ ) အိတ်ခန့်၊ ပဲခူးတိုင်းဒေသကြီးမှ ( ၉၀၀ )အိတ်ခန့် ၊ စုစုပေါင်း  ( ၁၇၀၀ )                         အိတ်ခန့်၊ တန်ချိန်အားဖြင့် ( ၈၂ ) တန်ခန့် စီးဝင်ခဲ့ပြီး သထုံခရိုင်အတွင်းသို့ ဆန်စီးဝင်မှုနှုန်းမှာ ယခင်ပထမအပတ်နှင့်နှိုင်းယှဉ်ပါက လျော့၍ စီးဝင်လျက်ရှိပါသည် ။

   သထုံခရိုင်အတွင်း၌   ဇွန်လ၏ ပထမအပတ်တွင် ဆန်ဈေးနှုန်းများမှာ စပါးတင်း (၁၀၀)လျှင် ဒေသပေါက်ဈေး ကျားပျံဟိုတယ် (၂၇၀၀၀၀ဝိ/-) ကျပ်ခန့်၊  ပေါ်ဆန်းဝါ ( ၂၅၀၀၀၀ဝိ/-) ကျပ်ခန့်၊  ကမာကြည် (၂၃၀၀၀၀ဝိ/-) ကျပ်ခန့်နှင့် ( ၂၄ ) ပြည်ဝင်ဆန် တစ်အိတ်လျှင်ကျားပျံဟိုတယ် ( ၉၀၀၀ဝိ/-) ကျပ်ခန့်၊ ပေါ်ဆန်းဝါ  ( ၈၇၀၀ဝိ/- )ကျပ်ခန့်၊ ကမာကြည် (၇၂၀၀ဝိ/-) ကျပ်ခန့်၊ ဧည့်မထ(၅၉၀၀ဝိ/-) ကျပ်ခန့်ရှိပြီး ယခုအပတ်တွင် စပါး၊ဆန်အရောင်းအဝယ်အေးလျက်ရှိပြီး၊ စပါး၊ဆန်ဈေးနှုန်းမှာ  တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ဇွန်လ ပထမပတ်အတွင်း မော်လမြိုင်မြို့၌ ဖြစ်ပေါ်လျက်ရှိသော ဆန်စပါးနှင့် စားဖိုဆောင်သီးနှံများ၏ ကုန်ဈေးနှုန်းများ

   ၂၀၂၃ခုနှစ်၊ ဇွန်လပထမပတ်တွင် မော်လမြိုင်မြို့၌ ဧည့်မထစပါး တင်း (၁၀၀) လျှင် ကျပ် ၁၆၅၀၀၀၀၊ ပေါ်ဆန်းစပါး တင်း (၁၀၀) လျှင် ကျပ် ၂၀၃၀၀၀၀၊ ဧည့်မထဆန် (၂၄) ပြည်တစ်အိတ်လျှင် ကျပ် ၆၄၀၀၀၊ ပေါ်ဆန်း ဆန် (၂၄) ပြည်တစ်အိတ်လျှင် ကျပ် (၈၁၅၀၀) ရှိကြောင်းသိရပါသည်။ စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆီတစ်ပိဿာလျှင် ကျပ် ၁၃၅၀၀၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၇၀၀၀ ရှိကြောင်း သိရပါသည်။ စားဖိုဆောင်သီးနှံများအနေဖြင့် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၂၈၀၀၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် ၉၀၀၀၊ ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် ကျပ် ၈၀၀၀၊ ငရုတ်ခြောက် တစ်ပိဿာလျှင် ကျပ် ၁၆၀၀၀၊ ဂျင်း တစ်ပိဿာလျှင် ကျပ် ၁၂၀၀၀၊ အာလူး တစ်ပိဿာလျှင် ကျပ် ၂၅၀၀၊ နနွင်းတက် တစ်ပိဿာလျှင် ကျပ် ၃၅၀၀၊ ကုလားပဲ တစ်ပိဿာလျှင် ကျပ် ၆၀၀၀၊ မြေပဲ တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀၊ ပဲနီလေး တစ်ပိဿာလျှင် ကျပ် ၇၀၀၀ ဈေးနှုန်းပေါက်နေကြောင်း သိရပါသည်။ ယခင် မေလ ပထမပတ်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက စားဖိုဆောင်သီးနှံအချို့မှာ ဈေးနှုန်းကွာဟမှု မမြင့်မားသော်လည်း ဂျင်းဈေးနှုန်းမှာမှု အလွန်မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ ယခင်မေလ ပထမပတ်တွင် ဂျင်းဈေးနှုန်းမှာ ကျပ် ၆၀၀၀ ခန့်မျှသာ ရှိသော်လည်း ယခုအပတ်တွင်မှု ကျပ် ၁၂၀၀၀ အထိမြင့်တက်လာကြောင်း သိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့ အေးသာယာဈေး၏ ကုန်ဈေးနှုန်းအခြေအနေ

     မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အေးသာယာဈေး၌ မွန်ပြည်နယ်အတွင်း နေရာဒေသစုံ အသီးသီးမှထွက်ရှိသည့် ရာသီကုန်စည်များ၊ အဓိကကုန်စိမ်းများကို ရောင်းချလျက်ရှိရာ  လက်လီ ဈေး၊ လက်ကားဈေးနှုန်းများဖြင့်  အရောင်းအဝယ်ဖြစ်ပေါ်မှုအား တွေ့ရှိရပါသည်။

      ယင်းအမယ်မျိုးစုံများ၏ ၂၀၂၃ခုနှစ်၊ဇွန်လ(ပထမပတ်)တွင် ဈေးနှုန်းအခြေအနေမှာ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် ၂၀၀၀၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် ၂၀၀၀၊ အာလူးတစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ မုန်လာဥနီ တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် ၁၀၀၀၊ ဘူးသီးတစ်လုံးလျှင် ကျပ် ၈၀၀၊ မုန်ညင်းတစ်ထုပ်လျှင် ကျပ် ၁၂၀၀၊ ရုံးပတီသီး တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ ကန်စွန်းရွက် တစ်စည်းလျှင် ကျပ် ၁၀၀မှ ၁၅၀အတွင်း၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ကျပ် ၁၀၀၊ ခရမ်းသီး တစ်ပိဿာလျှင် ကျပ် ၂၅၀၀၀၊ သံပရာသီး တစ်လုံးလျှင် ကျပ် ၁၀၀မှ ၂၀၀အတွင်း၊ လိမ္မော်သီး တစ်ကီလိုလျှင် ကျပ် ၂၅၀၀ မှ ၄၀၀၀ အတွင်းဖြစ်ကြောင်း သိရသည်။

DOCA(မွန်)

