ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဝက်လက်မြို့နယ်၏ ဇွန်လ၊ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန် ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၏ ဇွန်လ၊ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် (၂၉၀၀၀၀ဝိ/-) ကျပ်၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၉၅၀၀ဝိ/-)ကျပ်၊  ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၂၂၀၀၀၀ဝိ/-)ကျပ်၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၉၃၀၀ဝိ/-) ကျပ်ရှိကြောင်း၊ ယခင်အပတ်၌ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် (၂၉၀၀၀၀ဝိ/-) ကျပ်၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁) အိတ်လျှင်(၉၅၀၀ဝိ/-)ကျပ်၊  ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀) လျှင် (၂၂၀၀၀၀ဝိ/-)ကျပ် ၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၉၂၀၀ဝိ/-) ကျပ် ရှိခဲ့ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ် စပါး/ဆန်ဈေးနှုန်း နှိုင်းယှဉ်လျှင် ယခုအပတ်၌ ရွှေဘိုပေါ်ဆန်းစပါး၊ ဆန်ဈေးနှုန်းနှင့် ဧရာမင်းစပါးဈေးနှုန်းမှာ ဈေးနှုန်းအတက်အကျမရှိဘဲ တည်ငြိမ်လျက်ရှိပြီး ဧရာမင်း ဆန်(၁)အိတ်လျှင် (၁၀၀ဝိ/-) ကျပ်မြင့်တက်လျက်ရှိကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်နှင့် ချိတ်ဆက် မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

လာရောက်ဝယ်ယူသူများအပြင် Online ဈေးကွက်တွင်ကျယ်လာသည့် ရွှေဘိုသနပ်ခါး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်အနေဖြင့် သနပ်ခါးကို စီးပွားဖြစ်စိုက်ပျိုးမှုနည်းပါးသော်လည်း သနပ်ခါးဈေးကွက်တွင် ရွှေဘို သနပ်ခါးဟူ၍ နာမည်ကျော်ကြားလျက်ရှိသည့် သနပ်ခါး ဈေးနှုန်း၊ ဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှု အခြေအနေများကို သိရှိနိုင်ရန် ရွှေဘိုမြို့ရှိ သနပ်ခါးကုန်ကြမ်းနှင့် ကုန်ချော ရောင်းချသည့်လုပ်ငန်းရှင်အား ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ရွှေဘိုမြို့ရှိ သမိုင်းဝင်ရွှေတန်ဆာဘုရား၏ တောင်ဘက် စောင်းတန်းတွင် ရွှေဘိုသနပ်ခါးကို အမှတ်တံဆိပ်အမျိုးမျိုးရိုက်နှိပ်၍ တစ်စုတစ်ဝေးတည်းရောင်းချကြပါသည်။ အဆိုပါ ဘုရားစောင်းတန်း၌ နေ့စဉ်နံနက်(၆:၀၀)နာရီအချိန်မှ ညနေ(၁၇:၀၀)နာရီ အချိန်ထိရောင်းချကြပြီး သနပ်ခါးဆိုင်ခန်းပေါင်း (၄၇)ခန်းရှိသော်လည်း လက်ရှိအချိန်တွင် (၂၅)ခန်းရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

   ရွှေဘိုမြို့၊ ရွှေတန်ဆာသနပ်ခါးတန်းတွင်ရောင်းချသည့် သနပ်ခါးများကို မုံရွာခရိုင်၊ အရာတော်မြို့ နယ်မှ အဓိကထား၍ဝယ်ယူရပြီး ကန့်ဘလူခရိုင်အတွင်းရှိကျေးရွာများနှင့် ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဝယ်ယူရရှိကြောင်း သိရှိရပါသည်။ သနပ်ခါးများကို ယခင်နည်းတူ ပွဲစားများမှ တစ်ဆင့် ချိတ်ဆက်ဝယ်ယူရကြောင်း၊ သနပ်ခါးအပွေးပေါ်မူတည်၍ ခြံပြတ်ဈေးဖြင့်ဝယ်ယူရကြောင်း၊ ဝယ်ယူပြီးသနပ်ခါးများကို ဝယ်ယူသူမှ သနပ်ခါးပင်တူးခ၊ ကိုင်းဖြတ်ခနှင့် ကားဖြင့်သယ်ယူ ပို့ဆောင်ခများ အပြင် သနပ်ခါးအရိုင်းပင်ကို ဈေးကွက်တွင်ရောင်းပန်းလှစေရန် အရိုင်းပင်ရေဆေးခများ ကုန်ကျခံရ ကြောင်း၊ လုပ်သားခအနေဖြင့် အပင်တူးခတစ်ဦးလျှင် စရိတ်ငြိမ်းတစ်ရက် (၁၀၀၀ဝိ/-) ကျပ်ဖြင့်လည်းကောင်း၊ အရိုင်းပင်ရေဆေးခအနေဖြင့် တစ်ပင်လျှင် (၃၀ဝိ/-)ဖြင့်လည်းကောင်း၊ အပင်ဖြတ်ခ(စက်ဖြင့်)အနေဖြင့် တစ်ပင်လျှင် (၂၀ဝိ/-)ကျပ်မှ (၂၅ဝိ/-)ကျပ်ဖြင့်လည်းကောင်း ငှားရမ်းကြရကြောင်း၊ ကားသယ်ခအနေဖြင့် အရာတော်မြို့နယ်မှဝယ်ယူပါက အပင်(၅၀၀)လျှင် (၈၀၀၀ဝိ/-)ဖြင့် ကားကြုံတင်၍ရသော်လည်း ကန့်ဘလူခရိုင်မှဝယ်ယူပါက ကားကြုံမရှိသဖြင့် တင်မည့်သနပ်ခါးချောင်း နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ SKART ကားအပြတ်ငှားရမ်းရကြောင်း၊ တစ်စီးလျှင် တစ်သိန်းခွဲပေးရကြောင်း သိရှိရပါသည်။

