ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့၏ ဇွန်လ၊ ပထမအပတ်တွင် ဖြစ်ပေါ်လျက်ရှိသောငါးဈေးနှုန်းများ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်အတွင်း ဖြစ်ပေါ်နေသောငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက်တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ တီလားဗီးယားအကောင်သေးတစ်ပိဿာလျှင် (၆၀၀၀) ကျပ်၊ တီလားဗီးယားအကောင်ကြီးတစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ ငါးမြင်းခုတ်သားတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ငါးကြင်းခုတ်သားတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ပုစွန်ဆိတ်တစ်ပိဿာလျှင် (၇၀၀၀) ကျပ်နှင့် ပုစွန်ထုပ်တစ်ပိဿာလျှင် (၄၀၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          ငါးဈေးနှုန်းများအား ယခင် မေလနောက်ဆုံးပတ်နှင့်နှိုင်းယှဉ်ပါက တီလာဗီးယားအကောင်သေးတစ်ပိဿာလျှင် (၁၂၀၀) ကျပ်၊ တီလားဗီးယားအကောင်ကြီးတစ်ပိဿာလျှင် (၁၀၀၀) ကျပ်ဈေးနှုန်းမြင့်တက်နေပြီး အခြားငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိနေကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိ ငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

မြို့မစည်ပင်သာယာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသောသစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် ဖြစ်ပေါ်လျက်ရှိသောသစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(အကြွပ်)ပိုက်စွပ်တစ်လုံးလျှင် (၂၀၀၀ မှ ၂၅၀၀) ကျပ်၊ စပျစ်သီး(အလုံးကြီး)(၁)ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ စပျစ်သီး(အလုံးသေး)(၁)ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ပန်းသစ်တော်သီး(၁)လုံးလျှင် (၃၀၀၀) ကျပ်၊  ဖီးကြမ်းငှက်ပျောသီး(၁)ဖီးလျှင် (၈၀၀ မှ ၁၀၀၀) ကျပ်၊ မြစ်ကြီးနားမှထွက်ရှိသော ခွန်စိမ်းငှက်ပျောသီး(၁)ဖီးလျှင် (၁၀၀၀ မှ ၁၂၀၀) ကျပ်၊ သခွားမွှေး(၁)လုံးလျှင် (၂၀၀၀) ကျပ်၊ ဖရဲသီး(၁)လုံးလျှင် (၂၅၀၀ မှ ၃၀၀၀) ကျပ်၊ စိန်တစ်လုံးသရက်သီး(၁)လုံးလျှင် (၃၀၀ မှ ၅၀၀) ကျပ်၊ နာနတ်သီး(၁)လုံးလျှင် (၈၀၀ မှ ၁၀၀၀) ကျပ်၊ မာလကာသီး(၁)လုံးလျှင် (၃၀၀ မှ ၅၀၀) ကျပ်ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချသောသစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ငရုတ်စိုက်ပျိုးသောတောင်သူများ ဈေးကောင်းရနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် ငရုတ်ကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည်ကိုတွေ့ရှိရပါသည်။ မြေတစ်ဧကလျှင် ငရုတ်မျိုးစေ့ ၉ထုပ်စိုက်ပျိုးရပြီး ငရုတ်အမျိုးအစားများစွာရှိသော်လည်း တောင်သူအများစုစိုက်ပျိုးသောမျိုးစေ့များမှာ ၀၀၄၊  ၄၄၊ ၉၉ စသောသာမိုနှင့်ဒီမွန်မျိုးများကိုသာ အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း၊ မျိုးစေ့တစ်ထုပ်လျှင် သာမိုမျိုးစေ့မှာ ၁၇၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ ၄၄နှင့် ၉၉မျိုးတို့ကို ၅၀၀၀ကျပ်နှုန်းစီပေးဝယ်ရကြောင်း၊ ကျန်မျိုးစေ့များသည် မျိုးသာကွာပြီး ဈေးနှုန်းမှာ အတူတူပင်ဖြစ်ကြောင်း၊ မြေတစ်ဧကစိုက်ပျိုးလျှင် ထွန်စက်ကြီးဖြင့် ထွန်ယက်ခမှာ ၄၅၀၀၀ကျပ်ပေးရပြီး စိုက်ပျိုးချိန်ထိ ထွန်ယက်ခမှာ (၁၅၀ဝ၀ဝ) ကျပ်ကုန်ကျခဲ့ကြောင်း၊ စတင်စိုက်ပျိုးချိန်၌ ဘောင်ဆွဲခမှာ တစ်မနက်လျှင် ယောကျာ်းလေးတစ်ဦးကို ၂၅၀ဝကျပ်နှုန်းဖြင့် (၂၀) ဦးငှားရမ်းရပြီး ကုန်ကျစရိတ်မှာ တစ်ရက်လျှင် ငှားရမ်းခမှာ (၅၀၀၀၀) ကျပ်ကုန်ကျခဲ့ပါကြောင်း၊ အပင်စိုက်မိန်းကလေး (၃၅) ဦးအား ၁၅၀ဝကျပ်နှုန်းဖြင့် ငှားရမ်းခမှာ (၅၂၅၀၀) ကျပ်ကုန်ကျခဲ့ပါကြောင်း၊ ငရုတ်အပင်မစိုက်မီ စိုက်ပျိုးမည့်ကျင်းထဲသို့ မြေဆီထည့်ပေးရပြီး မြေဆီတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်ပေးဝယ်ရပါကြောင်း၊ ငရုတ်မျိုးစေ့ကို ပျိုးထုပ်ထဲသို့ထည့်ပြီး ၁လသားရလျှင် မြေကြီးထဲချ၍စိုက်ပျိုးရပြီး တစ်ဧကစိုက်ပျိုးရေးကုန်ကျစရိတ်မှာ အပြီးအစီး ၅သိန်းခန့်ကုန်ကျခဲ့ကြောင်း၊ ငရုတ်ကို များသောအားဖြင့် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စတင်စိုက်ပျိုးပြီး အပင်ကြီးထွားချိန်တွင် ပိုးသတ်ဆေး၊ စုတ်စား(ပိုးနိုင်တဲ့ဆေး)၊ မှိုဆေး၊ သြဘာ၊ ဒီမွန်စသောပိုးသတ်ဆေးများကို စတင်စိုက်ပျိုးပြီးချိန်မှစ၍ တစ်ပတ်လျှင် တစ်ခါဖြန်းပေးရပါကြောင်း၊ ဆေးဖြန်းပြီး ၂ပတ်ကြာလျှင် အသီးဆွတ်ခူးရကြောင်း၊ ငရုတ်ကို ရေမဝင်သောနေရာများတွင် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဆောင်းရာသီ၌ စိုက်ပျိုးလျှင် ပိုမိုဖြစ်ထွန်းကြောင်း၊ စိုက်ပျိုးလျှင် အကောင်းဆုံးမျိုးမှာ သာမိုမျိုးပင်ဖြစ်ကြောင်း၊ ငရုတ်တစ်ဧကလျှင် အစိုမှာ ပိဿာ၈၀ဝ၀မှ ပိဿာ၁၀၀၀၀ကျော်ထွက်ရှိကြောင်း၊ အစို၁ပိသာလျှင် ၄၀၀၀ကျပ်မှ ၅၀၀ဝကျပ်ထိရောင်းချရပြီး အခြောက်တစ်ပိဿာလျှင် ၂၀၀ဝ၀ကျပ်နှုန်းဖြင့်ရောင်းချရကြောင်း၊ အစို၄ပိဿာလှန်းလျှင် အခြောက်၁ပိဿာတင်ကြောင်း၊ ငရုတ်စိုက်ခင်းတစ်ဧကလျှင် လူငှားမိန်းကလေး၁၀ဦးကို တစ်မနက်လျှင် ၁၅၀ဝကျပ်နှုန်းဖြင့်ငှား၍ ဆွတ်ခူးရကြောင်း၊ ပိုးဖျက်လျှင်မူ အရှုံးပေါပြီး အောင်မြင်ဖြစ်ထွန်းပါက တစ်ဧကကို သိန်း၂၅/၃၀ကျော်အမြတ်ရရှိခဲ့ကြောင်း ကျောင်းစုကျေးရွာရှိ ငရုတ်စိုက်ပျိုးသောတောင်သူတစ်ဦးထံမှ သိရှိခဲ့ရပါသည်။