မုံရွာမြို့ ပြည်ထောင်စု‌‌ဈေးရှိသစ်သီးဝလံဈေးနှုန်းများ

      မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ ပြည်ထောင်စုဈေးတွင်  ၂၀၂၃ခုနှစ်၊ မေလအတွင်းရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ရွှေလိမ္မော် တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ပျားလိမ္မော် တစ်ပိဿာ ၈၀၀၀ကျပ်၊ စပျစ်သီး တစ်ပိဿာ ၁၀၀၀၀ကျပ်၊ စတော်ဘယ်ရီ တစ်ပိဿာ ၈၀၀၀ကျပ်၊ ပန်းသီး တစ်လုံး ၁၀၀၀ကျပ်မှ ၂၀၀၀ကျပ်၊ ပန်းသစ်တော် တစ်လုံး ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်၊ ထောပတ်သီး တစ်လုံး ၅၀၀ကျပ်မှ ၁၀၀၀ကျပ်၊ မာလကာသီး တစ်လုံး ၃၀၀ကျပ်မှ ၅၀၀ကျပ်၊ ဖရဲသီး တစ်လုံး ၁၀၀၀ကျပ်မှ ၃၀၀၀ကျပ်၊ သခွားမွှေး တစ်လုံး ၁၀၀၀ကျပ်မှ ၂၀၀၀ကျပ်၊ နာနတ်သီး တစ်လုံး ၈၀၀ကျပ်မှ ၁၀၀၀ကျပ်၊ ဖီးကြမ်းငှက်ပျောသီး တစ်ဖီး ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်၊ သီးမွှေးငှက်ပျောသီး တစ်ဖီး ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်၊ ရခိုင်ငှက်ပျောသီး တစ်ဖီး ၁၀၀၀ကျပ်မှ ၁၅၀၀ကျပ်၊ နဂါးမောက်သီးတစ်လုံး ၃၀၀ကျပ်မှ ၅၀၀ကျပ်၊ ကြက်မောက်သီး တစ်ပိဿာ ၈၀၀၀ကျပ်၊ လိုင်ချီးသီး တစ်ပိဿာ ၇၀၀၀ကျပ်၊ နှင်းသီး တစ်ပိဿာ ၅၀၀၀ကျပ်မှ ၇၀၀၀ကျပ်၊ သင်္ဘောသီး တစ်လုံး ၇၀၀ကျပ်မှ ၁၀၀၀ကျပ်၊ ပိန္နဲသီး တစ်လုံး ၂၀၀၀ကျပ်မှ ၅၀၀၀ကျပ်၊ ဒူးရင်းသီး တစ်လုံး ၁၀၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်၊ သံပုရာသီး (၂၅) လုံးလျှင် ၁၀၀၀ကျပ်၊ ရှောက်သီး တစ်လုံး ၂၀၀ကျပ်မှ ၃၀၀ကျပ်၊ အုန်းသီး(အစိမ်း) တစ်လုံး ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်၊ ဒညှင်းသီး တစ်လုံး ၅၀ကျပ်မှ ၁၀၀ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်/ကျွန်းလှမြို့နယ် ဒေသတို့တွင် ပေါ်ဦးပေါ်ဖျား ရာသီစာမျှစ်များ စတင်ရောင်းချ

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တို့တွင် ဒေသထွက် ရာသီစာမျှစ်များကို စတင်ရောင်းချနေပြီဖြစ်၍ လက်လုပ်လက်စား အလုပ်သမားများ မျှစ်ချိုးခြင်းဖြင့် ဝင်ငွေရရှိနေပါသည်။

     မျှစ်သည် ဆေးဖက်ဝင်သော အစားအစာတစ်ခုဖြစ်ပြီး ပရိုတင်းဓါတ်ကြွယ်ဝသည့်အပြင် ကယ်လိုရီပါဝင်မှု ၊ သကြားဓါတ်ပါဝင်မှု ၊ အဆီဓါတ်ပါဝင်မှု နည်းပါကာ အမျှင်ဓါတ်ပါဝင်သလို ဗီတာမင် A ၊ ဗီတာမင် B ၊ ဗီတာမင် E  အပြင် ပိုတက်ဆီယမ်၊ ဆိုဒီယမ် ၊ ဇင့်၊ သံဓါတ်တို့ပါဝင်နေကြောင်းနှင့် ကျန်းမာရေးအတွက် ရရှိသည့်အကျိုးကျေးဇူးများမှာ ကိုယ်အလေးချိန်ကျစေခြင်း၊ နှလုံး ကျန်းမာစေခြင်း၊သွေတွင်းကိုလက်စထရောတွေကို ထိန်းညှိပေးခြင်း၊ ကင်ဆာရောဂါ ကာကွယ်ပေးခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ ဝမ်းမှန်ခြင်းနှင့်အသက်ရှူလမ်းကြောင်းကို ကျန်းမာစေခြင်းစသည့် အကျိုးကျေးဇူးများရရှိ၍ အာရှနိုင်ငံအများစုမှာလည်း နှစ်နှစ်ခြိုက်ခြိုက် စားသုံးကြသလို မြန်မာ လူမျိုးများအတွက်လည်း မျှစ်ပေါ်သောရာသီတွင် မပါမဖြစ် ဟင်းအရန်တစ်မျိုးအဖြစ် မျှစ်ကိုချက်၍ သော်လည်းကောင်း၊ သုပ်၍သော်လည်းကောင်း၊ အရည်သောက်ချက်၍သော်လည်းကောင်း နေ့စဉ်စားသုံး ကြသည်ကိုတွေ့ရပါသည်။