   ရွှေဘိုမြို့ ရွှေတန်ဆာသနပ်ခါးတန်းတွင် စိန်မင်းမျိုးနှင့် နှစ်ရှည်မျိုးတို့ကို ရောင်းချကြပြီး စိန်မင်းမျိုးသည် ဈေးပိုရကြောင်း သိရှိရပါသည်။ ရောင်းချရာတွင် သနပ်ခါးအပွေးပေါ်မူတည်၍ တစ်တုံးလျှင်(၂၀ဝိ/-) ကျပ်မှ (၃၅၀ဝိ/-)ကျပ်ထိ ရောင်းဈေးရှိကြောင်း၊ အပင်ဖြတ်များကို အချောင်းလိုက်ရောင်းချပါက တစ်ချောင်းလျှင် (၇၀၀ဝိ/-)ကျပ်မှ (၂၅၀၀ဝိ/-)ကျပ်ထိ ရောင်းဈေးရှိပြီး တစ်ချောင်းလျှင် (၁၀)ဖြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ယခင်ကလာရောက်ဝယ်ယူသူများသော်လည်း ယခုအချိန်တွင် Online မှရောင်းချရမှုမှာ များပြားကြောင်း၊ Online ဈေးကွက်အနေဖြင့် ရန်ကုန်နှင့် ဧရာဝတီဘက်မှ အဝယ်များကြောင်း၊  မြို့ပေါ်နှင့်အနီးဝန်ကျင်မှလည်း အဝယ်ရှိကြောင်း၊  အနယ်နယ်အရပ်ရပ်သို့ ခရီးသွားသူများမှလည်း ရောင်းချရန်နှင့် အမှတ်တရ လက်ဆောင်ပေးရန်အတွက် ဝယ်ယူသည်များလည်း အနည်းငယ်ရှိကြောင်း သိရှိရသည်။ သနပ်ခါးတန်းတွင် ပုံမှန်ရောင်းချသည့် ဈေးသည်အရေအတွက် နည်းပါးရခြင်းမှာ ခေတ်အခြေအနေအရ ယခင်ကထက်ကိုယ်တိုင်ဝယ်ယူသည့်သူ နည်းပါးပြီး Online ဈေးကွက်တွင်ကျယ်လာသည်နှင့်အမျှ ရောင်းချသည့်ဆိုင်ခန်းထက် နေရာကျယ်ဝန်းသည့်အိမ်တွင် ထုတ်ပိုးခြင်များဆောင်ရွက်၍ Online မှ မှာယူသည်များကို ပေးပို့ရခြင်းကြောင့်ဖြစ်ကြောင်း၊ သနပ်ခါးကို ကုန်ကြမ်းအနေဖြင့် ရောင်းချသည့်အပြင် အသင့်လိမ်းနိုင်သည့် စက်သွေးသနပ်ခါးခဲ၊ လက်သွေးသနပ်ခါးခဲ၊ သနပ်ခါးအမြစ်မှုန့်၊ သနပ်ခါး အပွေးမှုန့်များကို ကုန်ချောအဖြစ်ထုတ်လုပ် ရောင်းချကြကြောင်း၊ ဆိုင်သို့လာရောက်ဖွင့်လှစ်ခြင်းမရှိဘဲ အိမ်တွင် Onlineဖြင့် ရောင်းချခြင်းများပြုလုပ်နေသော်လည်း မိမိယူထားသည့်ဆိုင်ခန်းနေရာအတွက် ဆိုင်ခန်းခကို ရွှေတန်ဆာဘုရား ရွှေချရန်အတွက် လစဉ်ကုသိုလ်ရစေရန်အတွက် သတ်မှတ်နှုန်းထားအတိုင်း လှူဒါန်းကြကြောင်း သိရှိရပါသည်။