DOCA(စစ်ကိုင်း)

ပြောင်းဖူးစိုက်ပျိုး တောင်သူများဝင်ငွေတိုး

      ပြောင်းဖူးကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည်ကိုတွေ့ရှိရပါသည်။ မြေတစ်ဧကလျှင် ပြောင်းဖူးမျိုးစေ့ ၁ထုပ်စိုက်ပျိုးရပြီး လက်ဖြင့်စိုက်ပျိုးလျှင် မျိုးစေ့တစ်ထုပ်၊ စက်ဖြင့်စိုက်ပျိုးလျှင် (၁)ထုပ်နှင့် နို့ဆီဘူး (၃) ဘူးစိုက်ပျိုးရပါကြောင်း၊ ပြောင်းမျိုးစေ့အများအပြားရှိသော်လည်း ၆၂၁၊ ၈၀၈၊ ၃၃၉  မျိုးများကိုသာ အများဆုံးစိုက်ပျိုးလျက်ရှိပါကြောင်း၊ မျိုးစေ့ ၁ထုပ်လျှင် ၈၀၀၀၀ကျပ် ပေးဝယ်ရကြောင်း၊ မြေတစ်ဧကလျှင် စက်ကြီးထွန်ယက်ခမှာ တစ်မနက်လျှင် ၄၅၀ဝ၀ကျပ်နှုန်းဖြင့် ( ၃ )ကြိမ်ထွန်ယက်ရပြီး  ကုန်ကျငွေမှာ ၁၃၅၀၀၀ကျပ်ဖြစ်ကြောင်း၊ စတင်စိုက်ပျိုးချိန်၌ ဘောင်ဆွဲလျှင် လူငှားယောကျားလေး (၁၀) ဦးတို့ဖြင့် တစ်မနက်လျှင် ၂၅၀ဝကျပ်နှုန်း၊ တစ်နေကုန်လျှင် ၇၅၀ဝကျပ်နှုန်းဖြင့်ငှားရမ်းရကြောင်း၊  စိုက်ပျိုးပြီး ၁၅ရက်ကြာလျှင် ပိုးသတ်ဆေး၊ အားဆေး(၂)ကြိမ်ဖြန်းပေးရကြောင်း၊  စိုက်ပျိုးပြီး အပင်ပေါက် ၁လကျော်လျှင် ပိုးသတ်ဆေး၊ အပင်ဖြစ်ဆေးများကို ထပ်မံဆေးဖျန်းပေးခဲ့ရကြောင်း၊ မြေဆီဖိုး (၂၄၀၀၀၀) ကျပ်ကုန်ကျကြောင်း၊ မြေတစ်ဧကစိုက်ပျိုးလျှင် အပြီးအစီး (၆) သိန်းခန့်ကုန်ကျကြောင်း၊ ပြောင်းကို ရာသီမရွေးရေတင်စိုက်ပျိုးနိုင်သော်လည်း ဆောင်းရာသီ၌ စိုက်ပျိုးလျှင် အထွက်နှုန်းပိုမိုကောင်းမွန်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ နွေရာသီစိုက်လျှင် ရက်‌ပေါင်း(၁၁၀)ကြာပြီး ရေ ၅ခါတင်ပေးရကြောင်း၊ ဆောင်းရာသီစိုက်ပျိုးလျှင် ရက်ပေါင်း ၁၁၀မှ ၁၂၀ထိကြာပြီး ရေ ၃ခါတင်ပေးရကြောင်း၊ စတင်စိုက်ပျိုးချိန်မှာ စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ရိတ်သိမ်းရကြောင်း၊ ဆောင်းရာသီစိုက်ပျိုးလျှင် အမြတ်ပိုမိုထွက်ရှိကြောင်း၊ အဖူးရိတ်သိမ်းချိန်ရောက်လျှင် တစ်ဧကလျှင် လူငှားမိန်းကလေး၁၀ဦးတို့ကို တစ်မနက်လျှင် ၁၅၀ဝကျပ်နှုန်းဖြင့် ငှားရမ်း၍ အဖူးချိုးခဲ့ရကြောင်း ၊ယောကျားလေး(၁၀)ဦးငှားရမ်း၍ တစ်ဦးလျှင် အထမ်းအသယ် ၂၅၀ဝကျပ်ပေးရကြောင်း၊ အဖူးကို ချွေစက်ဖြင့်ချွေလှေ့ပြီး ချွေလှေ့ခ(၁)တင်းလျှင် ၅၀ဝကျပ်ပေးရပြီး ၁တင်းကို ၂၀ဝ၀၀ကျပ်ဖြင့်ရောင်းချရပါကြောင်း၊ ပြောင်းဖူး၁တင်းလျှင် ၁၈ပိဿာရှိပါကြောင်း၊ ဆောင်းရာသီ၌ တစ်ဧကအထွက်နှုန်းမှာ တင်း၈ဝထွက်ရှိပြီး နွေရာသီတွင် တင်း၅၀မှ ၆၀ ခန့်သာထွက်ရှိပါကြောင်း၊ ပြောင်းဖူးစေ့များကို ဒေသခံပွဲရုံးများသို့ရောင်းချခြင်း၊ မုံရွာပွဲရုံးများသို့ ကိုယ်တိုင်ကိုယ်ကျရောင်းချခြင်းရှိကြောင်း၊ တောင်သူအချို့မှာ ပြောင်းကို ၃/၄ဧကစိုက်ပျိုးလျက်ရှိကြပြီး တောင်သူတချို့မှာ တစ်နိုင်တစ်ပိုင် ၁ဧက/၂ဧကခန့်စိုက်ပျိုးလျက်ရှိကြောင်း၊ ပြောင်းသည် မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် ကြက်စာနှင့် ငုံးစာများအဖြစ် အများဆုံးအသုံးပြုကြကြောင်း၊ ပြောင်းအထွက်နှုန်းကောင်း၍ အောင်မြင်ဖြစ်ထွန်းလျှင် ပို၍ အမြတ်အစွန်းရရှိခဲ့ကြောင်း၊ ပြောင်းစိုက်ပျိုးသောဘုမ္မနိုးကျေးရွာရှိ တောင်သူတစ်ဦးထံမှ သိရှိခဲ့ရပါသည်။