    ယခုအချိန်တွင် မျှစ်သည် မိုးရွာသွန်းပြီးနောက်ပိုင်းမှာ စပေါ်လာပြီး တစ်ပိသာလျှင် (၈၀၀၀)ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိပြီး လှိုင်လှိုင်ပေါချိန်တွေမှာဆိုရင်တော့ ဈေးအနည်းငယ် ကျဆင်းလာနိုင်သလို မျှစ် လှိုင်လှိုင်ပေါချိန်ဆိုလျှင် မျှစ်ခြောက်လှမ်း၍သော်လည်းကောင်း စုဆောင်းတတ်ကြပြီး မျှစ်ခြောက်တစ်ပိသာလျှင် အနိမ့်ဆုံးဈေး (၆၀၀၀/၆၅၀၀)ကျပ်နဲ့ရောင်းချရကာ မျှစ်ပေါ်ချိန်မှာဆိုလျှင် မိသားစု စားဝတ်နေရေးအတွက် အလုပ်အကိုင်ရှိပြီး ဝင်ငွေရကာ အထောက်အကူဖြစ်စေပါသည်ဟု ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ပခုက္ကူကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသော ပဲမျိုးစုံဈေးနှုန်းနှိုင်းယှဉ်ချက်

    ပခုက္ကူကုန်စည်ဒိုင်တွင် အရောင်းအဝယ်အများဆုံးဖြစ်သည့် ပဲစင်းငုံသီးနှံဈေးနှုန်းမှာ မြင့်တက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ မေလ၊နောက်ဆုံးအပတ်တွင် တစ်တင်းလျှင် ကျပ် (၉၀၈၀၀) ရှိခဲ့ရာမှ ယခုဇွန်လ၊ ပထမအပတ်တွင် ကျပ် (၉၅၇၀၀) မှ ကျပ် (၁၀၀၅၀၀) ထိဈေးမြင့်လာခဲ့၍ ကျပ် (၉၇၀၀) ဈေးတက်ခဲ့ပြီး တစ်ပတ်အတွင်း အိတ် (၈၀၀) ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

   ပဲတီစိမ်းကြီးမှာ ဈေးငြိမ်လျက်ရှိပြီး မေလ၊ နောက်ဆုံးအပတ်တွင်ဖြစ်ခဲ့သော ကျပ် (၅၀၀၀၀-၅၉၀၀၀) ဈေးနှုန်းသည် ဇွန်လ၊ ပထမအပတ်ထိ ကျပ် (၅၀၀၀၀-၅၉၀၀၀) ဖြင့်ပင် အရောင်းအဝယ်ဖြစ်ပြီး တစ်ပတ်အတွင်း အိတ် (၅၀၀) ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

      ပဲဇီးကွက်မှာ မေလ၊ နောက်ဆုံးအပတ်တွင် တစ်တင်းလျှင် ကျပ် (၄၈၀၀၀) မှ ဇွန်လ၊ ပထမအပတ်တွင် ကျပ် (၅၀၀၀၀) ဈေးရှိခဲ့ပြီး ကျပ် (၂၀၀၀) ခန့်သာဈေးတက်ခဲ့သည်။ ပဲဇီးကွက်သည် ဒေသတွင်းပိုမိုစားသုံးမှုများပြီး အရောင်းအဝယ်အနေနှင့် တစ်ပတ်အတွင်း အိတ် (၂၀၀) ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