  ရွှေဘိုသနပ်ခါးအနေဖြင့် အချိန်အခါကိုလိုက်ပြီး Online ဈေးကွက်တွင်ကျယ်လာသော်လည်း ယခင်နှစ်ထက် ရောင်းအားအနည်းငယ်ကျသဖြင့် Online ဈေးကွက်အပြင် ကိုယ်တိုင်ဝယ်ယူသည်များလည်း ယခင်ကကဲ့သို့ ပုံမှန်အရောင်းအဝယ်ဖြစ်ရန် မျှော်လင့်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ဆက်လက်မြင့်တက်လာသောချင်းဈေးနှုန်း

   ကယားပြည်နယ်တွင် ချင်းကို လွိုင်ကော်မြို့နယ်ရှိ ကုန်းသာကျေးရွာနှင့် ကယားပြည်နယ်၏ အနောက်ပိုင်းတွင်ရှိသော လွိုင်နန်းဖကျေးရွာ၊ ပန်ပက်ကျေးရွာ၊ လိုဘာခိုကျေးရွာ၊ ဒေါရောက်ခူကျေးရွာတို့မှ အဓိကစိုက်ပျိုးလျက်ရှိပြီး ရှမ်းပြည်နယ်ရှိ ပင်လောင်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်မြို့၊ ဖယ်ခုံမြို့နယ်တို့မှလည်း မှာယူတင်သွင်းရောင်းချလျက်ရှိပါသည်။

    ချင်းကို ဟင်းခတ်အမွေးအကြိုင်အဖြစ် ရိုးရာအစားအစာများ၊ ဟင်းလျာများတွင် အသုံးများသဖြင့် ပြည်နယ်အတွင်း စားသုံးမှုများပါသည်။ ယခု ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် ဈေးကွက်အတွင်း၌ ချင်းတစ်ပိဿာလျှင် (၄၅၀၀) ကျပ်နှင့် (၅၀၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင် မေလ၊ ဒုတိယအပတ်တွင် ချင်းတစ်ပိဿာလျှင် (၄၀၀၀) ကျပ်ခန့်သာရှိခဲ့ပြီး ယခု ဇွန်လ၊ ဒုတိယအပတ်နှင့် ယခင် မေလ၊ ဒုတိယအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် ချင်းတစ်ပိဿာလျှင် (၅၀၀) ကျပ်မှ (၁၀၀၀) ကျပ်ခန့်ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ချင်းစိုက်တောင်သူများမှာ စိုက်ဧကအနည်းငယ်သာစိုက်ပျိုးနိုင်ပြီး ထုတ်လုပ်နိုင်မှုလျော့နည်းလာခြင်းကြောင့်ဖြစ်သည်ဟု သီရိမင်္ဂလာဈေးရှိ ချင်းရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)

ကန့်ဘလူမြို့၏ ဇွန်လ၊ ဒုတိယပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူ မြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အ ကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံ ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီး တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာ လျှင် (၉၀၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ် တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဂျောင်း တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးမြင်းခုတ်သား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပုစွန်ဆိတ် တစ်ပိဿာလျှင် (၇၀၀၀)ကျပ်နှင့် ပုစွန်ထုပ် တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ငါးဈေးနှုန်းများအား ယခင်ဇွန်လ ပထမပတ်နှင့်နှိုင်းယှဉ်ပါက ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၅၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီး တစ်ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းကျဆင်းပြီး အခြားငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိ ငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရာသီစာအင်ဥများ ဈေးကောင်းလျက်ရှိ

    မိုးဦးကျကာလများတွင် အင်ဥမှာ ရာသီစာတစ်ခုဖြစ်သော ဟင်းစာတစ်မျိုးဖြစ်ပါသည်။ အင်ဥသည် မိုးဦးကျကာလများတွင် ကြွေကျနေသော အင်ရွက်များမှ မိုးရေနှင့်ထိတွေ့သောအခါ ဖြစ်ပေါ်လာသော မြေဆွေးများမှ ပေါက်လာသော မြေအောင်းမှို အမျိုးအစားတစ်မျိုးဖြစ်ပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် အင်ဥများကို ကသာမြို့၊ ကောလင်းမြို့၊ ကလေးမြို့၊ မင်းကင်းမြို့များမှ ဝင်ရောက်လျှက်ရှိပြီး မုံရွာမြို့ပေါ်ရှိ သီရိရတနာဈေး၊ ညောင်တပင်ဈေးနှင့် ကန်သာယာဈေးများတွင် မိုးရာသီ၌ အင်ဥများရောင်းချလေ့ရှိပါသည်။ ပေါ်ဦးပေါ်ဖျား အင်ဥဈေး နှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀၀-၁၀၀၀၀ဝ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပြီး ၂၀၂၃ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀၀-၆၀၀၀၀ နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