DOCA(စစ်ကိုင်း)

နွေပဲတီစိမ်းများ လှိုင်လှိုင်ပေါ်၍ ဈေးအနည်းငယ်ကျဆင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များ ဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များပိုမိုခိုင်မာအားကောင်းလာစေခြင်းတို့အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

      ပဲတီစိမ်းမှာ ဧပြီလ၊ တတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဇွန်လ၊ ပထမအပတ်အထိဝင်ရောက်လျက်ရှိကြောင်း၊ ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ရွှေဘိုခရိုင်အတွင်းရှိ နွေသီးနှံစိုက်ပျိုးရန်အတွက် ဆည်ရေရရှိသည့်မြို့နယ်များအပြင် မူးမြစ်ဝှမ်းဒေသများမှ ပဲတီစိမ်းများဝင်ရောက်လျက်ရှိကြောင်း၊  ဇွန်လ၊ ပထမအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင် (၆၀၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၁၅၀၀) တင်း/ (၄၉) တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ ပဲတီစိမ်းများအရောင်းအဝယ်ဖြစ်မှုမရှိကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၆၃၃၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် တစ်တင်းလျှင် (၃၃၀ဝိ/-) ကျပ်ဈေးလျော့နည်းခဲ့ပြီး ဈေးနှုန်းလျော့နည်းသော်လည်း ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ဈေးနှုန်းအနည်ငယ်ကျဆင်းသော်လည်း ဝင်သမျှအရောင်းအဝယ်ဖြစ်သည့်နွေနှမ်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့်ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များပိုမိုခိုင်မာအားကောင်းလာစေခြင်းတို့အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကုန်စည်ဒိုင်များ၏သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။