    မေလ၊ နောက်ဆုံးအပတ်တွင် ကုလားပဲဟော်လန်တစ်တင်းလျှင် ကျပ် (၈၀၀၀၀)၊ ကုလားပဲ V2 တစ်တင်းလျှင် ကျပ် (၈၄၀၀၀) ရှိခဲ့ပြီး ဇွန်လ၊ ပထမအပတ်တွင်လည်း မေလ၊ နောက်ဆုံးအပတ်၏ဈေးနှုန်းအတိုင်း အတက်အကျမရှိဘဲ အရောင်းအဝယ်ဖြစ်နေပြီး အရောင်းအဝယ်အနည်းငယ်ပါးကြောင်း သိရှိရပါသည်။

    ကုလားပဲ (929) မှာလည်း မေလ၊ နောက်ဆုံးအပတ်တွင် တစ်တင်းလျှင် ကျပ် (၇၉၆၀၀) ရှိခဲ့ပြီး ဇွန်လ၊ ပထမအပတ်တွင် ကျပ် (၈၂၅၀၀) ဖြစ်၍ ကျပ် (၂၉၀၀) ဈေးတက်လာခဲ့ပြီး တစ်ပတ်အတွင်း အိတ်ရေ (၃၀၀) ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

    ပဲယင်းမှာ မေလ၊ နောက်ဆုံးအပတ်မှ ယခု ဇွန်လ၊ ပထမအပတ်ထိ တစ်တင်းလျှင် ကျပ် (၅၀၇၀၀) နှင့် တစ်ပတ်အတွင်း အိတ်ရေ (၁၅၀) အိတ်ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

      စွန်တာနီပဲမှာ မေလ၊ နောက်ဆုံးအပတ်တွင် ဖြစ်ပေါ်ခဲ့သောတစ်တင်းဈေးနှုန်း ကျပ် (၄၂၀၀၀ - ၄၆၀၀၀)မှာ  ဇွန်လ၊ ပထမအပတ်ထိ ယင်းဈေးအတိုင်း ငြိမ်နေပြီး တစ်ပတ်အတွင်း အိတ် (၂၀၀) ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

     ပဲမျိုးစုံအရောင်းအဝယ်ဖြစ်နေသကဲ့သို့ မန်ကျည်းသီးတောင့်များလည်း အရောင်းအဝယ်ဖြစ်လျက်ရှိရာ မေလ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ကျပ် (၉၁၀) မှ ဇွန်လ၊ ပထမအပတ်တွင် တစ်ပိဿာလျှင် ကျပ် (၉၅၀) ဈေးဖြင့် တစ်နေ့လျှင် ပိဿာ (၅၀၀၀) ကျော်ခန့်အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

မုံရွာမြို့၌ ငရုတ်သီးဈေးနှုန်း မြင့်တက်လျက်ရှိ

    မုံရွာမြို့တွင် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်သီးကို ဒေသတွင်း လက်လီ/လက်ကားသမားများဖြင့်သာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပြီး မုံရွာမြို့ရှိ ပွဲရုံများမှတစ်ဆင့် ဈေးများ၊ ကုန်စုံဆိုင်များ၊ ကျေးရွာများသို့ လက်လီ/လက်ကားရောင်းချကြောင်း သိရသည်။ မုံရွာမြို့တွင် စိုက်ပျိုးသော ကျောက်စိမ်းငရုတ်သီးဈေးမှာ ယခုလက်ရှိအချိန်တွင် ပွဲရုံလက်ကားဈေး တစ်ပိဿာ လျှင် ငွေကျပ် ၇၀၀၀-၇၅၀၀၊ လက်လီဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀-၈၅၀၀ တို့ဖြင့် အကြောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ငရုတ်သီးစိမ်းကို မုံရွာမြို့နယ်အတွင်းရှိ ညောင်ပင်တဲ၊ ကျောက်ခွက်၊ ဘုမ္မနိုး၊ ထနောင်းတော၊ မြေနဲ၊ ဆည်ကြီးတော၊ သစ်ညိုပင်ကျေးရွာ များတွင် အများဆုံးစိုက်ပျိုးကြောင်း သိရသည်။ ယခင်နှစ်က ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀-၃၀၀၀ ဖြင့်သာ ရောင်းချကြရပြီး ယခုလက်ရှိငရုတ်သီး ဈေးကောင်းရရှိနေခြင်းကြောင့် စိုက်ပျိုးသူတောင်သူများလည်း အကျိုးအမြတ် ဖြစ်ထွန်းကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ကျေးရွာ၌ နှမ်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပွင့်ဖြူမြို့နယ်တာဝန်ခံနှင့်ပူးပေါင်း၍ (၄-၆၀- ၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ကျေးရွာ၌ နှမ်းစိုက်ပျိုးသည့်တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးထုတ်လုပ်မှု၊ အရောင်းအဝယ်ဖြစ်မှုအခြေအနေများအား ကွင်းဆင်းလေ့လာဆွေးနွေးခဲ့ပါသည်။