     အင်ဥတွင် Protein ၊ Amino acid ၊ Calcium Antioxidants ၊ Vitamin – B ၊ Vitamin – D ၊ Potassium ၊ Copper နှင့် Selenium တို့ ကြွယ်ဝစွာ ပါဝင်ပါသည်။ ထို့ပြင် Fiber နှင့် Iron ဓါတ်လည်း ပါဝင်ကြပါသည်။ အင်ဥသည် တစ်နှစ်ပတ်လုံးတွင် တစ်ကြိမ်တည်းသာ တွေ့ရှိရပြီး ရက်အတိအကျမသိနိုင်ဘဲ ယေဘုယျအားဖြင့် မိုးမှန်စပြုချိန်တွင် တွေ့ရလေ့ရှိကြောင်း သိရပါသည်။ အင်ဥ ပေါ်ဦးပေါ်ဖျားချိန်တွင် ဈေးအလွန်ကောင်းပြီး ရာသီစာအဖြစ် စားသုံးသူများနှစ်ခြိုက်စွာ ဝယ်ယူစားသုံးမှုများကြောင်း သိရသည်။     

DOCA(စစ်ကိုင်း)

    

                                                                            

မြင့်တက်လာသောပဲဆီဈေးနှုန်း

     ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်အတွင်း စားသုံးဆီဈေးနှုန်းများမှာ ပဲဆီလက်ကားတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၇၀၀၀) ကျပ်၊ နှမ်းဆီလက်ကားတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ နေကြာဆီလက်ကားတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၄၅၀၀) ကျပ်နှင့် စားအုန်းဆီလက်ကားတစ်ပိဿာလျှင် (၈၇၀၀) ကျပ်နှင့် လက်လီတစ်ပိဿာလျှင် (၈၈၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ယခင်မေလ၊ ဒုတိယအပတ်တွင် ပဲဆီဈေးနှုန်းမှာ လက်ကားတစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ နှမ်းဆီဈေးနှုန်းမှာ လက်ကားတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ နေကြာဆီဈေးနှုန်းမှာ လက်ကားတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၄၅၀၀) ကျပ်နှင့် စားအုန်းဆီဈေးနှုန်းမှာ လက်ကားတစ်ပိဿာလျှင် (၈၇၀၀) ကျပ်နှင့် လက်လီတစ်ပိဿာလျှင် (၈၈၀၀) ကျပ်တို့ဖြစ်ခဲ့ပြီး  ယခုဇွန်လ၊ ဒုတိယအပတ်နှင့် ယခင်မေလ၊ ဒုတိယအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်လျှင် ပဲဆီလက်လီတစ်ပိဿာလျှင် (၃၀၀၀) ကျပ်နှင့် လက်ကားတစ်ပိဿာလျှင် (၂၅၀၀) ကျပ်ခန့်မြင့်တက်လာခဲ့ပြီး ကျန်စားသုံးဆီဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်တစ်ဆိုင်ထံမှ သိရှိရပါသည်။

DOCA(ကယား)