     မေလ၊ စတုတ္ထအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ နွေနှမ်းများစတင်ဝင်ရောက်လာပြီး ဇွန်လ၊ ပထမအပတ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇွန်လ၊ ပထမအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းနက်တစ်တင်းလျှင် (၁၀၆၆၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၁၅၀၀)တင်း/(၄၉)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ နှမ်းနက်များအရောင်းအဝယ်ဖြစ်မှုမရှိကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ နှမ်းနက်တစ်တင်းလျှင် (၁၁၁၀၀ဝိ/) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် နှမ်းနက်တစ်တင်းလျှင် ယခုအပတ်တွင် ယခင်အပတ်အောက် (၄၄၀ဝိ/-) ကျပ်လျော့နည်းခဲ့ပြီး ကုန်သည်များအနေဖြင့် ယခုနှစ်တွင် ဝယ်ယူရသည့်ဈေးနှုန်းများသဖြင့် ဝင်ရောက်သမျှနှမ်းနက်များအား လက်ဝယ်သိုလှောင်ထားခြင်းမရှိဘဲ ဝယ်ရောင်းသာဆောင်ရွက်ကြကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ပိုးသတ်ဆေးဈေးနှုန်းများပြောင်းလဲမှုမရှိသော်လည်း ဓာတ်မြေဩဇာဈေးနှုန်းများအတက်/အကျရှိ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် ရွှေဘိုမြို့၌ ရောင်းချလျက်ရှိသောဓာတ်မြေဩဇာဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၃၃၀၀ဝိ/-) ကျပ်၊ MC တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၉၈၀၀ဝိ/-) ကျပ်၊ ဇာမဏီတံဆိပ် (၁၃:၅:၇)ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၆၀၇၀ဝိ/-) ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၉၈၀၀ဝိ/-) ကျပ်၊ ပန်းဖူးတံဆိပ် ဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၇၇၀၀ဝိ/-) ကျပ်ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ရှောင်လင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 1Liter တစ်ဘူးလျှင် (၁၅၅၀ဝိ/-) ကျပ်၊ ဒီမွန်1.8တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 500cc တစ်ဘူးလျှင် (၁၂၅၀ဝိ/-) ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 250cc တစ်ဘူးလျှင် (၂၈၅၀ဝိ/-) ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် 1Liter တစ်ဘူးလျှင် (၂၉၅၀ဝိ/-) ကျပ်၊ အင်ဖာနိုတံဆိပ် ပင်လုံးပြန့် 500g တစ်ဘူးလျှင် (၉၀၀ဝိ/) ကျပ်ဖြစ်ကြောင်း၊ ယခင်လ ကာလတူနှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၁၀၀ဝိ/-) ကျပ်၊ MC တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၂၇၀၀ဝိ/-) ကျပ်၊ ဇာမဏီတံဆိပ် (၁၃:၅:၇)ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၉၈၀ဝိ/) ကျပ်လျော့နည်းခဲ့ပြီး အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၂၄၅၀ဝိ/-) ကျပ်၊ ပန်းဖူးတံဆိပ် ဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၇၀၀ဝိ/-) ကျပ်မြင့်တက်ခဲ့ကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်သာရှိကြောင်း ဓာတ်မြေဩဇာအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများအခြေအနေ

    မုံရွာမြို့၊ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် ရွှေလိမ္မော်(၁)ပိဿာလျှင် ကျပ် (၇၀၀၀) မှ ကျပ် (၈၀၀၀) ကြား၊ ပျားလိမ္မော်(၁)ပိဿာလျှင် ကျပ် (၇၀၀၀) မှ ကျပ် (၉၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ် (၅၀၀၀) မှ ကျပ် (၇၀၀၀) ကြား၊ စတော်ဘယ်ရီ(၁)ပိဿာလျှင် ကျပ် (၇၅၀၀) မှ ကျပ် (၈၅၀၀) ကြား၊  ပန်းသစ်တော်(၁)လုံးလျှင် ကျပ် (၁၀၀၀) မှ ကျပ် (၁၅၀၀) ကြား၊ ပန်းသီး(၁)လုံးလျှင် ကျပ် (၇၀၀) မှ ကျပ် (၁၅၀၀) ကြား၊ ထောပတ်သီး(၁)လုံးလျှင် ကျပ် (၇၀၀) မှ ကျပ် (၁၅၀၀) ကြား၊ ကျွဲကောသီး(၁)လုံးလျှင် ကျပ် (၁၀၀၀) မှ ကျပ် (၁၅၀၀) ကြား၊ တယ်သီး(၁)လုံးလျှင် ကျပ် (၈၀၀) မှ ကျပ် (၁၀၀၀) ကြား၊ သခွားမွှေး(၁)လုံးလျှင် ကျပ် (၁၅၀၀) မှ ကျပ် (၃၅၀၀) ကြား၊ ဖရဲသီး(ကြီး)(၁)လုံးလျှင် ကျပ် (၂၀၀၀) မှ ကျပ် (၃၅၀၀) ကြား၊ ဖရဲသီး(သေး)(၁)လုံးလျှင် ကျပ် (၁၀၀၀) မှ ကျပ် (၂၅၀၀) ကြား၊ နာနတ်သီး(၁)လုံးလျှင် ကျပ် (၁၀၀၀) မှ ကျပ် (၁၅၀၀) ကြား၊ နှင်းသီး(၁)ပိဿာလျှင် ကျပ် (၅၀၀၀) မှ ကျပ် (၇၀၀၀) ကြား၊ နဂါးမောက်သီး(၁)လုံးလျှင် ကျပ် (၈၀၀) မှ ကျပ် (၁၅၀၀) ကြား၊ ငှက်ပျောသီးဖီးကြမ်းတစ်ဖီးလျှင် (၁၂၀၀) ကျပ်၊ ငှက်ပျောသီးမွှေးတစ်ဖီးလျှင် ကျပ် (၈၀၀) မှ ကျပ် (၁၅၀၀) ကြား၊ စပျစ်သီး(၁)ပိဿာလျှင် ကျပ် (၈၀၀၀) မှ ကျပ် (၁၂၀၀၀) ကြားဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

                                                         

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်း၏ဈေးနှုန်းဈေးကွက်

     မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသောပုစွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်တို့မှ ဝင်ရောက်နေကြောင်း သိရပါသည်။ ပုစွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့်ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

     ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ပထမအပတ်တွင် ရောင်းချနေသောဈေးနှုန်းများမှာ ပုစွန်ခြောက်(၁)ပိဿာလျှင် ကျပ် (၆၅၀၀၀) မှ ကျပ် (၈၅၀၀၀)၊ ငါးရံ့ခြောက်(၁) ပိဿာလျှင် ကျပ် (၅၅၀၀၀) မှ ကျပ် (၈၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ် (၁၆၀၀၀) မှ ကျပ် (၁၈၅၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ် (၁၅၀၀၀) မှ ကျပ် (၁၆၀၀၀)၊ အာဗြဲခြောက်(၁)ပိဿာလျှင် ကျပ် (၂၀၀၀၀) မှ ကျပ် (၂၂၀၀၀)၊ ငါးကျည်းခြောက်(၁)ပိဿာလျှင် ကျပ် (၃၅၀၀၀) မှ ကျပ် (၄၅၀၀၀)၊ ငါးနီတူးခြောက်(၁)ပိဿာလျှင် ကျပ် (၁၂၀၀၀) မှ ကျပ် (၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ် (၁၅၀၀၀) မှ ကျပ် (၁၇၅၀၀) ထိရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

                            

ဂေါ်ဖီထုပ်ဈေးနှုန်း/ဈေးကွက်အခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဘက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများတွင် အနည်းငယ်စိုက်ပျိုးသော်လည်း ယခုကာလသည် ဂေါ်ဖီစိုက်ပျိုးသည့်ကာလမဟုတ်သည့်အတွက်  ဈေးကွက်အတွင်း လိုအပ်သောဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်မှ  မှာယူရောင်းချကြရ၍ ဈေးကွက်အတွင်း ဂေါ်ဖီထုပ်ဈေးနှုန်းများတည်ငြိမ်နေကြောင်း၊ ယခင်၌ ဂေါ်ဖီထုပ်အကြီးတစ်ထုပ်လျှင် (၂၀၀၀) ကျပ်၊ အသေးတစ်ထုပ်လျှင် (၁၅၀၀) ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ကြောင်း၊ ယခုအခါတွင် ဂေါ်ဖီတစ်ထုပ်အကြီးတစ်ထုပ်လျှင် (၂၀၀၀) ကျပ်၊ အသေးတစ်ထုပ်လျှင် (၁၅၀၀) ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း မုံရွာမြို့၊ ကန်သာယာဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း