      ရွာခိုင်ကျေးရွာသည် အိမ်ခြေ (၉၁၅) အိမ်ခန့်ရှိ၍ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြကြောင်း၊ နှစ်စဉ် ကုလားပဲ၊ နှမ်း၊ ပဲတီစိမ်းသီနှံများကို စိုက်ပျိုးကြကြောင်း၊ နှမ်းစိုက်တောင်သူများအနေဖြင့်  (၁) ဧကလျှင် စိုက်ပျိုးရန်အတွက် မျိုး (၄) ပြည်ကြဲပက်ရကြောင်း၊ စမုံနက်နှမ်းမျိုးတစ်တင်းလျှင် (၁၅၀၀၀၀) ကျပ်နှုန်းဖြင့်ဝယ်ယူစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး (၁၅) ရက်သားခန့်အရွယ်တွင် မြေကြီးအတွင်းရှိ အစိုဓာတ်ထိန်းနိုင်စေရန်နှင့် အပင်ကြီးထွားစေရန် အတွက် အပင်အားဆေးများဝယ်ယူဖျန်းပက်ရကြောင်း၊ ဆေး (၁) ထုပ်လျှင် (၁၅၀၀၀) ကျပ်နှုန်းရှိကြောင်း၊ (၁) လခွဲအရွယ်တွင် အပွင့်၊ အသီးလိုက်စေရန်အတွက် ပိုးသတ်ဆေးနှင့် အားဆေးဝယ်ယူဖျန်းပက်ရကြောင်း၊ အသီးအပွင့်အားဆေး (၁) ထုပ်လျှင် (၂၀၀၀၀) ကျပ်နှုန်းရှိကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အတွင်း (၅) ကြိမ်ခန့်ရေဖျန်းရပြီး တစ်ကြိမ်ရေဖျန်းလျှင် (၇၀၀၀၀) ကျပ်ခန့်ကုန်ကျကာ (၁) ဧကကုန်ကျစရိတ်မှာ မြေပြုပြင်ချိန်မှစ၍ အပင်အားဆေး၊ ပိုးသတ်ဆေးနှင့် ရေဖျန်းခြင်းတို့အတွက် လုပ်အားခနှင့် သွင်းအားစုအပါအဝင် (၆၀၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး (၃) လအကြာတွင် ရိတ်သိမ်းရပြီး (၁) ဧကလျှင် (၁၀) တင်းနှုန်းထွက်ရှိကာ ထွက်ရှိလာသောနှမ်းများအား မကွေး၊ မင်းဘူးရှိပွဲရုံများသို့ သွားရောက်ရောင်းချရပါကြောင်း၊ သီးနှံပေါ်ချိန်၌ နှမ်းတစ်တင်းလျှင် (၈၀၀၀၀) ကျပ်မှ (၈၅၀၀၀) ကျပ်နှုန်းထိရရှိပါကြောင်း၊ နှမ်းသီးနှံသည် မိုးများစွာရွာသွန်းလျှင် အပင်များပျက်စီးတတ်ပါကြောင်း၊ ယခုနှစ်တွင် (မိုခါ) မုန်တိုင်းကြောင့် မိုးများစွာရွာသွန်းခဲ့သဖြင့် ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ပါကြောင်း၊ နှမ်းစိုက်ပျိုးသော တောင်သူများထံမှ သိရှိရပါသည်။

DOCA(မကွေး)

         

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း