မြို့မစည်ပင်သာယာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

   ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(အကြွပ်)ရိုးရိုး (၁)လုံးလျှင် (၁၀၀၀ မှ ၁၅၀၀)ကျပ်၊ ပန်းသီး(အကြွပ်) ပိုက်စွပ် (၁)လုံးလျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်၊  စပျစ်သီး (အလုံးသေး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ပန်းသစ်တော် သီး (၁)လုံးလျှင် (၃၀၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၀၀၀)ကျပ်၊ ခွန်စိမ်းရိုးရိုး (၁) ဖီးလျှင် (၁၂၀၀ မှ ၁၅၀၀)ကျပ်၊ မြစ်ကြီးနားမှထွက်ရှိသော ခွန်စိမ်းငှက်ပျောသီး (၁)ဖီးလျှင် (၂၀၀၀ မှ ၂၅၀၀) ကျပ်၊ ဖရဲသီး (၁)လုံးလျှင် (၂၅၀၀ မှ ၃၀၀၀)ကျပ်၊ စိန်တစ်လုံးသရက်သီး (၁)လုံးလျှင် (၃၀၀ မှ ၅၀၀)ကျပ်၊ ၊ ပတ္တမြားငမောက်သရက်သီး (၁)လုံးလျှင် (၅၀၀ မှ ၇၀၀)ကျပ်၊ နာနတ်သီး (၁)လုံးလျှင် (၈၀၀)ကျပ်၊ မာလကာသီး (၁)လုံးလျှင် (၃၀၀ မှ ၅၀၀)ကျပ်၊ သင်္ဘောသီး (၁)လုံးလျှင် (၂၀၀၀)ကျပ်၊ လိမ္မော်သီး (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချသောသစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ရွှေဘိုခရိုင်အတွင်း စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် စပါး/ဆန်ဈေးနှုန်းများမှာ မြင့်တက်လာပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ (ပထမပတ်)တွင်  ရန်ကုန်သို့ အိတ်ရေ(၂၀၀၀၀)အိတ်၊ မန္တလေးသို့ အိတ်ရေ(၂၃၃၇၀)အိတ်၊ နေပြည်တော်သို့ အိတ်ရေ (၇၅၀၀)အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ(၅၅၀၀)အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ (၆၀၀၀)အိတ်၊ ပခုက္ကူသို့ အိတ်ရေ (၃၀)အိတ်၊ စုစုပေါင်းအိတ်ရေ (၆၂၄၀၀)အိတ်၊ တန်အားဖြင့် (၃၁၂၀)တန် စီးထွက်ခဲ့ပါသည်။ မေလ(လကုန်ပတ်)၌ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ(၂၃၀၀၀)အိတ်၊ မန္တလေးသို့ အိတ်ရေ(၂၃၃၇၀)အိတ်၊ နေပြည်တော်သို့ အိတ်ရေ (၉၀၀၀)အိတ်၊ ရှမ်း(တောင်)သို့ အိတ်ရေ(၇၅၀၀)အိတ်၊ ရှမ်း(မြောက်)သို့ အိတ်ရေ (၇၅၀၀)အိတ်၊ ပခုက္ကူသို့ အိတ်ရေ (၃၀)အိတ်၊ စုစုပေါင်းအိတ်ရေ (၇၀၄၀၀)အိတ်၊ တန်အားဖြင့် (၃၅၂၀) တန်စီးထွက်ခဲ့သည့်အတွက် မေလ (လကုန်ပတ်)နှင့် နှိုင်းယှဉ်လျှင် ဇွန်လ(ပထမပတ်)အတွင်း အိတ်ရေ (၈၀၀၀)အိတ်၊ တန်အားဖြင့် (၄၀၀) တန်လျော့၍ စီးထွက်ခဲ့ပါသည်။   

    ရွှေဘိုမြို့၏ ဇွန်လ(ပထမပတ်)တွင် ဖြစ်ပေါ်နေသောစပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)လျှင် (၂၉၀၀၀၀ဝိ/-)ကျပ်ရှိပြီး ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါ (၁)အိတ်လျှင် (၉၃၀၀ဝိ/-)ကျပ်၊ ဧရာမင်းစပါးတင်း(၁၀၀)လျှင် (၂၂၀၀၀၀ဝိ/-)ကျပ်၊ ဧရာမင်းဆန် ၂၄ပြည်ပါ (၁)အိတ်လျှင် (၉၂၀၀ဝိ/-) ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့ပေါ်၌ ဇွန်လ(ပထမပတ်)တွင် ဖြစ်ပေါ်ခဲ့သော စားအုန်းဆီဈေးနှုန်းများ

    ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကားရောင်းချသောဆိုင်(၁၂)ဆိုင်ရှိပြီး ၂၀၂၃ခုနှစ်၊ ဇွန်လ (ပထမပတ်)တွင် ဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် (၆၃၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်နှင့် နှမ်းဆီသန့် တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မေလ (လကုန်ပတ်)တွင် စားအုန်းဆီ တစ်ပိဿာလျှင် (၆၂၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်နှင့် နှမ်းဆီသန့် တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သဖြင့် မေလ(လကုန်ပတ်)နှင့် ဇွန်လ (ပထမပတ်) ဈေးနှုန်းတို့ကို နှိုင်းယှဉ်ကြည့်ပါက ပဲဆီသန့်နှင့် နှမ်းဆီသန့် တစ်ပိဿာဈေးနှုန်းမှာ မေလ(လကုန်ပတ်)နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၁၀၀)ကျပ် မြင့်တက်လျက်ရှိကြောင်း စားသုံးဆီလက်ကားဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း